ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 22, 2010

“ရွေးကောက်ပွဲအမှောင်တိုက်နောက်မှ မျက်ရည်ယိုဗုံးများ”

>
မကြာခင်သော ကာလအတွင်းမှာ ကျွန်တော်တို့ မြန်မာပြည်တွင် ရွေးကောက်ပွဲကြီးကျင်းပတော့မည်ဖြစ်သည်။ အပြစ်တွေများလှ၊ ပြသနာတွေကြီးလွန်းလှပြီး နှစ်နှစ်ဆယ်ကျော်သမိုင်းနောက်ကြောင်းမလုံခဲ့သော တပ်မတော် ကိုအသုံးချထားသည့် ဦးသန်းရွှေဦးဆောင်သော အာဏာရှင်စစ်တပ်အဖွဲ့ဝင်လူကြီးတစ်စုသည် သူတို့၏ လက် နက်အားကိုးအကြွင်းမဲ့အာဏာကို ပြည်သူလက်ကို ဝကွက်ပြန်အပ်မည်လား သို့တည်းမဟုတ် ထိုအခြေအနေကို ပညာရှင်ဆိုသူများ အလွန်အသုံးရွှင်သော စကားတစ်ခွန်းကို ငှားသုံး၍ပြောကြည့်ရလျှင် အတိုက်အခံပါတီများ ဘက်မှ စပေ့တကယ်ချဲ့လို့ရပါမည်လား။ ထားပါ။ ကျွန်တော်လိုကောင်လေးတစ်ကောင် ထိုအရာကို ယတိပြတ် တွေးနိုင်စွမ်းမရှိပါ။ တွေးနိုင်ခဲ့တာလေးတစ်ခုကိုတော့ အရဲစွန့်ကာ ပြည်သူနဲ့ ရွေးကောက်ပွဲကိုတနည်းနည်း တ မျိုးမျိုးနှင့် ပတ်သတ်စပ်လျှက်တော့မည့်သူများအား တင်ပြလိုက်ပါသည်။ ကျွန်တော်တင်ပြမှုများကို စဉ်းစားသုံး သပ်ပြီး တတ်နိုင်မည်ဆိုပါက သို့မဟုတ် ထပ်ချဲ့ဖြည့်စွက်ပြောလိုခဲ့သော် ပြောကြပါစေကြောင်း အလေးအနက် တောင်းဆိုချင်ပါသည်။

အောက်ဖော်ပြပါ အဖွဲ့အစည်းများတွင် သင်အလွန်ကြားဖူးနားဝရှိသော၊ သင်သိသောအဖွဲ့ ဘယ်နှစ်ဖွဲ့ပါပါသ နည်း။ သူတို့ဘာလုပ်ခဲ့ကြပါသနည်း။ ယခုဘာလုပ်ရန်ပြင်ဆင်နေပါသနည်း။ ရွေးကောက်ပွဲကာလအတွင်း သူ တို့ ဘာတွေများလုပ်ကြမလဲ…..။
၁။ နယ်မြေခံစစ်တပ်
၂။ ရဲ
၃။ ရပ်ကွက်/ ကျေးရွာအေးချမ်းဖြိုးကောင်စီ
၎။ အရံမီးသတ်
၅။ ကြံ့ခိုင်ရေး
၆။ ကြက်ခြေနီ
၇။ အကြွင်းမဲ့ငြိမ်းချမ်းရေးလမ်းစဉ်(ခေတ်သစ်သိပ္ပံဘောဂဗေဒလေ့လာရေးကျောင်းတော်သားစု)
၈။ အမျိုးသမီးရေးရာ
၉။ မိခင်နှင့်ကလေးစောင့်လျောက်ရေးအသင်း
၁၀။ စရဖ
၁၁။ ထောက်လှမ်းရေး(အရပ်ဖက်)
၁၂။ ပြည်သူ့စစ်
၁၃။ နယ်မြေအလိုက်သတင်းပေး
၁၄။ စွမ်းအားရှင်
၁၅။ နယ်ခြားစောင့် / ငြိမ်းချမ်းရေး(တိုင်းရင်းသားလက်နက်ကိုင်) အဖွဲ့များ
နယ်မြေခံစစ်တပ်ဆိုတာကို အထွေအထူးပြောစရာမလိုတော့ပါ စစ်တပ်သည် အာဏာရှင်လူတစ်စု၏လက်တွင်း မှာ လမ်းမှာချင်တိုင်းမှားနေပြီး ပြည်သူ၊ ရန်သူမခွဲခြားနိုင်လောက်အောင် မှောင်မိုက်နေခဲ့တာ နှစ် ၆၀ကျော်ရှိခဲ့ ပြီ။ သို့သော် သူတို့မှာလည်း သူတို့ဒုက္ခဆိုတာရှိသည်။ ထိုဒုက္ခကို ဘယ်သူတွေ လုပ်နေသလဲဆိုတာကို သိ အောင်လုပ်ပေးရမည့်တာဝန်မှာ အတိုက်အခံများ၏တာဝန်သာဖြစ်သည်။ တပ်မတော်သာအမိ၊ တပ်မတော် သာအဖဆိုသောရင်စွဲနားမြဲအသံများအစား ပြည်သူသာအမိပြည်သူသာအဖပြန်ဖြစ်လာအောင် ကြိုးစားဆောင် ကျဉ်းရမည်မှာ အတိုက်အခံနိုင်ငံရေးသမားများမှာ တာဝန်ရှိသည်လို့ထင်ပါသည်။
