အီလက်ထရောနစ်များ၊ ပျက်စီးသွားခဲ့….။
အချိန်မဲ့ အခါမဲ့၊ အမှတ်တမဲ့ပင်
ထစ်ခဲ့ ချုန်းခဲ့၊ ပစ်ခတ်ခဲ့၍
ကျိုးပဲ့သစ်ကိုင်း၊ လျှပ်စစ်လှိုင်းတို့
ရိုင်းစိုင်းလေစွ၊ သဘာဝ….။
ကြိုတင်ကာကွယ်၊ လမ်းသွယ်သွယ်ကို
ဘယ့်နှစ်နည်းမျှ၊ သတိမရ။
သိရချိန်မှာ၊ နောက်ကျပါပြီ
ကြီးစွာတန်ဖိုး ပေးရသည်….။
တိုက်ဆိုင်မှုလော၊ ကံဟုလောဟု
မပြောတတ်နိုင်၊ အားလုံးငိုင်၏
ပြိုင်လို့မရ၊ ပြင်လို့ ရလိမ့်
မကျလေနှင့် စိတ်ဓာတ်များ….။ ။
*** တင်မိုး ***
(၁- မတ်လ ၁၉၉၉- တနင်္လာနေ့ည)
မိုးကြိုးလျှပ်စစ်၊ ထစ်ချုန်းပစ်၍
အီလက်ထရောနစ်များ၊ ပျက်စီးသွားခဲ့….။
အချိန်မဲ့ အခါမဲ့၊ အမှတ်တမဲ့ပင်
ထစ်ခဲ့ ချုန်းခဲ့၊ ပစ်ခတ်ခဲ့၍
ကျိုးပဲ့သစ်ကိုင်း၊ လျှပ်စစ်လှိုင်းတို့
ရိုင်းစိုင်းလေစွ၊ သဘာဝ….။
ကြိုတင်ကာကွယ်၊ လမ်းသွယ်သွယ်ကို
ဘယ့်နှစ်နည်းမျှ၊ သတိမရ။
သိရချိန်မှာ၊ နောက်ကျပါပြီ
ကြီးစွာတန်ဖိုး ပေးရသည်….။
တိုက်ဆိုင်မှုလော၊ ကံဟုလောဟု
မပြောတတ်နိုင်၊ အားလုံးငိုင်၏
ပြိုင်လို့မရ၊ ပြင်လို့ ရလိမ့်
မကျလေနှင့် စိတ်ဓာတ်များ….။ ။
*** တင်မိုး ***
(၁- မတ်လ ၁၉၉၉- တနင်္လာနေ့ည)
No comments:
Post a Comment