နှလုံးနဲ့ ဆက်ထားသလို
သုံးစက္ကန့်လောက်နဲ့ ဆက်သွယ်မိတယ်။
**ကမ္ဘာကြီးဟာ
အနီးကလေး
ခရီးမဝေးတော့ပါဘူး။
**ဒါပေမယ့်
မင်းနဲ့ငါကတော့
သတင်းမီဒီယာတွေ
ကမ္ဘာကို ဘယ်လောက်မိုင်နှုန်းနဲ့
ကျဉ်းသွားအောင် ဘယ်လောက်ချုံ့ချုံ့
မြေကြောလေကြော ဘယ်လောက် ရှုံ့ရှုံ့
အတုံ့အပြန်မရ ငုံ့ခံရ
အဝေးတကာ့ အဝေးကြီးမှာ။
**နားလည်မှုမရ
ဆက်သွယ်မှု မရ
အချက်ပြတိုင်း ဝေးရမှာချည်းပဲ။
**ဝေးတိုင်းလဲ ဆွေးသမို့
အဆွေးသမိုင်းပဲ ရေးရဦးမှာပဲ…။ ။
*** တင်မိုး ***
(၅-ဖေဖော်ဝါရီ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း)
**ဖုန်းနဲ့ ဖက်စ်
နှလုံးနဲ့ ဆက်ထားသလို
သုံးစက္ကန့်လောက်နဲ့ ဆက်သွယ်မိတယ်။
**ကမ္ဘာကြီးဟာ
အနီးကလေး
ခရီးမဝေးတော့ပါဘူး။
**ဒါပေမယ့်
မင်းနဲ့ငါကတော့
သတင်းမီဒီယာတွေ
ကမ္ဘာကို ဘယ်လောက်မိုင်နှုန်းနဲ့
ကျဉ်းသွားအောင် ဘယ်လောက်ချုံ့ချုံ့
မြေကြောလေကြော ဘယ်လောက် ရှုံ့ရှုံ့
အတုံ့အပြန်မရ ငုံ့ခံရ
အဝေးတကာ့ အဝေးကြီးမှာ။
**နားလည်မှုမရ
ဆက်သွယ်မှု မရ
အချက်ပြတိုင်း ဝေးရမှာချည်းပဲ။
**ဝေးတိုင်းလဲ ဆွေးသမို့
အဆွေးသမိုင်းပဲ ရေးရဦးမှာပဲ…။ ။
*** တင်မိုး ***
(၅-ဖေဖော်ဝါရီ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း)


No comments:
Post a Comment