ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, April 10, 2010

ရွေးကောက်ပွဲ ကိုသပိတ်မှောက်ခြင်းဖြင့် အင်အားတရပ် ဖြစ်လာနိုင်

> မြန်မာနိုင်ငံတွင် ၁၉၉ဝ ခုနှစ်နောက်ပိုင်း အနှစ် ၂ဝ ကျော်အတွင်း စစ်အစိုးရမှ ပထမဆုံးအကြိမ် ကျင်းပပေးမည့် ၂ဝ၁ဝ ပါတီစုံ ရွေးကောက်ပွဲသည် မသေချာ မရောရာမှုများ ပြည့်နှက်နေသဖြင့် မြန်မာနိုင်ငံသည် ရှုပ်ထွေးနက်နဲသော အကျပ်အတည်းတွင် ကျရောက်နေသည်။
အခြေအနေ အရပ်ရပ်အား မျှမျှတတ ဝေဖန်သုံးသပ်ရပါလျှင် စစ်အစိုးရ ခေါင်းဆောင်များကိုသာ အပြစ်တင်ရပေလိမ့်မည်။ စစ်ခေါင်းဆောင်များသည် ညှာတာမှုကင်း၍ ရက်စက်သော နည်းလမ်းများဖြင့် နိုင်ငံရေး အာဏာအား ရယူထားခဲ့သဖြင့် ပြည်သူလူထုထံ နိုင်ငံရေးအာဏာကို ပြန်လည်အပ်နှင်းရန်မှာ ၎င်းတို့၏ တာဝန်ပင် ဖြစ်သည်။ စစ်ခေါင်းဆောင်များသည် ၁၉၉ဝ ခုနှစ်က ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်အား အကောင်အထည်ဖော်ပေးရန် ငြင်းဆန်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ လူထုလှုပ်ရှားမှု၏ ဖိအားနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဖိအားပေးမှုများကြောင့် စစ်အစိုးရသည် မြန်မာနိုင်ငံအား စစ်အုပ်ချုပ်ရေးစနစ်မှ အရပ်သား အုပ်ချုပ်ရေးစနစ်သို့ ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ရေးအတွက် ဟုဆိုကာ စေ့စပ်ဆွေးနွေးမှုများကို မျက်နှာပန်း ပြရုံသက်သက် လုပ်ဆောင်လာခဲ့သည်။ သို့သော် အကွက်ချ ဇာတ်တိုက်ထားသော ဆောင်ရွက်မှုများနှင့် ဗန်းပြရုံသက်သက် လုပ်ဆောင်ချက်များကြောင့် ၎င်းတို့၏ ဇာတိရုပ်အမှန် ပေါ်ထွက်လာခဲ့ရသည်။

စစ်အစိုးရသည် အတိုက်အခံများဘက်မှ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့သည့် အချက်အလက်များအား ယခုအချိန်ထိ ငြင်းဆန်နေခဲ့သည်။ စစ်အစိုးရသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း အတိုက်အခံများနှင့် စေ့စပ်ဆွေးနွေး ညှိနှိုင်းမှုများ မပြုလုပ်ခဲ့ပေ။ ထို့ပြင် စစ်အစိုးရသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရာပေါင်းများစွာသော အတိုက်အခံများအား အကျဉ်းချထားဆဲ ဖြစ်သည်။

ဝေဖန်ထောက်ပြမှုများကို မထီမဲ့မြင်ပြု၍ စစ်အစိုးရသည် ဝိုင်းဝန်းပြစ်တင်ရှုတ်ချခြင်း ခံနေရသော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ဆက်လက်စွဲကိုင်ကာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ရှေ့ဆက်ရန် ပြင်ဆင်နေပေသည်။ ထို့ပြင် ၎င်းတို့သည် နိုင်ငံရေး အကျဉ်းသားများအား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည့် ရွေးကောက်ပွဲ ဥပဒေများ ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် ရေနစ်သူအား ဝါးကူထိုးသကဲ့သို့ ပြုမူခဲ့သည်။

စစ်အစိုးရ၏ တမင်အကွက်ချ ရည်ရွယ်ထားသော လုပ်ရပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ပါတီတွင်း မဲခွဲဆုံးဖြတ်ခဲ့ရသည့် အခြေအနေအထိ ဦးတည်သွားစေခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သကဲ့သို့ ဖြစ်သွားစေရန် တွန်းပို့လိုက်သကဲ့သို့ ရှိသည်။

ယခုလက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ တရားနည်းလမ်း မကျမှုတို့ကို နားလည်ရန်အတွက် မြန်မာနိုင်ငံ၏ အခြေခံဥပဒေများနှင့် ရွေးကောက်ပွဲများ၏ သမိုင်းကြောင်းကို ခြေရာခံ လေ့လာရန် လိုသည်။ ယခင်က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲ ဥပဒေများသည် ယခုတကြိမ်နှင့် အလွန်ခြားနားနေပေသည်။ ယခင်က ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများသည် နိုင်ငံရေးပါတီများသာ ဖြစ်ပြီး စစ်တပ်မှ ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။ ယခုအကြိမ်တွင်မှူ စစ်တပ်သည် ဥပဒေပြုသူနှင့် ဘုရင်သဖွယ် ဖြစ်နေခဲ့သည်။

