(ရာမရဲ့ နွေရင်ခွင်မှာ)
မခွဲမခွာစတမ်း သစ္စာဖွဲ့
အမြဲသာ လန်းဆန်းပွင့်တဲ့
(ပိတောက်နှမ မယ်သီတာ)
အလိုက်ဖက်ဆုံး ဂန္တ၀င်ထုံး
စံတင်မဆုံးနိုင် အခါခါ….။
**ဒါပေမယ့်ကွယ်…
ရတက်ပွေသောကနဲ့
အ မျက်မပြေဒေါထတဲ့
(ဒဿဂီရိလေပွေခမျာ)
ခံစားချက်တွေ ရင့်မာနေသမျှ
ပိတောက်နှမ မယ်သီတာရဲ့
အချစ်ပွင့်လေးတွေ
အကြင်နာပွင့်လေးတွေကို
မညှာမတာစိတ်အရိုင်းနဲ့
ဆစ်ပိုင်းလို့ အခါခါပင်
လစ်တိုင်းမှာ ချွေချွေချ
အမုန်းငြိုးက ဘယ်မပြေ
ရာဇ၀င်တွေလည်း ရှည်ခဲ့ပြီ….။
**သြော်… ဒီနှစ်မှာလည်း
ဒဿဂီရိလေပွေ
ဘယ်လိုပဲချွေချွေ
ဘယ်လိုပဲ ကြွေကြွေ
ရာမရဲ့ နွေရင်ခွင်မှာ
(ပိတောက်နှမ မယ်သီတာကတော့)
မေတ္တာချယ် ၀ါရွှေသွေးနဲ့
သစ္စာနွယ်ကဗျာတွေရေးဖို့
အဆုံးတိုင် အကြင်နာဆင့်ပြုံးရွယ်
မမုန်းနိုင် အစဉ်သာပွင့်ဦး(အုန်း)မယ်….။ ။
*** မောင်မိုးလှိုင် (သစ္စာမြေ) ***
(ဧပြီလ ၂၀၀၇-ခုနှစ်ထုတ် စုံထောက်မဂဇင်းမှ ကူးယူဖော်ပြသည်)
**တကယ်ဆိုရင်
(ရာမရဲ့ နွေရင်ခွင်မှာ)
မခွဲမခွာစတမ်း သစ္စာဖွဲ့
အမြဲသာ လန်းဆန်းပွင့်တဲ့
(ပိတောက်နှမ မယ်သီတာ)
အလိုက်ဖက်ဆုံး ဂန္တ၀င်ထုံး
စံတင်မဆုံးနိုင် အခါခါ….။
**ဒါပေမယ့်ကွယ်…
ရတက်ပွေသောကနဲ့
အ မျက်မပြေဒေါထတဲ့
(ဒဿဂီရိလေပွေခမျာ)
ခံစားချက်တွေ ရင့်မာနေသမျှ
ပိတောက်နှမ မယ်သီတာရဲ့
အချစ်ပွင့်လေးတွေ
အကြင်နာပွင့်လေးတွေကို
မညှာမတာစိတ်အရိုင်းနဲ့
ဆစ်ပိုင်းလို့ အခါခါပင်
လစ်တိုင်းမှာ ချွေချွေချ
အမုန်းငြိုးက ဘယ်မပြေ
ရာဇ၀င်တွေလည်း ရှည်ခဲ့ပြီ….။
**သြော်… ဒီနှစ်မှာလည်း
ဒဿဂီရိလေပွေ
ဘယ်လိုပဲချွေချွေ
ဘယ်လိုပဲ ကြွေကြွေ
ရာမရဲ့ နွေရင်ခွင်မှာ
(ပိတောက်နှမ မယ်သီတာကတော့)
မေတ္တာချယ် ၀ါရွှေသွေးနဲ့
သစ္စာနွယ်ကဗျာတွေရေးဖို့
အဆုံးတိုင် အကြင်နာဆင့်ပြုံးရွယ်
မမုန်းနိုင် အစဉ်သာပွင့်ဦး(အုန်း)မယ်….။ ။
*** မောင်မိုးလှိုင် (သစ္စာမြေ) ***
(ဧပြီလ ၂၀၀၇-ခုနှစ်ထုတ် စုံထောက်မဂဇင်းမှ ကူးယူဖော်ပြသည်)


No comments:
Post a Comment