သေချာတာကတော့ အဲဒီထဲက ကြံ့ခိုင်ရေးအဖွဲ့ဝင်စာရင်းမှာ သင်ဟါသင်ကိုယ်တိုင်မသိလိုက်ဘဲ (သင့်အလို ဆန္ဒမပါဘဲ) သင့်ရဲ့ကျောင်း အုပ် ဆရာမကြီးကသော်၎င်း၊ သင့်ရပ်ကွက် ယရကအဖွဲ့မှ၎င်း သွင်းပေးထားလိုက် ခြင်းဖြင့် သင်ဟါအဖွဲ့ဝင်တစ်ဦးဖြစ်နေပြီဆိုတာ အသေချာပင်ဖြစ်သည်။ အောက်မှာ ဆက်ရှင်းပြပါမည်။
အထက်ပါအဖွဲ့စည်းတွေဟါ လက်ရှိအာဏာရှင်အစိုးရရဲ့ လက်ကိုင်တုတ်အဖွဲ့အစည်းတွေဖြစ်ပြီး ယခုလက်ရှိမှာ တိုးတိုးတမျိုး၊ ကျယ်ကျယ် တမျိုးဆွေးနွေးငြင်းခုန်နေကြတဲ့ နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေမေ့လျော့ထား ခြင်း သို့မဟုတ် သတိမထားမိဘဲရှိနေတဲ့ အဖွဲ့ စည်း တွေဖြစ်ပါတယ်။ အများစုဟါ စစ်အစိုးရဆိုရင် စစ်တပ်၊ ရဲ၊ စရဖ၊ ရယကနဲ့ ကြံ့ခိုင်ရေးလောက်သာ အသိများကြပါတယ်။
ရဲ သို့မဟုတ် ပြည်သူ့ရဲ အဖွဲ့အစည်းကတော့ စက်တင်ဘာ ၂၀၀၇ပြီးတည်းက တိုင်းပြည်ကိုဆန္ဒပြနေတာ ယခု အချိန်ထိပင်။ ကားတန်းကြီးတွေထဲ ဒိုင်းလွှားတုတ်ဓါးသေနတ်အပြည့်အစုံနဲ့ ရဲဘော်များက မြို့အနှံ့၊ နေရာအနှံ့ လိုက်လံဆန္ဒပြနေခြင်းဖြစ်သည်။ သူတို့ ကြွေးကြော်သံမှာ လှုပ်ရဲရင်လှုပ်ကြည့် နံပါတ်တုတ်စာမိမယ်၊ လူစုရဲရင် စုကြည့် ကျည်ဆံစာမိမယ်။ ဆန္ဒပြရဲပြကြည့် မျက်ရည်ယိုဗုံးစာမိမယ်…ဆိုတာပင်ဖြစ်သည်။
အထက်ဖော်ပြပါအဖွဲ့စည်းတွေထဲက တချို့ဆိုကြားဖူးသော်လည်း ဘာလုပ်နေကြသည်ကို သတိထားမိကြမည် မဟုတ်ဆိုတာ စာရေးသူယုံကြည်ပါသည်။
သို့သော် ၄င်းအဖွဲ့စည်းများထဲမှ အရံမီးသတ်နှင့် ပြည်သူ့စစ်များကို လက်နက်ကိုင်သင်တန်းများပို့ချပေးပြီး လျှို့ ဝှက်ညွှန်ကြားချက်များ ညွှန်ကြားနေပြီဖြစ်သည်။ စာရေးသူဘဲတုံးသလားမသိပါ အရံမီးသတ်ကို လက်နက်ကိုင် သင်တန်းတွေပေးတာ မီးသတ်ရန်အတွက်တော့ဟုတ်ဟန်မတူပေ။ ထို့အတူ ပြည်သူ့စစ်ဆိုတာ အေးချမ်းဖွံ့ဖြိုး နေပါပြီဟု တွင်တွင်အော်နေသောနိုင်ငံကြီးတွင် ဘယ်အရာနဲ့ ဘာတွေကိုကာကွယ်တိုက်ထုတ်ဖို့ပါလိမ့်။ စာရေး သူဥာဏ်မှီသလောက်စဉ်းစားရရင် ပြည်သူ့စစ်ဆိုတာ တချိန်က တိုင်းပြည်ထဲက ပြည်ပကျူးကျော်မှု တွေကို