သမိုင်းက ပြနေသည်မှာ အာဏာရှင် တော်တော်များများသည် ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်လိုက်တိုင်း အာဏာဆုံးရှုံးကာ အကြီးအကျယ် ကျရှုံးလေ့ရှိကြသည်။ ထို့ကြောင့် အချို့ပါးနပ်သော အာဏာရှင်များသည် ဒီမိုကရေစီ မဆန်သော နည်းလမ်းများအား အသုံးပြုလျက်ပင် ၎င်းတို့၏ နိုင်ငံရေး ပါဝင်ပတ်သက်မှုအား စနစ်တကျ တပ်ဆုတ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ဖြစ်ရပ်များသည်လည်း ထိုဖြစ်ရပ်များနှင့် ဆင်တူနေပေသည်။ လက်ရှိ အာဏာရ စစ်အစိုးရသည် ရွေးကောက်ပွဲအား အကန့်အသတ်များစွာ သတ်မှတ်၍ ကျင်းပပြုလုပ်ပေးလိုက်ခြင်းအားဖြင့် ပြောင်းလဲမှု လမ်းကြောင်းများအား စိတ်ကြိုက်ထိန်းချုပ်ကာ အပြောင်းအလဲ ကာလအား ရှည်လျားစွာ ဆွဲဆန့်ရန် ကြိုးစားနေပေသည်။ အလားတူ ဖြစ်ရပ်မျိုး ကင်ညာနှင့် မက္ကဆီကိုတွင်လည်း ဖြစ်ပွားခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် အတိုက်အခံများအား ရွေးကောက်ပွဲကို သပိတ်မှောက်စေသည်အထိ ဦးတည်စေခဲ့သည့် အချက်အလက်များ ရှိခဲ့သည်။ နိုင်ငံအတွင်း လုံခြုံစိတ်ချရ၍ လွတ်လပ်သော ပတ်ဝန်းကျင် အနေအထားမျိုး ရှိရေးမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခု ကျင်းပရန်အတွက် မရှိမဖြစ် လိုအပ်ချက်တခုဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝဝဝ ကျော် ရှိနေဆဲဆိုသည့် အချက်မှာ ထိုမရှိမဖြစ် လိုအပ်ချက်အား ဆန့်ကျင်နေပေသည်။

ထို့ကြောင့် ထိုနိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခြင်းသည် စစ်အစိုးရအနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စများ ဖြစ်သည်။ ဒုတိယ လိုအပ်သော အချက်မှာ မျှတသော နိုင်ငံရေးကစားကွင်းတခု ဖန်တီးရေးအတွက် စစ်တပ်သည် နိုင်ငံရေးပါတီ တခုကဲ့သို အခွင့်အရေးမျိုး မယူသင့်ပေ။ ထို့ပြင် လွတ်လပ်စွာ စည်းဝေးခွင့်နှင့် စုစည်းခွင့်များ၊ လွတ်လပ်သော သတင်းဌာနများ၊ လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲ ကော်မရှင်၊ ရွေးကောက်ပွဲအား လွတ်လပ်စွာ လေ့လာခွင့်များ၊ နိုင်ငံရေးပါတီများအပေါ် တန်းတူအခွင့်အရေး ပေးမှုများနှင့် သမာသမတ်ကျသော တရားစီရင်ရေး စနစ်တို့သည်လည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေးအတွက် မရှိမဖြစ် လိုအပ်ပေသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေတွင် ထိုအခြေခံ လိုအပ်ချက်များအား တခုမှ ဖြည့်ဆည်းပေးထားခြင်း မရှိပေ။ ထို့ကြောင့် ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်းသည် နောက်ဆုံးပိတ် ရွေးချယ်စရာတခု ဖြစ်လာခဲ့သည်။ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်မှု ဖြစ်စဉ်သည် မဲပေးမည့်သူများက ရွေးကောက်ပွဲ တရားမျှတမှု မရှိသည့် အခါတိုင်း အသုံးပြုနိုင်သော ငြိမ်းချမ်းသည့် နိုင်ငံရေးလက်နက်တခု ဖြစ်သည်။

