(ဆန်ဖရန်စစ္စကို၊ မတ်လ ၂၆-ရက်)
ပလတ်စတစ်ရေဘူး ၁၂၀၀၀ ဖြင့်ပြုလုပ်ထားသည့် ရွက်သင်္ဘောငယ်တစ်စင်းသည် ကမ္ဘာ့သမုဒ္ဒရာများ အတွင်း ညစ်ညမ်းမှုများဖြစ်ပေါ်နေခြင်းကို သတိပေး နှိုးဆော်ရန် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ မတ်လ ၂၀-ရက်နေ့က ထွက်ခွာသွားခဲ့သည်။ အဆိုပါ ပလတ်စတစ် ရွက်သင်္ဘောငယ်ပေါ်တွင် သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဒေးဗစ်ဒီရော့ချိုင်းနှင့် အဖွဲ့ဝင်လေးဦးတို့ လိုပ်ပါသွားကြသည်။ ၄င်းတို့ သည် သမုဒ္ဒရာများအတွင်း သုံးလကြာ စွန့်စားသွားလာကြမည်ဖြစ်သည်။ ယင်းခရီးစဉ်သည် ရေမိုင်အားဖြင့် မိုင် ၁၁၀၀၀ ခန့် ရှိမည်ဟုဆိုသည်။ (အင်တာနက်)
*** ဒုတိယမြောက် အေ၀က်စက်လေယာဉ်တစ်စင်း အိန္ဒိယရရှိ ***
လေကြောင်းသတိပေးစနစ်နှင့် ထိန်းချုပ်ရေးစနစ်များပါရှိသည့် အေ၀က်စ်စစ်ဘက်လေယာဉ်တစ်စင်းကို အစ္စရေးနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အိန္ဒိယစစ်ဘက်က မတ်လ ၂၆-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်း ကျဆင်း ***
ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းများကျဆင်းလျက်ရှိရာ တရုတ်ရွှေဈေးကွက်တွင် မတ်လ ၂၆-ရက်နေ့ဈေးပိတ်ချိန်၌ မေရိကန်ဒေါ်လာ ၁၀၉၂ ဒသမ ၃၁ ဒေါ်လာသာရှိခဲ့သည်ဟု တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်း ကျဆင်း ***
ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်းများ ကျဆင်းလျက်ရှိရာ အမေရိကန်နယူးယောက်မြို့ဈေးကွက်တွင် မတ်လ ၂၆-ရက်နေ့က ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၅၃ ဒေါ်လာသာ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အင်ဒိုနီးရှား အနောက်ဂျာဗား၌ ရေလွှမ်းမှု ဖြစ်ပွား ***
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မတ်လ ၂၆-ရက်နေ့က ရေလွှမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၅၀၀၀ ခန့် ရေလွှမ်းခံရပြီး ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသည်ဟု အင်ဒိုနီးရှားအရာရှိက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်သည် ***
*** ပလတ်စတစ်ရေဘူး ၁၂၀၀၀ နှင့် ရွက်သင်္ဘော ***

No comments:
Post a Comment