တိုက်ထုတ်ရန်အတွက် တရားဝင်၊ အင်အားတောင့်တင်းသောတပ်မတော်မရှိခင်ကာလတွေတုန်းက ပြည်သူ တွေရဲ့အင်အားနဲ့ ကိုယ့်နယ်မြေကိုယ်ကာကွယ်၊ ကိုယ့်ရန်ဆွယ်ကိုယ်ရှင်းရန်အတွက်ဖွဲ့စည်းထားခဲ့ကြ ခြင်းဖြစ် သည်။ ယခုပြန်လည် ဖွဲ့စည်းထားခြင်းဟါ ဘာလုပ်ဖို့လည်း…။ ပြည်သူတွေကို ထိုပြည်သူ့စစ်အဖွဲ့အစည်း များ ထံမှ ဘယ်လိုအကူညီများရနိုင်ပါသလဲ၊ ရယူနိုင်ပါမည်လဲ..။ သေချာကြေငြာထားခြင်းမရှိသည်ကတော့ သေချာ ပါသည်။ ပြည်သူ့စစ်၏ ဘက်တံဆိပ်သည် ပသစ ဆိုသောစာသားနှင့် စစ်ယူနီဖောင်းဝတ်များဖြစ်သည်။
၎င်းအပြင် ရပ်ကွက်ကျေးရွာများတွင် လက်စခြေရှိသော၊ မကောင်းမှုစီးပွားအခြေခံလူများကို သတင်းပေးလုပ် ခိုင်းထားခြင်းဖြင့် သတင်းအနံ့ခံရမည်ဆိုတာ နိုင်ငံနှင့်လူမျိုးအကျိုးကို စေတနာတွေပိုးပြီးလုပ်တဲ့ အလုပ်မည် သည်ဆိုရင် ကျွန်တော်ဘာဆက်ပြောရမည်မသိပေ။ သို့သော် ရပ်ကျေးများတွင်တကယ်ရှိနေပါသည်။
အကြွင်းမဲ့ကျောင်းတော်သားစုအဖွဲ့ဆိုတာလည်း တိုးတိုးတိတ်ခိုးဖွဲ့စည်းထားတာတော်တော်ကြာလေပြီးဖြစ်ပြီး လွန်ခဲ့သော ၂ပတ်ခန့်ကတော့ ငြိမ်းချမ်းရေးမဟာဗျူဟါအဖွဲ့ဆိုကာ ပါတီထထောင်သံကြားရသည်။ ရပ်ကျေး များသို့ ၄င်းအဖွဲ့စတင်ဝင်ရောက်စဉ်က နာယကသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်သည်ဟု ကျေးရွာများတွင် သ တင်းဖြန့်ထားပြီး ရ
ကအဖွဲ့စည်းကဲ့သို့ တာဝန်ခံ၊ အတွင်းေ၇းမှူး၊ အဖွဲ့ဝင်စသည်ဖြင့် တိကျသေချာစွာ လျှို့ ဝှက်ဖွဲ့စည်းထားသည်၊ ထို့အတူ ပြည်ထောင်စုကြံ့ခိုင်ရေးအသင်းသည် ပါတီထထောင်သည်။ ၄င်းအဖွဲ့စည်း၏ နာယကသည် ဦးသန်းရွှေပင်ဖြစ်သည်။ ရွေးကောက်ပွဲလုပ်ပေးမည့် နိုင်ငံတော်အကြီးအကဲဆိုသူကိုယ်တိုင်က ပါတီဝင်ရွေးမည့်အဖွဲ့အစည်းများ၏ နာယကဖြစ်နေသည်မှာ လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီလမ်းကြောင်း မှာ ရှိသင့်အရာများလားဆိုတာ စောင့်ကြည့် လေ့လာသူများ သုံးသပ်ထောက်ပြသင့်သော အချက်တစ်ခုဖြစ် ပေသည်။ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်လျောက်ရေးအသင်းကြီးများ၏ နာယကဆိုသူမှာလည်း တခြားသူများမဟုတ်ပေ နိုင်ငံတော်အကြီးအကဲကြီး ဦးသန်းရွှေ၏ ဇနီးဒေါ်ကြိုင်ကြိုင်ပင်ဖြစ်သည်။ လေ့လာ စောင့်ကြည့်နေသူများသည် အန်ယ်ဒီဝင်ခြင်း၊ မဝင်ခြင်းနှင့် ဥပဒေဘယ်လို ရှိသည/်မ ရှိသည်များကိုလည်း သုံးသပ်ဆွေးနွေးသင့်ကြ သလို အထက်ဖော်ပြပါအဖွဲ့အစည်းများမည်သို့ရပ်တည်မည်၊ ရပ်ကျေးများတွင် ဘာ တွေ လုပ်နေသည်ဆိုတာကိုလည်း ဖော်ထုတ်စောင့်ကြည့်နေသင့်သည်…။
