လက်သည်းဝှက် လက်သီးပုန်း
မျက်နှာဖုံး ဘာကြောင့်စွပ်နေရမှာလဲ…။
**အများအတွက်
အမှန်အတွက်
စေတနာ မေတ္တာဖက်ပြီး
တင်ပြရေးသားတဲ့ အချက်မို့
ကွယ်ဝှက်နေစရာ မလိုပါဘူး…။
**ငါ့လိပ်ပြာ ငါသန့်
ငါ့ရနံ့ ငါသိ
ငါ့ဥစ္စာ ငါ့မှာ ရှိပါလျက်
မိမိလိပ်ပြာ မိမိမလုံ
မိမိဂုဏ်ကို မိမိမယုံကြည်ရင်
တည်ကြည်တဲ့ဂုဏ် ဘယ်မှာရှိပါ့မလဲ…။
**ကိုယ့်ကဗျာ ကိုယ့်စာ
ကိုယ်တာဝန် ယူရဲရမှာပေါ့
ကိုယ့်စာယောင်ယောင်
သူ့စာ ယောင်ယောင်
ကလောင် ခိုးကြောင်ခိုးဝှက်
သူခိုးလက် ငါမဟုတ်…။
ရိုးသားစွာယုံကြည်မှ
ကဗျာမည်တော့မှာပေါ့…။ ။
*** တင်မိုး ***
(၃၀၊ ဧပြီလ ၁၉၉၉၊ သောကြာနေ့ ညဦး)
**ကိုယ်ကျိုးအတွက်မှ မဟုတ်ဘဲ
လက်သည်းဝှက် လက်သီးပုန်း
မျက်နှာဖုံး ဘာကြောင့်စွပ်နေရမှာလဲ…။
**အများအတွက်
အမှန်အတွက်
စေတနာ မေတ္တာဖက်ပြီး
တင်ပြရေးသားတဲ့ အချက်မို့
ကွယ်ဝှက်နေစရာ မလိုပါဘူး…။
**ငါ့လိပ်ပြာ ငါသန့်
ငါ့ရနံ့ ငါသိ
ငါ့ဥစ္စာ ငါ့မှာ ရှိပါလျက်
မိမိလိပ်ပြာ မိမိမလုံ
မိမိဂုဏ်ကို မိမိမယုံကြည်ရင်
တည်ကြည်တဲ့ဂုဏ် ဘယ်မှာရှိပါ့မလဲ…။
**ကိုယ့်ကဗျာ ကိုယ့်စာ
ကိုယ်တာဝန် ယူရဲရမှာပေါ့
ကိုယ့်စာယောင်ယောင်
သူ့စာ ယောင်ယောင်
ကလောင် ခိုးကြောင်ခိုးဝှက်
သူခိုးလက် ငါမဟုတ်…။
ရိုးသားစွာယုံကြည်မှ
ကဗျာမည်တော့မှာပေါ့…။ ။
*** တင်မိုး ***
(၃၀၊ ဧပြီလ ၁၉၉၉၊ သောကြာနေ့ ညဦး)
No comments:
Post a Comment