(နယူးယောက်၊ မတ်လ ၂၅-ရက်)
ပထမဆုံး ကမ္ဘာ့အာကာသစီးပွားရေးလုပ်ငန်းဖြစ်လာမည့် အာကာသယာဉ်ကို တနင်္လာနေ့က ပွဲဦးထွက် အောင်မြင်စွာ ပျံသန်းပြခဲ့သည်။ ဆာရစ်ချတ်ဘရန်ဆန်သည် ၄င်း၏ ဗွီအက်စ်အက်စ် အင်တာပရိုက်(စ်) အမည်ရှိ အာကာသယာဉ်ကို အာကာသခရီးသွားလုပ်ငန်း လုပ်ကိုင်မည့် ပထမဆုံး အာကာသယာဉ်ဖြစ်ရန် ဆန္ဒရှိသည်။ (ရိုက်တာ)
*** ဘာမြူဒါအလံလွှင့်ထူးထားသော ကုန်တင်သင်္ဘော ဆိုမာလီဓားပြများ ပြန်ပေးဆွဲ ***
(နိုင်ရိုဘီ၊ မတ်လ ၂၅-ရက်)
ဆိုမာလီဓားပြများသည် ဘာမြူဒါအလံလွှင့်ထူးထားသော ကုန်တင်သင်္ဘောတစ်စင်းကို အေဒင်ပင်လယ်ကွေ့၌ ပြန်ပေးဆွဲခဲ့ကြောင်း အဆိုပါ သင်္ဘောပေါ်၌ သင်္ဘောသား ၂၅-ဦး လိုက်ပါလာကြောင်း ဒေသဆိုင်ရာရေကြောင်းတာဝန်ရှိသူက မတ်လ ၂၄-ရက်နေ့က အတည်ပြုပြောကြားခဲ့သည်။ သင်္ဘောသား ၂၀ လိုက်ပါလာသော တူရကီနိုင်ငံပိုင် သင်္ဘောကို ပြန်ပေးဆွဲပြီးနောက် မကြာခင်မှာပင် အဆိုပါ ကုန်တင်သင်္ဘော ပြန်ပေးဆွဲခံရခြင်းဖြစ်သည်ဟု သတင်း၌ ဖော်ပြထားသည်။ (ဆင်ဟွာ)
*** ကမ္ဘာ့အကောင်းဆုံးလေဆိပ် စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ် ဖြစ်လာ ***
(စင်္ကာပူ၊ မတ်လ ၂၅-ရက်)
စကိုင်းထရက်စ် ကမ္ဘာ့လေဆိပ်စစ်တမ်းကောက်ယူမှုအရ ယခုနှစ် ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ် ရွေးချယ်ခံရကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြည်တွင်းနယူးအာရှရုပ်မြင်သံကြားလိုင်းက ဖော်ပြသည်။ (ဆင်ဟွာ)
*** လူမှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေး ကမ္ဘောဒီးယားနှင့် မလေးရှား ပူးပေါင်းမည် ***
(ဖနောင်ပင်၊ မတ်လ ၂၅-ရက်)
တရားမ၀င် ကုန်သွယ်မှု လူမှောင်ခိုမှုနှင့် အကြမ်းဖက်မှုများ တိုက်ဖျက်ရာတွင် ပိုမိုခိုင်မာစွာ ပူးပေါင်း ဆောင်ရွက်သွားကြမည်ဟု ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံတို့ မတ်လ ၂၂-ရက်နေ့တွင် သန္နိဌာန်ချလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။ (ဆင်ဟွာ)
*** စိန်ဓာတ်ပါသည့်ရေများ မသောက်သုံးရေး ဘင်္ဂလားဒေ့ရှ်နှင့် ယူနီဆက်ဖ်တို့ ဆော်သြ ***
(ဒါကာ၊ မတ်လ ၂၅-ရက်)
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ပြည်သူသန်း ၂၀-ခန့်၏ သောက်ရေနှင့် အစားအစာတို့တွင် ကျန်းမာရေးထိခိုက်စေသော အဆိပ်ဖြစ်စေသည့် စိန်ဓာတ်များပါဝင်နေမှုကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းသန့်စင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတစ်ခုက မတ်လ ၂၂-ရက်နေ့၌ ပြောကြားသည်။ (ရိုက်တာ)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ဘရန်ဆန်၏ အာကာသယာဉ် အောင်မြင်စွာစမ်းသပ်ပျံသန်း ***

No comments:
Post a Comment