လျှပ်စစ်တွေ တ၀င်းဝင်းလက်တော့
အပျက်ချည်းမြင်
သိမ်ငယ်စိတ် ၀င်တတ်သူကတော့
အ မင်္ဂလာလို့ အတိတ်ကောက်ပြီး
စိတ်နောက်မိမှာ အမှန်ပဲ….။
**အလောင်းဘုရား ဦးအောင်ဇေယျ
ယာသမားဘ၀က
ပခုံးက တူးရွင်းကို မိုးကြိုးပစ်တော့
အားသစ်တွေရ မာန်တွေကြွပြီး
တနေ့ကျရင်
ဘုန်းမီးနေလ တောက်ပမှာအမှန်လို့
ထက်သန်တဲ့ တိဟိတ်စိတ်နဲ့
နိမိတ်ကောက် စိတ်မြောက်ခဲ့ဖူးသတဲ့….။
**အပျက်တွင်းကို
ဖောက်ထွင်းပြီး အဖြစ်ကိုမြင်တတ်မှ
သမ္မာ သင်္ကပ္ပ
အတွေးအကြံ လှပေမှာပေါ့….။ ။
*** တင်မိုး ***
(၅- မတ် ၁၉၉၉ - သောကြာနေ့ နံနက်ခင်း)
**မိုးကြိုးတွေ ပစ်
လျှပ်စစ်တွေ တ၀င်းဝင်းလက်တော့
အပျက်ချည်းမြင်
သိမ်ငယ်စိတ် ၀င်တတ်သူကတော့
အ မင်္ဂလာလို့ အတိတ်ကောက်ပြီး
စိတ်နောက်မိမှာ အမှန်ပဲ….။
**အလောင်းဘုရား ဦးအောင်ဇေယျ
ယာသမားဘ၀က
ပခုံးက တူးရွင်းကို မိုးကြိုးပစ်တော့
အားသစ်တွေရ မာန်တွေကြွပြီး
တနေ့ကျရင်
ဘုန်းမီးနေလ တောက်ပမှာအမှန်လို့
ထက်သန်တဲ့ တိဟိတ်စိတ်နဲ့
နိမိတ်ကောက် စိတ်မြောက်ခဲ့ဖူးသတဲ့….။
**အပျက်တွင်းကို
ဖောက်ထွင်းပြီး အဖြစ်ကိုမြင်တတ်မှ
သမ္မာ သင်္ကပ္ပ
အတွေးအကြံ လှပေမှာပေါ့….။ ။
*** တင်မိုး ***
(၅- မတ် ၁၉၉၉ - သောကြာနေ့ နံနက်ခင်း)
No comments:
Post a Comment