သင်္ကြန်အကျ နံနက်ခင်း အခါသမယ စာရေးသူ ကဗျာကျော်ပဂေး၊ မဟာဇော်မကွေးမှာ၊ ဒကာမပေါ်သေးသဖြင့်၊ ဘယာကျော်လေးတခုသော်မှ လျှာပေါ်မလွေးရခင်၊ မနှေးအမြန် ရောက်လာသူက၊ အသက် နှစ်ဆယ်ဝန်းကျင်လောက် လူငယ်တစ်ယောက်၊ စက်ဘီးလေးဒေါက်ထောက်ရပ်ပြီး ကျွန်ုပ်စာရေးစားပွဲနားလာရပ်၏။
`ဆရာကြီး ဦး………….. ဆိုတာ ဆရာလား´ ဟု မေး၏။
ကျွန်ုပ်က `ရင်ဆိုင်တွေ့ရတာများ မေးနေရသေးလား ကိုယ့်လူရာ၊ ပြည်သူ့အသဲကြော်၊ အဆုတ်ကြော်၊ လက်ဖျံရိုးကြော်၊ မဟာဇော် ဆိုတာ ငါပေါ့ကွ´ဟု ကျွန်ုပ်က ခတ်ရွှတ်ရွှတ်လေး ဖြေလိုက်ရာ လူငယ်မှာ သဘောကျသွားပုံရ၏။ သူ့မျက်နှာမှာ ၀င်လာခါစလို မှုံတေတေမဟုတ် အနည်းငယ် ပြုံးလာ၏။
`ကိုယ့်လူက ဘယ်ကတုန်း တခါမှလဲ မမြင်ဘူးဘူး။ လာတဲ့ ကိစ္စကကော´ဟု ကျွန်ုပ်က မေးလိုက်ရာ။
`အမိုးနီစက်ရုံက ပါဆရာ။ နာမည်က ၀င်းအောင် လို့ ခေါ်ပါတယ်´ဟု ဖြေ၏။
လာရင်းကိစ္စကတော့ ဆရာ့ဆီ အကူအညီတောင်းချင်လို့ပါတဲ့။ ဟိုက်ရှားလပတ်ရည်
`ဘာအကူအညီများတုန်းကွာ၊ သင်္ကြန်ကာလကြီးမှာ ဘာများကူညီပေးရမှာတုန်း၊ ငါတောင် အကူအညီတွေအများကြီးလိုနေတာ၊ ခုတောင် သမ္မတ အိုဘားမားဆီ (Email)ပို့ပြီး ဈေးသုံးပြတ်နေတာ အကူအညီတောင်းမလို့´ ဆိုတော့
`တကယ်ပြောတာပါ ဆရာ၊ ကျနော့် ရင်ထဲမှာ ပြည့်ကျပ်နေပါတယ်။ အိပ်လို့လဲ မရဘူး။ စားလို့လဲမရဘူး´တဲ့။
`ဟာ ဒါဆိုဒုက္ခဘဲ မင်းကျောင်းသားဆေးခန်းကို မြန်မြန်သာသွားတော့ ကိုယ့်လူ´ လို့ ကျွန်ုပ်က ခပ်တိုတိုပင် ပြောချလိုက်မိ၏။
လူငယ်မှာ ကျွန်ုပ်အား တောင်းပန် အသနားခံသည့်လေသံလေးနှင့် ပြောပြန်သည်။
