ကြောင့်ကြ ကင်းကင်း မနေနိုင်…။
**စိုးရိမ်ကြောင့်ကြဆိုတာ
ပိုင်ဆိုင်လိုမှုက စတာပဲ…။
**သူတော်ကောင်းတို့ကတော့
ပိုင်ဆိုင်ကြောင်းကို စွန့်လွှတ်
လွတ်လပ်မှုကိုရှာ
အေးချမ်းရာမှာ ရောင့်ရဲစွာနေ
တစ်ကိုယ်ရေ ဧကစာသုံးပြီး
ဝဋ်နှောင်ကို လွတ်အောင် ရုန်းကြစမြဲ…။
**ရွှေစု ငွေစု၊ မြေတွေစု
တိုက်စုကားစု၊ ဒေါ်လာစု
ပိုင်ဆိုင်လိုမှု၊ လောဘစု
စုမိသမျှ ဒီလောဘ
ပူလောင်ပြင်းပြ ခံစားရ
ဘယ်မှာ ချမ်းသာပျော်နိုင်ပါ့…။
**ဘ၀သုခ၊ ရလိုက
ပိုင်ဆိုင်လိုမှု ထိုလောဘ
နည်းနိုင်သမျှ နည်းလေမှ
ငြိမ်းအေးမည် မုချ…။ ။
*** တင်မိုး ***
(၂၂၊ ဧပြီ ၁၉၉၉- ကြာသပတေးနေ့ နံနက်ခင်း)
**ပိုင်ဆိုင်ခြင်းရှိတော့
ကြောင့်ကြ ကင်းကင်း မနေနိုင်…။
**စိုးရိမ်ကြောင့်ကြဆိုတာ
ပိုင်ဆိုင်လိုမှုက စတာပဲ…။
**သူတော်ကောင်းတို့ကတော့
ပိုင်ဆိုင်ကြောင်းကို စွန့်လွှတ်
လွတ်လပ်မှုကိုရှာ
အေးချမ်းရာမှာ ရောင့်ရဲစွာနေ
တစ်ကိုယ်ရေ ဧကစာသုံးပြီး
ဝဋ်နှောင်ကို လွတ်အောင် ရုန်းကြစမြဲ…။
**ရွှေစု ငွေစု၊ မြေတွေစု
တိုက်စုကားစု၊ ဒေါ်လာစု
ပိုင်ဆိုင်လိုမှု၊ လောဘစု
စုမိသမျှ ဒီလောဘ
ပူလောင်ပြင်းပြ ခံစားရ
ဘယ်မှာ ချမ်းသာပျော်နိုင်ပါ့…။
**ဘ၀သုခ၊ ရလိုက
ပိုင်ဆိုင်လိုမှု ထိုလောဘ
နည်းနိုင်သမျှ နည်းလေမှ
ငြိမ်းအေးမည် မုချ…။ ။
*** တင်မိုး ***
(၂၂၊ ဧပြီ ၁၉၉၉- ကြာသပတေးနေ့ နံနက်ခင်း)


No comments:
Post a Comment