နှလုံးသားမှာ စွဲငြိခဲ့ဖူးတဲ့
အချစ်ဦး တေးသံကြောင့်
လွမ်းလက်ကျန် ပန်းတစ်ပွင့်
နင့်ခနဲ ပွင့်ခဲ့ပြီ…..။
**အခုအခါမှာတော့
ကရုဏာသာ အစဉ်ပွား
သနားစိတ် ရင်မှာငြိ
မိမိဘ၀ သူ့ဘဝ
အဖြစ်က တခြားစီ…..။
**ဘ၀မှာ ကသီကရီ
မပီလေတော့တဲ့ ပုံလွှာများ
ပျိုးကြဲတိုင်း မျိုးမအောင်
ထောင်ခဲ့သမျှ လဲလို့ကျ
မှန်းသမျှ မအောင်မြင်
အလွမ်းစ သောင်ပြင်၌
နေ၀င်ချိန် အတန်နီးသော်မှ
စီးကျတဲ့ မျက်ရည်သုတ်
ကြောက်ရုပ်နဲ့ နောက်ဆုတ်
သစ်ငှတ်လို ခုတ်တိုင်းခံ
မာန်ပြေ ရန်တွေ စဲခါမှ
ကိုယ့်မျက်ရည် ပါးဆီမ၀ဲပါစေနဲ့
သူလဲဒဏ်ရာ ကိုယ်လဲဒဏ်ရာနဲ့
အကြင်နာ ရင်မှာဖြစ်ချေပေါ့
ငယ်ချစ်ကို ကိုယ်မတမ်းပေမယ့်
လွမ်းလက်ကျန် တစ်ပွင့်ပန်းကိုဖြင့်
လှမ်းဆွတ်မိသား…….။ ။
*** တင်မိုး ***
(၈- ဖေဖော်ဝါရီ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)
**ငယ်ငယ်တုန်းက
နှလုံးသားမှာ စွဲငြိခဲ့ဖူးတဲ့
အချစ်ဦး တေးသံကြောင့်
လွမ်းလက်ကျန် ပန်းတစ်ပွင့်
နင့်ခနဲ ပွင့်ခဲ့ပြီ…..။
**အခုအခါမှာတော့
ကရုဏာသာ အစဉ်ပွား
သနားစိတ် ရင်မှာငြိ
မိမိဘ၀ သူ့ဘဝ
အဖြစ်က တခြားစီ…..။
**ဘ၀မှာ ကသီကရီ
မပီလေတော့တဲ့ ပုံလွှာများ
ပျိုးကြဲတိုင်း မျိုးမအောင်
ထောင်ခဲ့သမျှ လဲလို့ကျ
မှန်းသမျှ မအောင်မြင်
အလွမ်းစ သောင်ပြင်၌
နေ၀င်ချိန် အတန်နီးသော်မှ
စီးကျတဲ့ မျက်ရည်သုတ်
ကြောက်ရုပ်နဲ့ နောက်ဆုတ်
သစ်ငှတ်လို ခုတ်တိုင်းခံ
မာန်ပြေ ရန်တွေ စဲခါမှ
ကိုယ့်မျက်ရည် ပါးဆီမ၀ဲပါစေနဲ့
သူလဲဒဏ်ရာ ကိုယ်လဲဒဏ်ရာနဲ့
အကြင်နာ ရင်မှာဖြစ်ချေပေါ့
ငယ်ချစ်ကို ကိုယ်မတမ်းပေမယ့်
လွမ်းလက်ကျန် တစ်ပွင့်ပန်းကိုဖြင့်
လှမ်းဆွတ်မိသား…….။ ။
*** တင်မိုး ***
(၈- ဖေဖော်ဝါရီ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)
No comments:
Post a Comment