`တကယ်ပါ ဆရာ၊ အမှန်ကို ကျနော်ပြောပါ့မယ်။ ကျနော့်မှာ အလွန်ချစ်ရတဲ့ ရည်းစား တစ်ယောက်ရှိပါတယ်။ ကျနော်တို့ နှစ်ဦး ကြိုက်နေတာ (၂)နှစ်ကျော်ပါပြီ။ ယူဘို့တောင် တိုင်ပင်ပြီးသားပါ။ ခုတော့ သူက ကျနော့်ကို စိတ်ပြောင်းသွားပြီး၊ အတွေ့လည်းမခံ၊ အဆက်အသွယ်လည်းမလုပ်၊ ကျနော့်ကို အသိမပေးဘဲ။ တီကေစက်ရုံကို ပြောင်းသွားပါတယ် ဆရာ။ ကျနော်ဖုန်းဆက်တာလဲ ဖုန်းကို မကိုင်ဘူး။ အဲဒါ ဘယ်လိုလုပ်ရမလဲ ဆရာ။ ကယ်ပါ ဆရာရယ်။´ လို့ ပြောတော့၏။
`ဟေ့ကောင်။ ကယ်ပါဆိုတာ သူတောင်းစားကိုခေါ်တာ……..။ ငါကယ်ပါ မဟုတ်ဘူး´လို့ပြောတော့။
`ဒီသဘောမျိုးပြောတာ မဟုတ်ပါဘူး ဆရာ၊ ကျနော့်ဘ၀ကို ကယ်ပေးဘို့ပြောတာပါ´တဲ့။
ကျွန်ုပ်မှာ အလွန်စိတ်ရှုပ်သွားသဖြင့်……….. `ကဲ ငါ့လူ မင်းညာဘက်လက်ဖ၀ါး ပြစမ်းဟု ခိုင်ရတော့၏။ ၄င်း၏ လက်ဝါးပြင်ကို လေ့လာရာ၊ ပန်းရောင်သန်းမနေဘဲ ၀ါမှိုင်းမှိုင်း အရောင်ရှိနေသည်တစ်ချက်၊ လက်သန်းသည် အတွင်းဘက်သို့ အနည်းငယ် ယိုင်နေသည်က တစ်ချက်၊ လက်သည်းရှိ လခြမ်းများ အားမကောင်း ဖြူဖျော့ဖျော့ အရောင်ရှိပြီး။ လက်ရေစာများလည်း ကြမ်းတမ်းနေသည်များကြောင့် အားလုံးကို ခြုံငုံသုံးသတ်ပြီးသည်နှင့်………
`မင်းဟာ အရက်ကို စွဲစွဲမြဲမြဲ သောက်တဲ့ကောင်ဘဲကွ´ဟု ပြောလိုက်ရာ။
လူငယ်မှာ မျက်နှာ ညှိုးကျသွားလေ၏။
ကျွန်ုပ်အား `ဟုတ်ပါတယ် ဆရာ ညနေပိုင်းဆိုရင် အပေါင်းအသင်းတွေနဲ့ သောက်ဖြစ်ပါတယ်´ဟု ၀န်ခံရှာ၏။
ကျွန်ုပ်ဟာ ဆက်၍ `ဒါနဲ့ မေးရအုံးမယ်။ မင်းကျောင်းဘယ်အတန်းထိ နေခဲ့ဘူးလဲ´မေးတော့ ၁၀-တန်း ၂-ခါကျ၍ ကျောင်းဆက်မတက်ရကြောင်း သူထံမှ သိရ၏။
`အဲဒီတော့ နားထောင် ငါပြောမယ်။ ဒို့ မြန်မာနိုင်ငံရာဇ၀င်အရ။ ကုန်းဘောင်ခေတ် အလည်လောက်မှာ `မန်လည်´ဆရာတော်ဘုရားကြီးဆိုတာ ပေါ်ပေါက်ခဲ့ဘူးတယ်။ ပညာရှိ ဘုန်းကြီးကွ။ စာတွေအများကြီးရေးခဲ့တယ်။ ဆရာတော်ကြီးရေးသားပြုစုခဲ့တဲ့ `မဃဒေ၀´လင်္ကါသစ်မှာ၊ မိန်းမတွေနဲ့ပတ်သက်လို့ ရေးသားခဲ့တာလေးက `လင်မွဲလင်နာ၊ လင်သူရာကြိုက်၊ လင်မိုက် လင်ဖျင်း၊ လင်ပျင်းလင်အို၊ အလိုမဖြည့်၊ မပြည့်ဆန္ဒ၊ ရှိတုံကလျှင်၊ မိန်းမဟူသည်၊ ဤရှစ်မည်ကြောင်း၊ အအီမသာ ပြုတတ်စွာ၏ တဲ့ကွ မှတ်ထား ငါ့လူ´ဟု ကျွန်ုပ်က ပြောလိုက်ရ၏။