ကြက်ခြေနီအဖွဲ့စည်းသည် မူလဝိညာဉ်ပျောက်နေသော အစိုးရလက်ကိုင်တုတ်အဖွဲ့စည်းဖြစ်နေတာ နှစ်တော် တော်ကြာနေပြီဖြစ်သည်။ အထူးအထွေဆွေးနွေးရန်မလိုတော့ပေ။ ဘယ်သူဖြေရှင်း လမ်းကြောင်းတည့်ပေး နိုင်မည်လဲသိသူများ ကူညီစေချင်ပါသည်။ ကြက်ခြေနီဖခင်ကြီး ဟင်နရီဒုးနန့်ကြီး သက်ရှိထင်ရှားရှိလျှင် ရှက် လွန်းသဖြင့် ဒူးနဲ့မျက်ရည်သုတ်ရမည်ဖြစ်သော ကြက်ခြေနီအဖွဲ့သည် မြန်မာ့ကြက်ခြေနီဖြစ်ပေမည်။ ဗိုလ်မှူး ဟောင်းများထောင်းထောင်းထ ဦးဆောင်နေသော အဖွဲ့ကြီးဖြစ်သည်။
ယခုအခါ ကြံခိုင်ရေးအဖွဲ့သည်နယ်မြေများတွင် လမ်းတွေလိုက်ခင်းနေခြင်း၊ အခမဲ့ဆေးခန်းများ လိုက်ဖွင့်ခြင်း၊ နာရေးကူညီမှုအသင်းများလိုက်ဖွဲ့ခြင်းကို ဒေသခံ ယရကများဖြင့်ပူးပေါင်း ဆောင်ရွက်နေသည်။ လိုက်ဖွင့်ခြင်း၊ လိုက်ခင်းခြင်း၊ လိုက်ဖွဲ့ခြင်းဆိုသည့် “လိုက်” ဆိုသောစကားကိုထည့်သုံးရခြင်းမှာ ၄င်းအဖွဲ့အစည်းသည် ကိုယ် ပိုင်သိဥာဏ်တီထွင်မှုဖြင့် ဘာမှမလုပ်တတ်ဘဲ အခြားလူမှုအဖွဲ့အစည်းများ၏ အောင်မြင်နေသော၊ စီမံကိန်းများ လုပ်ငန်းစဉ်များကို အတုယူခြင်းမျိုးမဟုတ်ဘဲ နေရာဝင်လု လိုက်လုပ်နေခြင်းကြောင့်ဖြစ်သည်။ လမ်းခင်းရာတွင် လမ်းတစ်ပေလျှင် လူတစ်ယောက်အသင်းဝင်ရမည်ဆိုပြီး တောင်းဆိုချက်ရှိသည်။ မရလျှင်မခင်းပေ။ ထိုလူစာ ရင်းကို ယရကမှ မည်သူထံမှ ခွင့်ပြုချက်မယူဘဲ ၄င်းတို့တွင်လက်ခံထားသော အိမ်ထောင်စုစာ ရင်းမှ ဆွဲယူပေး လိုက်သည်။ ထို့အတူ ၄င်းအဖွဲ့စည်းအကောင်အထည်ဖော်နေသော စီမံကိန်း ငွေကြေးများကိုမည်သည့် နေရာ က ရသနည်းဆိုတာ ပြောနိုင်သူရှိလျှင် တော်တော်ကောင်းပါမည်။ ၄င်းအပြင် ပါတီဝင်မည်၊ ထောင်မည်ဆိုလျှင် တိကျရှင်းလင်းစွာ အစစ်ဆေးခံရမည်လား၊ တင်ပြမည်လားဆိုတာ သိလိုပါဘိ။ မိုးနတ် မင်းကြီးကပေးတာ၊ ဘိုး ဘိုးအောင်တန်ခိုးဖြင့် ဝတစ်လုံးတိုးတာတော့မဖြစ်နိုင်ပေ….။ အလှူငွေထောက်ပံ့ပေး နေသောအဖွဲ့အစည်းများ (ပြည်ပအဖွဲ့အစည်းများရှိလျှင်) စဉ်းစားဆင်ခြင်သင့်သည်။
လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များဆိုသည်မှာ တချို့သောတိုင်းရင်းသားနယ်မြေများမှ အစိုးရနှင့် အလွမ်းသင့် နေသော အဖွဲ့အစည်းများကိုဆိုလိုသည်။ ၄င်းတို့သည်လည်း မိမိတို့တိုင်းရင်းသားအားလုံးရဲ့အကျိုးထက် မိမိရဲ့ အကျိုးကိုသာ လက်နက်ကိုင် လူဝါးဝရေးအစီအမံဖြင့် စစ်အစိုးဆန်ဆန် သက်ဆိုးရှည်ရန်အလို့ငှာ မိမိရဲ့အမျိုး သားရေးအားလုံးကို မျက်နှာလွှဲပြီး လုပ်ချင်ရာလုပ်နေသော အဖွဲ့အစည်းများကိုဆိုလိုပါသည်။ တိုင်းရင်းသား လက်နက်ကိုင်၊ လက်နက်မကိုင် အဖွဲ့အစည်းများအားလုံးကို စေတနာအရင်းခံ၍ သတိပေးလိုသည်မှာ လက်ရှိ စစ်အစိုးရသည် မည်သူ့ကိုမှ ရေရှည်အခွင့်အရေးပေးထားမည်မဟုတ်ပါ..။ ကိုယ်မဖြစ်သေးတာ ကိုယ့်အလှည့် မကျသေး၊ မရောက်သေး၍ဆိုတာ ဆင်ခြင်နှလုံးသွင်းစေချင်ပါသည်..။
စွမ်းအားရှင်လို့ပြောလိုက်လျှင် ယခုအခါမှာလူတွေအော့နှလုံးနာကြလို ဝေးဝေးခွာကြသည်။ သို့သော် ခင်ဗျားရပ် ကွက်ထဲမှာ ဘယ်သူဟါ စွမ်းအားရှင်လဲလို့မေးလျှင် မသိသူသာများပါသည်။ တကယ်တော့ စွမ်းအားရှင် (ကျွန် တော်နဲ့သူငယ်ချင်းများကတော့ ပါဝါရိန်းဂျားတွေဟု နောက်ပြောင်ခေါ်ဆိုထားသည်။) ဆိုတာရဲ့နောက်မှာဇာတ် လမ်း တွေအများကြီးရှိသည်။ စွမ်းအားရှင်မုန်းတီးကြောက်ရွံ့ရေးသတင်းလွှင့်ယုံနဲ့ နိုင်ငံဟါဒီမိုကရေစီရ သွား မည်မဟုတ်တာတော့သေချာပါသည်။ ကျွန်တော် ကြားဖူးသောဖြစ်ရပ်တစ်ချို့တွင် စွမ်းအားရှင်ကို ရပ်ကွက် ကျေးရွာများထဲမှ မိုက်စမိုက်နရှိပြီး အလုပ်မရှိအကိုင်မရှိ လူများကိုစည်းရုံးဖွဲ့စည်းထားခြင်းဖြစ်သည်ဟု၎င်း၊ ကျူးကျော်ရပ်ကွက်များတွင်နေထိုင်ပြီး မိသားစုစားဝတ် နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရသော အိမ် ထောင်ဦးစီးများကို နေ့ကြေးပေး ချိမ်းခြောက်ပြီး လုပ်ခိုင်းဖြစ်သည်ဟု၎င်း၊ ထောင်တွင်းမှ ပြစ်မှုဖြင့် နှစ်ကြီး ထောင်ဒဏ်ခံနေရသူများထဲမှ ခိုင်းလို့လည်းရ၊ အပြင်လောက ခဏထွက်ချင်သူ များကိုစည်း ရုံးပြီး လုပ်ခိုင်း သည်ဟု၎င်း အမျိုးမျိုးကြားဖူးခဲ့သည်။ ဆိုလိုချင်သည်မှာ စွမ်းအားရှင် ဆိုတာဘယ်သူ၊ ဘာ၊ ဘယ်မှာနေပြီး၊ ဘာကြောင့်လုပ်တယ်ဆိုတာကို အားလုံးကတာဝန်သိသိ စုံစမ်းထားသင့်သည်။ ၄င်းတို့သည် တချိန်တွင် သွေး ထွက်သံယိုသမိုင်းရဲ့ အဖိုးတန်မျက်မြင်သက်သေများဖြစ်လာကြမည်။ တရားစီရင် ရေးအဖွဲ့အစည်းများ၏ သက် ရှိထင်ရှာလူသက်သေများဖြစ်လာကြမည်။ ရန်သူရဲ့မိတ်ဆွေကို မိတ်ဆွေဖြစ်အောင်လုပ်နိုင်လျှင် ရန်သူအား ပျော့သွားမည်၊ ရန်သူ့အားနည်းချက်ကိုသိရမည်ဆိုတာမျိုးကို စစ်အစိုးရအကြီးကဲများက သေသေချာချာအ ကွက်ချလုပ်ခဲ့သည်။ ကျွန်တော်တို့တတ်နိုင်သမျှ လုံ့လထုတ်ပြီး ရှာဖွေစောင့်ကြည့်နေသင့်သည်။ အော်ဖို့လို အပ်က အော်ကြရမည်။
