
**ဟိုတုန်းက၊ ဒီအချိန်ခါဆို
တာတန်ကူး၊ လခါတော်ပေမို့
မြောက်ပြန်လေ၊ သုန်သုန်ဖြူးလာပေါ့
ပင်ပိတောက်၊ ညှာတံရိုးရယ်နဲ့
ပင်ငုဝါ၊ ညှာတံရိုးတို့ဖြင့်
စိမ်းစိုဝါ၊ ဖူးငုံပွင့်ကြတယ်
ခါတော်နွေ၊ ရွက်ကြွေတောမှာ
လွမ်းစာခွေ၊ သံချိုနှောနေရဲ့
ဒီမြေတကြောက ကိုရွှေဥသြ။
**နေ့အခါ လှိုင်းလုံးလို၊ တရိပ်ရိပ်တက်လာ
ရေပက်ခံ၊ ကိုရွှေမြန်မာတို့
ဗျိုးဟစ်ခါ၊ ပျော်မြူးကြလေရဲ့
ဆိုးတကာ၊ ညစ်ထွေ ဆေးပုံက
စိတ်လွတ်ကိုယ်လွတ်။
**ရပ်ကွက် ရွာ၊ မဏ္ဍပ်တကာဖြင့်
ရေပန်းတွေ၊ ဖြိုင်ဖြိုင်ပွင့်ကြတယ်
ပျိုကညာ၊ ယိမ်းအသင်းရယ်က
သံသာယာ၊ တူးပို့သီချင်းနဲ့
ညီညီညာ၊ ယိမ်းနွဲ့အကမှာ
ခြေကြွလက်လှုပ် အလှထူးပါါကဲ။
**တီတီတာ၊ စာအဖွဲ့ရယ်နဲ့
သင်္ကြန်ခါ၊ အခရာကျတဲ့
သံချပ်သံ၊ ညံမစဲပေဘူး
ညအခါ၊ ရေသဘင်ပွဲကို
နွှဲဆင်ကာ၊ တူပြိုင်ကျဲကြတယ်
ရွှေမြန်မာတို့ရဲ့ ထူးတဲ့သင်္ကြန်ပွဲ။
**ခုလိုခါ၊ သင်္ကြန်မျိုးမှာ
ငုရွှေဝါ၊ ပိတောက်ပန်းရယ်နဲ့
သံချပ်သံ၊ အရောင်အဆင်းဟာဖြင့်
ပိန်းပိတ်အောင်၊ မှောင်နေကြရတယ်
မိစ္ဆာကောင်လက်အောက်က သင်္ကြန်ပွဲ ။ ။
***ဆွေနိုင်**
***khun aung nge khun aung ngeမှပိတောက်ပုံပို့်ပေးပါတယ်။

**ဟိုတုန်းက၊ ဒီအချိန်ခါဆို
တာတန်ကူး၊ လခါတော်ပေမို့
မြောက်ပြန်လေ၊ သုန်သုန်ဖြူးလာပေါ့
ပင်ပိတောက်၊ ညှာတံရိုးရယ်နဲ့
ပင်ငုဝါ၊ ညှာတံရိုးတို့ဖြင့်
စိမ်းစိုဝါ၊ ဖူးငုံပွင့်ကြတယ်
ခါတော်နွေ၊ ရွက်ကြွေတောမှာ
လွမ်းစာခွေ၊ သံချိုနှောနေရဲ့
ဒီမြေတကြောက ကိုရွှေဥသြ။
**နေ့အခါ လှိုင်းလုံးလို၊ တရိပ်ရိပ်တက်လာ
ရေပက်ခံ၊ ကိုရွှေမြန်မာတို့
ဗျိုးဟစ်ခါ၊ ပျော်မြူးကြလေရဲ့
ဆိုးတကာ၊ ညစ်ထွေ ဆေးပုံက
စိတ်လွတ်ကိုယ်လွတ်။
**ရပ်ကွက် ရွာ၊ မဏ္ဍပ်တကာဖြင့်
ရေပန်းတွေ၊ ဖြိုင်ဖြိုင်ပွင့်ကြတယ်
ပျိုကညာ၊ ယိမ်းအသင်းရယ်က
သံသာယာ၊ တူးပို့သီချင်းနဲ့
ညီညီညာ၊ ယိမ်းနွဲ့အကမှာ
ခြေကြွလက်လှုပ် အလှထူးပါါကဲ။
**တီတီတာ၊ စာအဖွဲ့ရယ်နဲ့
သင်္ကြန်ခါ၊ အခရာကျတဲ့
သံချပ်သံ၊ ညံမစဲပေဘူး
ညအခါ၊ ရေသဘင်ပွဲကို
နွှဲဆင်ကာ၊ တူပြိုင်ကျဲကြတယ်
ရွှေမြန်မာတို့ရဲ့ ထူးတဲ့သင်္ကြန်ပွဲ။
**ခုလိုခါ၊ သင်္ကြန်မျိုးမှာ
ငုရွှေဝါ၊ ပိတောက်ပန်းရယ်နဲ့
သံချပ်သံ၊ အရောင်အဆင်းဟာဖြင့်
ပိန်းပိတ်အောင်၊ မှောင်နေကြရတယ်
မိစ္ဆာကောင်လက်အောက်က သင်္ကြန်ပွဲ ။ ။
***ဆွေနိုင်**
***khun aung nge khun aung ngeမှပိတောက်ပုံပို့်ပေးပါတယ်။


No comments:
Post a Comment