`ကဲ ဆရာ ဘာဆက်လုပ်ပေးရမှာတုန်း´လို့ ဆိုတော့ ကောင်မလေးက သူ့အပေါ်စိတ်ပြန်လည်လာအောင် `ဆရာ စာတစ်စောင်ရေးပေးပါတဲ့´
ဟိုက်ရှာလပတ်ရည် နောက်တခါလာပြန်ချီသေး။ ဟေ့… ဟေ့… ၀ါး လို့ဆိုရတဲ့ `နပန်းဆံ´ သီချင်းကိုတောင် သတိရမိသေးတော့
*** မဟာဇော်- မကွေး ***
ယခုလတွင် တင်ဆက်မည့် ကျွန်ုပ်မဟာဇော်၏ ဆောင်းပါးကို ဗြုတ်စ ဗျင်းတောင်းဟု အမည်သညာမှည့်ခေါ်လိုက်ပါ၏။ သင်္ကြန်စာ ဆိုသည်မှာ နှစ်တနှစ်၏ ရှေ့ဖြစ်များအကျိုးအကြောင်း အဆိုးအကောင်းများကို ရဟန်းပညာရှိ၊ လူပညာရှိများက နက္ခတ္တံဗေဒ ဖြင့်လည်းကောင်း၊ ဝေဒပညာဖြင့်၎င်း၊ အသေးစိတ်တွက်ချက်၍ မန္တလေး မဟာသင်္ကြန်စာဟု ပုံနှိပ်ပြီးသကာလ တပြည်လုံးသို့ ဖြန့်ချိ မြဲဖြစ်ပါသည်။ ဤကား အမှန်အကန်သင်္ကြန်စာ၊ ယခုကျွန်ုပ်ရေးသားမည့် စာမှာ အမှန်အကန် သင်္ကြန်စာမဟုတ်၊ ၁၃၇၀-ပြည့်နှစ်ကုန် မဟာသင်္ကြန်ရက်အတွင်း ကြုံတွေ့ခဲ့သည့် ကိစ္စလေးတစ်ခု အကြောင်းပြု၍ ရေးသားလိုက်သည့် `ဗြုတ်စ ဗျင်းတောင်း´သဂျံစာ- ဖြစ်ပါ၏။ ရေးရသည့်အကြောင်းက ဒီလိုပါ……………….။
သင်္ကြန်အကျ နံနက်ခင်း အခါသမယ စာရေးသူ ကဗျာကျော်ပဂေး၊ မဟာဇော်မကွေးမှာ၊ ဒကာမပေါ်သေးသဖြင့်၊ ဘယာကျော်လေးတခုသော်မှ လျှာပေါ်မလွေးရခင်၊ မနှေးအမြန် ရောက်လာသူက၊ အသက် နှစ်ဆယ်ဝန်းကျင်လောက် လူငယ်တစ်ယောက်၊ စက်ဘီးလေးဒေါက်ထောက်ရပ်ပြီး ကျွန်ုပ်စာရေးစားပွဲနားလာရပ်၏။
`ဆရာကြီး ဦး………….. ဆိုတာ ဆရာလား´ ဟု မေး၏။