ကျွန်တော်ဒါတွေကိုဘာကြောင့်ပြေရသလဲဆိုတော့ မီဒီယာများ၊ ပါတီသစ်များ၊ နိုင်ငံရေးသုံးသပ်သူများ အားလုံး က ရွေးကောက်ပွဲဝင်မည့်အဖွဲ့အစည်းများအရေးကိုသာအာရုံစိုက်နေကြ၊ သတင်းရေးသားနေကြပြီး အကယ် ၍ရွေးကောက်ပွဲဖြစ်လာခဲ့သည်ရှိသော် နိုင်ငံတိုင်း(အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင်) မဲရွေးချယ် ရေးကာလတွင် လက်ရှိအာဏာရအဖွဲ့အစည်းများ၏ လုပ်လေ့လုပ်ထရှိတတ်သော မဲလိမ်ခြင်း၊ အဓိကရုန်းများ ဖန်တီးခြင်မျိုးကို တသက်လုံးမဟုတ်တာလုပ်လာသည့် စစ်အစိုးရကလက်ရှောင်ပါမည်လားဆိုတာ မည်သူ အာ မခံပြီး၊ မည်သူထောက်ခံပါမည်နည်းဆိုတာသိလိုပါသည်။ စစ်အစိုးရသည် အဆီတဝင်းဝင်းနှင့် နိုင်ငံတော်အာ ဏာနှင့် အမည်းကွက်တွေများလွန်းခဲ့သောသူ့အနာဂတ်ကို လူကြီးမင်းတို့လက်ထဲ ကြည်ကြည်ဖြူဖြူ အေးအေး လူလူထည့်ပေးသွားမည်ဟု ထင်နေမှာကိုတော့ စာရေးသူမဆီမဆိုင် ဝင်ပူမိ လို့ဒီစာကိုရေးမိခြင်းလည်း ဖြစ်ပါ သည်…။ ပွဲဆူပြီး ပေါ်ပြူလာဖြစ်ရေးလုပ်ချင်လျှင် အခြားသော ပြည်တွင်းသတင်းတစ်ပုဒ်သာရေးမိမည်ဖြစ်ပါ သည်။
အထူးသဖြင့် ရွေးကောက်ပွဲဝင်မည့် ပါတီများအထူးဂရုစိုက် သင့်သည်..။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ နိုင်ငံသည် လမ်းပန်းဆက်သွယ်ရေး၊ တယ်လီဖုန်းဆက်သွယ်ရေးလည်း သူတို့လက်ထဲမှာရှိသည်။ ဗျူဟါကျကျ ဆွေးနွေးပေးရလျှင် စစ်အစိုးရသည် ယခုအခါ ဒေသအားလုံးတွင် လမ်းလျောက်စကားပြောစက် သို့မဟုတ် ရေ ဒီယိုများကို သူ၏လက်အောက်ခံ ဒေသအာဏာပိုင်များထံသို့ ဖြန့်ဝေပေးထားခဲ့ပြီးဖြစ်သည်။ ထိုအခြေအနေ သည် ရွေးကောက်ပွဲကာလအတွင်း ရပ်ကျေး (ရပ်ကွက်များ၊ ကျေးရွာများ) များတွင် ဒီပဲယင်းလို လုပ်ကြံ မှုအသေးစားလေးများကို လွယ်ကူစွာစီမံ နိုင်စေရန်ဖြစ်ပြီး တယ်လီဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ချလိုက်ပြီး သက်သေမရှိသော အထက်ကညွှန်ကြားချက်များကို ရေဒီယိုမှတဆင့် ပေးလိုက်ပြီး မထင်မှတ်သော ဖန်တီးမှုများဖန်တီးလိုက်ပါက မဲဆွယ်သူများ၊ အတိုက်အခံပါတီများ၊ ယုံယုံကြည်ကြည်ဝင် ရောက်ယှဉ်ပြိုင်နေသောပါတီခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ပြည်သူများအားလုံး၏အခြေအနေသည် မမျှော် မှန်းနိုင်သော အန္တရာယ်ရှိသည့် အခြေနေတွင်ရှိလေသည်။ ဒီပဲယင်းအရေးအခင်းကို ယနေ့အထိ တရားခံ ဘယ်သူထွက်မလာဘဲ ဒေသခံပြည်သူတွေနဲ့ဖြစ်တာဆိုပြီး သက်သေမဲ့၊ အကြောင်းပြချက်မဲ့ စွတ်ဆွဲပြီး ဖြေရှင်း ခဲ့သော စစ်အစိုးရအနေနဲ့ တနေ့နေ့ အဲလိုအခြေနေမျိုးကို ပါတီတစ်ခုခုရင် ဆိုင်လာရသည်ရှိသော် ထိုနည်းကို ပင် အောင်မြင်စွာဆက်လက်သုံးစွဲဖွယ်ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူတရပ်လုံးနှင့် နိုင်ငံတကာ အားပေးထောက်ခံမှုရှိသောသူမျိုးကိုပင်လျှင် တရားခံမပေါ်သော ထိုကဲ့သို့သောလုပ် ရပ်မျိုးဖြင့် လုပ်ခဲ့ရဲလျှင် ယနေ့ရွေးကောက်ပွဲဝင်မည့် ပါတီများမိမိကိုယ်ကိုယ်ကျိုတင်ပြင်ဆင်ထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းပါတီများသည် စစ်အစိုးရဆွဲသော၊ ပြည်သူလက်မခံနိုင်သော စည်းဝိုင်းထဲဝင်၍ ကစားရခြင်းဖြစ်သဖြင့် ပြည် သူ ၏အယုံကြည်၊ အကာကွယ်မဲ့နေပြီး၊ ရန်သူဖြစ်လာနိုး၊ မိတ်ဆွေဖြစ်လာနိုး မကွဲပြားသေးသော စစ်အစိုးရ၏ ဝိုင်းထဲဝင်ပြီး မိမိဘဝကိုရင်းရမှာသည် စွန့်စားမှုကြီးသည်။ ထို့ကြောင့်အန္တရာယ်ကြီးသည်…။
ကွက်လပ်ဖြည့်ပါ။ ဝင်ရွေးပါ။ စပေ့ချဲ့ပါဟု မနူးမနပ်ခေတ်ပညာတတ် တပည့်ငယ်များကို လွှတ်တော်ထဲက နေ ရာလွတ်တွေကိုဘဲပြတတ်ပြီး တကယ့် လက်တွေ့ ရွေးကောက်ပွဲကာလတွင် အောက်ခြေ၌ ရင်ဆိုင်ရနိုင်ခြေ ရှိသည့် ထိုကဲ့သို့သော သတ်ကွင်းတွင်း အသက်လုပြေးတတ်ရေးကိုလည်း သင်ပေးထားသလားဆိုတာ ကို (ကွက်လပ်ဖြည့်ပါဆန်ပင်သန်ဆေးရောင်းနေသူလို) ကွက်လပ်ဝင်ဖြည့်ခိုင်းနေသော ဆရာတစ်ဦးကိုလည်း ရေးရင်း တွေးမိလို့ ထည့်ရေးလိုက်ပါသည်။ နောက်တစ်ခုစဉ်းစားမိတာက ထိုသတ်ကွင်းများကို မိမိကိုယ်တိုင် မြင်ပြီး ချက်ကစားသလို ပွန်းလေးတွေ အရင်တင်လိုက်ပြီး ကင်းကိုချက်ခါနီးမှာ ငါဝင်ပြီးနေရာယူမယ်စိတ်ကူးနဲ့ ကလေးတွေကို အရင်ထိုးလျော်ထားတာများလား။ ဆရာ့စကားနားဝင်ကါ လွှတ်တော်ထဲကနေရာလွတ်များ သာ မြင်ပြီး ကွက်လပ် ဝင်ဖြည့်ချင်နေသော လူငယ်ပညာတတ်လေးများလည်း ကျွန်တော့်စာဖတ်ပြီးဆင်ခြင်နိုင်ပါစေ၊ မိမိကိုယ်ကိုပြန်လည်စောင့်လျောက်နိုင်ကြပါစေ။
ခင်ဗျားတို့ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ခေတ်ကါလကြီးဟါ ယုတ်မာနိုင်တဲ့လူဟါအနိုင်ရနေတဲ့ကာလကြီး ဖြစ်သလို လူယုတ်မာတွေ ကြီးစိုးနေတဲ့ ခေတ်ကြီးလည်းဖြစ်ပါတယ်။ အဲလိုလူယုတ်မာတွေနဲ့ ပရောပရီရှိနေ သော ခင်ဗျားတို့ဆရာများသည်လည်း ဘာလည်းဆိုတာပြန်လည်သုံးသပ်နိုင်ပါစေကြောင်း အဝေးကဆုတောင်း မိပါတယ်။ အင်္ဂုလိမာလလို ကိုယ်တိုင်မသတ်ချင်၊ ဇနီးမဆုံးရှုံးချင်လို့ လက်ညှိုးတစ်ထောင်ဖြတ်ပူဇော်ခိုင်းတဲ့ ဆ ရာမျိုးနဲ့ကင်းစေကြောင်းလည်း ဆန္ဒပြုလိုက်ပါသည်။
