တွေဝေရင် ရှုံးစတမ်းပေမို့
ရှုံးပန်းတော့ မပန်နဲ့ကွယ်….။
**အခက်အခဲမှန်သမျှ
ဖျက်ခွဲမယ် စိတ်မာန်မျိုးနဲ့
ရိုးသားစွာ ကြိုးစားစမ်းဟေ့
လမ်းမှန်ရမယ်…။
**စိတ်နာ စိတ်ကျတွေမတော့
စိတ်ချသောက် ဒိဌပျောက်
ပေါက်လမ်းကို ရောက်တတ်တယ်
လမ်းလွယ်ကို မရွေးလေနဲ့….။
**အလွယ်လိုက်
လူမိုက်လို့ ဆိုရမယ်
ဘ၀မှာ အချောင်မလိုက်ချင်မှ
ရွှေစင်ပတ္တမြား
တန်ဖိုးထားရ ပေမပေါ့
အလကားအကောင် အဖြစ်မခံရအောင်
စစ်မှန်ပစေကွဲ့….။ ။
*** တင်မိုး ***
(၅- မတ် ၁၉၉၉ - သောကြာနေ့ နေ့လယ်)
**အခြေအနေကတော့
တွေဝေရင် ရှုံးစတမ်းပေမို့
ရှုံးပန်းတော့ မပန်နဲ့ကွယ်….။
**အခက်အခဲမှန်သမျှ
ဖျက်ခွဲမယ် စိတ်မာန်မျိုးနဲ့
ရိုးသားစွာ ကြိုးစားစမ်းဟေ့
လမ်းမှန်ရမယ်…။
**စိတ်နာ စိတ်ကျတွေမတော့
စိတ်ချသောက် ဒိဌပျောက်
ပေါက်လမ်းကို ရောက်တတ်တယ်
လမ်းလွယ်ကို မရွေးလေနဲ့….။
**အလွယ်လိုက်
လူမိုက်လို့ ဆိုရမယ်
ဘ၀မှာ အချောင်မလိုက်ချင်မှ
ရွှေစင်ပတ္တမြား
တန်ဖိုးထားရ ပေမပေါ့
အလကားအကောင် အဖြစ်မခံရအောင်
စစ်မှန်ပစေကွဲ့….။ ။
*** တင်မိုး ***
(၅- မတ် ၁၉၉၉ - သောကြာနေ့ နေ့လယ်)
No comments:
Post a Comment