ကျွန်ုပ်က `ရင်ဆိုင်တွေ့ရတာများ မေးနေရသေးလား ကိုယ့်လူရာ၊ ပြည်သူ့အသဲကြော်၊ အဆုတ်ကြော်၊ လက်ဖျံရိုးကြော်၊ မဟာဇော် ဆိုတာ ငါပေါ့ကွ´ဟု ကျွန်ုပ်က ခတ်ရွှတ်ရွှတ်လေး ဖြေလိုက်ရာ လူငယ်မှာ သဘောကျသွားပုံရ၏။ သူ့မျက်နှာမှာ ၀င်လာခါစလို မှုံတေတေမဟုတ် အနည်းငယ် ပြုံးလာ၏။
`ကိုယ့်လူက ဘယ်ကတုန်း တခါမှလဲ မမြင်ဘူးဘူး။ လာတဲ့ ကိစ္စကကော´ဟု ကျွန်ုပ်က မေးလိုက်ရာ။
`အမိုးနီစက်ရုံက ပါဆရာ။ နာမည်က ၀င်းအောင် လို့ ခေါ်ပါတယ်´ဟု ဖြေ၏။
လာရင်းကိစ္စကတော့ ဆရာ့ဆီ အကူအညီတောင်းချင်လို့ပါတဲ့။ ဟိုက်ရှားလပတ်ရည်
`ဘာအကူအညီများတုန်းကွာ၊ သင်္ကြန်ကာလကြီးမှာ ဘာများကူညီပေးရမှာတုန်း၊ ငါတောင် အကူအညီတွေအများကြီးလိုနေတာ၊ ခုတောင် သမ္မတ အိုဘားမားဆီ (Email)ပို့ပြီး ဈေးသုံးပြတ်နေတာ အကူအညီတောင်းမလို့´ ဆိုတော့
`တကယ်ပြောတာပါ ဆရာ၊ ကျနော့် ရင်ထဲမှာ ပြည့်ကျပ်နေပါတယ်။ အိပ်လို့လဲ မရဘူး။ စားလို့လဲမရဘူး´တဲ့။
`ဟာ ဒါဆိုဒုက္ခဘဲ မင်းကျောင်းသားဆေးခန်းကို မြန်မြန်သာသွားတော့ ကိုယ့်လူ´ လို့ ကျွန်ုပ်က ခပ်တိုတိုပင် ပြောချလိုက်မိ၏။
လူငယ်မှာ ကျွန်ုပ်အား တောင်းပန် အသနားခံသည့်လေသံလေးနှင့် ပြောပြန်သည်။
`တကယ်ပါ ဆရာ၊ အမှန်ကို ကျနော်ပြောပါ့မယ်။ ကျနော့်မှာ အလွန်ချစ်ရတဲ့ ရည်းစား တစ်ယောက်ရှိပါတယ်။ ကျနော်တို့ နှစ်ဦး ကြိုက်နေတာ (၂)နှစ်ကျော်ပါပြီ။ ယူဘို့တောင် တိုင်ပင်ပြီးသားပါ။ ခုတော့ သူက ကျနော့်ကို စိတ်ပြောင်းသွားပြီး၊ အတွေ့လည်းမခံ၊ အဆက်အသွယ်လည်းမလုပ်၊ ကျနော့်ကို အသိမပေးဘဲ။ တီကေစက်ရုံကို ပြောင်းသွားပါတယ် ဆရာ။ ကျနော်ဖုန်းဆက်တာလဲ ဖုန်းကို မကိုင်ဘူး။ အဲဒါ ဘယ်လိုလုပ်ရမလဲ ဆရာ။ ကယ်ပါ ဆရာရယ်။´ လို့ ပြောတော့၏။
`ဟေ့ကောင်။ ကယ်ပါဆိုတာ သူတောင်းစားကိုခေါ်တာ……..။ ငါကယ်ပါ မဟုတ်ဘူး´လို့ပြောတော့။
`ဒီသဘောမျိုးပြောတာ မဟုတ်ပါဘူး ဆရာ၊ ကျနော့်ဘ၀ကို ကယ်ပေးဘို့ပြောတာပါ´တဲ့။
ကျွန်ုပ်မှာ အလွန်စိတ်ရှုပ်သွားသဖြင့်……….. `ကဲ ငါ့လူ မင်းညာဘက်လက်ဖ၀ါး ပြစမ်းဟု ခိုင်ရတော့၏။ ၄င်း၏ လက်ဝါးပြင်ကို လေ့လာရာ၊ ပန်းရောင်သန်းမနေဘဲ ၀ါမှိုင်းမှိုင်း အရောင်ရှိနေသည်တစ်ချက်၊ လက်သန်းသည် အတွင်းဘက်သို့ အနည်းငယ် ယိုင်နေသည်က တစ်ချက်၊ လက်သည်းရှိ လခြမ်းများ အားမကောင်း ဖြူဖျော့ဖျော့ အရောင်ရှိပြီး။ လက်ရေစာများလည်း ကြမ်းတမ်းနေသည်များကြောင့် အားလုံးကို ခြုံငုံသုံးသတ်ပြီးသည်နှင့်………
`မင်းဟာ အရက်ကို စွဲစွဲမြဲမြဲ သောက်တဲ့ကောင်ဘဲကွ´ဟု ပြောလိုက်ရာ။
လူငယ်မှာ မျက်နှာ ညှိုးကျသွားလေ၏။
ကျွန်ုပ်အား `ဟုတ်ပါတယ် ဆရာ ညနေပိုင်းဆိုရင် အပေါင်းအသင်းတွေနဲ့ သောက်ဖြစ်ပါတယ်´ဟု ၀န်ခံရှာ၏။
ကျွန်ုပ်ဟာ ဆက်၍ `ဒါနဲ့ မေးရအုံးမယ်။ မင်းကျောင်းဘယ်အတန်းထိ နေခဲ့ဘူးလဲ´မေးတော့ ၁၀-တန်း ၂-ခါကျ၍ ကျောင်းဆက်မတက်ရကြောင်း သူထံမှ သိရ၏။
`အဲဒီတော့ နားထောင် ငါပြောမယ်။ ဒို့ မြန်မာနိုင်ငံရာဇ၀င်အရ။ ကုန်းဘောင်ခေတ် အလည်လောက်မှာ `မန်လည်´ဆရာတော်ဘုရားကြီးဆိုတာ ပေါ်ပေါက်ခဲ့ဘူးတယ်။ ပညာရှိ ဘုန်းကြီးကွ။ စာတွေအများကြီးရေးခဲ့တယ်။ ဆရာတော်ကြီးရေးသားပြုစုခဲ့တဲ့ `မဃဒေ၀´လင်္ကါသစ်မှာ၊ မိန်းမတွေနဲ့ပတ်သက်လို့ ရေးသားခဲ့တာလေးက `လင်မွဲလင်နာ၊ လင်သူရာကြိုက်၊ လင်မိုက် လင်ဖျင်း၊ လင်ပျင်းလင်အို၊ အလိုမဖြည့်၊ မပြည့်ဆန္ဒ၊ ရှိတုံကလျှင်၊ မိန်းမဟူသည်၊ ဤရှစ်မည်ကြောင်း၊ အအီမသာ ပြုတတ်စွာ၏ တဲ့ကွ မှတ်ထား ငါ့လူ´ဟု ကျွန်ုပ်က ပြောလိုက်ရ၏။
`ကဲ ဆရာ ဘာဆက်လုပ်ပေးရမှာတုန်း´လို့ ဆိုတော့ ကောင်မလေးက သူ့အပေါ်စိတ်ပြန်လည်လာအောင် `ဆရာ စာတစ်စောင်ရေးပေးပါတဲ့´
ဟိုက်ရှာလပတ်ရည် နောက်တခါလာပြန်ချီသေး။ ဟေ့… ဟေ့… ၀ါး လို့ဆိုရတဲ့ `နပန်းဆံ´ သီချင်းကိုတောင် သတိရမိသေးတော့
*** မဟာဇော်- မကွေး ***
No comments:
Post a Comment