ကျွန်တော်ဥပမာပေးချင်ပါတယ်။ ကြည့်မြင်တိုင်တဘက်ကမ်းတွင်ဖြစ်သွားသော အေးလွင်၏အဖွဲ့နှင့် ကြံ့ခိုင်ရေး များ ဖြစ်သောအခြေနေမျိုးများဖြစ် ပေါ်လာနိုင်ပြီး အဖိုးတန်အသက်များ၊ သွေးများမြေခမည့်အရေးကို ခေတ်မှီဖွံ့ ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တော်ကြီးဖြစ်ပေါ်လာတာထက် ပိုမြင်ကြိုတင် စိုးထိပ်တွေးတော စိုးရိမ်နေပါ သည်။
အိန္ဒိယမှာ အနာကြီးရောဂါဆေးရုံးဖွင့်ဖို့ နေရာသွားကြည့်သောသီလရှင်မာသာထရီဆာကြီးကို ကြေးစား(ဆင်းရဲ သား) လူအုပ်ကြီးကရိုက်ဖို့ဝိုင်းလိုက်ခဲ့ဖူးပါသည်။ ၄င်းနိုင်ငံသည် ဒီမိုကရေစီနိုင်ငံကြီးဖြစ်ပါသည်။ ဆင်းရဲသား ရပ်ကွက်တွေကို ဖျက်ပြီးစီမံကိန်းလုပ်ကွက်သစ်တစ်ခုလုပ်ချင်လျှင်၊ ပြိုင်ဘက်တစ်ယောက်ကို ဆော်ချင်လျှင် ကြေးစားလုပ်ရိုက်ပေးသော(ဆင်းရဲသားများ) လူများဒုနဲ့ဒေး။ ထို့အပြင် ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးခေတ်ဦးတုန်းက သတင်းစာသမား နှင့် အမတ်လောင်းများတချို့ ထိုကဲ့သို့သော လူမိုက်များလက် ချက်နှင့် အသက်ဆုံးရှုံး ခဲ့ရဖူးပါသည်။ မှတ်သိကြားဖူးသော ဆရာကြီးများပြန်လည်ရေးသားသင့်ပါသည်။
ကျွန်တော်စဉ်းစားမိတာက စည်းရုံးရေးဆင်းချိန်များမှာ ရင်ဆိုင်ရမည့်အခြေနေများသည် သွေးထွက်သံယိုမှုမှ သည်၊ အသက်ဆုံးရှုံးသည်အထိရင်ဆိုင်ရနိုင်သည်ဟု ထင်မြင်မိသည်။ နိုင်ငံအသီးသီးက အာဏာရှင်အဆက် ဆက်၏ နည်းစနစ်မျိုးစုံကိုရောသုံးထားသော ကျွန်တော်တို့ရဲ့ ဒီမိုကရေစီလမ်းဖျက်မြေပုံ(၇)ချက်၏ နောက် တဆင့်ဖော်ဆောင်မှုဖြစ်သောရွေးကောက်ပွဲမှာ နိုင်ငံအတွက် အကျိုးပြုအဖိုးတန်အမတ်လောင်းတွေသာ ပေါ် ထွန်း လာစေပြီး လွမ်းဆွတ်ကျေကွဲဖွယ် လူသေအလောင်းတွေ တောင်ပုံရာပုံမဖြစ်ပါစေကြောင်း ကျိတ်ဆု တောင်းရပါဦးမည်။ စာထဲတွင် ဆုတောင်းပေးရမှုများ များနေပြီး ဆုတ်ခေတ်ကြီး ဖြစ်နေသဖြင့် ကျွန်တော့် ဆုတောင်းပြည့်မှာမဟုတ်တာတော့ သေချာပါလေသည်။ မုန်းလျှင်အပြစ်၊ ချစ်လျှင်အကျိုး ကျွန်တော်ဒီစာကို အဲဒီနှစ်ခုကြားက ခံစားမှုနှင့်ရေးသားပေးပို့လိုက်ပါသည်….။

နိုင်ငံပြုသစ္စာဖြင့်

**ရွက်သစ်**
( ဗုဒ္ဓဟူးနေ့)၁၄. ၄. ၂၀၁၀

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)