နိုင်ငံရေးပါတီများနှင့် အတိုက်အခံ အင်အားစုများ၏ ကြေညာချက်များအရ ရွေးကောက်ပွဲ ဥပဒေများအပေါ် ဆန့်ကျင်ကန့်ကွက်မှုများ တိုးပွားလာနေကြောင်း တွေ့ရသည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရထားခဲ့သည့် အင်အားအကြီးဆုံးသော အတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှု မရှိသည့်အတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည် မဟုတ်ဟု ကြေညာခဲ့သည်။ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များကလည်း NLD ၏ ရပ်တည်ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြသည်။ တိုင်းရင်းသားပါတီ ၁၂ ခု ပူးပေါင်းထားသော ၁၉၉ဝ ရွေးကောက်ပွဲတွင် ၆၇ နေရာ အနိုင်ရခဲ့သည့် မြန်မာလူမျိုးစုများ ဒီမိုကရေစီမဟာမိတ် တပ်ပေါင်းစု (Myanmar National Democracy Alliance Army) ကလည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် အပစ်အခတ်ရပ်စဲရေး အဖွဲ့များစွာကလည်း စစ်အစိုးရ၏ လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်သို့ ကူးပြောင်းရေး ရာဇသံကို ဆက်လက် ငြင်းဆန်နေကြဆဲဖြစ်သည်။ ထို့ပြင် ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များကလည်း ရွေးကောက်ပွဲ ဥပဒေများအပေါ် ဝေဖန်ခဲ့ကြပြီး ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတလိမ့်မည်ဟု မထင်ကြောင်း ဝေဖန်ပြောကြားခဲ့ကြသည်။ ခြုံငုံ၍ သုံးသပ်ရလျှင် ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချနိုင်မှုနှင့် အများလက်ခံနိုင်မှု ဆုံးရှုံးနေပြီး အကယ်၍သာ အတိုက်အခံ အင်အားစုများအနေဖြင့် စည်းလုံးမှု ရှိခဲ့ပြီး ရွေးကောက်ပွဲအပေါ် ကျယ်ပြန့်စွာ သပိတ်မှောက်နိုင်ခဲ့လျှင် ရွေးကောက်ပွဲ၏ တရားဝင်မှုအပေါ် ထိုးနှက်နိုင်ပေလိမ့်မည်။

ထွက်ပေါ်လာသည့် မေးခွန်းတခုမှာ သပိတ်မှောက်ပြီးလျှင် ဘာလုပ်ကြမလဲဆိုသည့် မေးခွန်းဖြစ်သည်။ စစ်အစိုးရသည် ဆန္ဒပြပွဲများအား ထိပ်တိုက်ရင်ဆိုင်ရာ၌ သွေးဆာတတ်သည့် သဘာဝရှိကြောင်း ပြသခဲ့ပြီး ဖြစ်သည်။ စစ်အစိုးရ၏ အုပ်ချုပ်မှု အာဏာကို အဆုံးသတ်နိုင်စေရန်အတွက် လူထုလှုပ်ရှားမှုများ ပြုလုပ်ခြင်းနှင့် ရွေးကောက်ပွဲတွင် မဲမပေးကြရန် လှုံ့ဆော်ခြင်းသည်သာ ရွေးချယ်စရာ နည်းလမ်းများ ဖြစ်ပေလိမ့်မည်။ အဓိကကျသည့်အချက်မှာ နောက်ဆုံးပိတ် အဆုံးအဖြတ်ပေးနိုင်မည့် မဲဆန္ဒရှင်များအပေါ်တွင် အတိုက်အခံများက စည်းရုံးဝါဒဖြန့်နိုင်သည့် အရည်အသွေး ရှိခြင်း၊ မရှိခြင်း အပေါ်တွင် မူတည်နေပေသည်။

ပြည်တွင်းနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်မှုများသည် စစ်အစိုးရအား စိတ်ပျက်ကာ ကြံရာမရ ဖြစ်သွားစေနိုင်ပြီး အောက်တန်းကျသော နည်းလမ်းများ၊ တရားမျှတမှု မရှိသော နည်းလမ်းများဖြင့် ဆန့်ကျင်မှုများကို တုံ့ပြန်လာပေလိမ့်မည်။ အင်အားသုံး၍ ဖိနှိပ်ချုပ်ချယ်ခြင်းသည် စစ်အစိုးရ၏ လက်ထဲတွင် ကျန်ရစ်ခဲ့သည့် တခုတည်းသော နည်းလမ်း ဖြစ်လာပေလိမ့်မည်။ အကယ်၍ ထိုနည်းလမ်း အောင်မြင်ခဲ့လျှင်မူ စစ်အစိုးရအနေဖြင့် အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်မည် ဖြစ်သော်လည်း မထိန်းချုပ်နိုင်ခဲ့လျှင် စစ်အစိုးရအနေဖြင့် အလျှော့ပေးလိုက်ရကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားလာလိမ့်မည် ဖြစ်သည်။

ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်းသည် မြန်မာ့နိုင်ငံရေးအပေါ် ကြီးမားစွာ အရှိန်သက်ရောက်နိုင်ပြီး နောက်ဆုံးရလဒ်ကတော့ အချက်အလက်များစွာပေါ်တွင် မူတည်နေသည်။ ထို့ကြောင့် စစ်အစိုးရအတွက်ရော၊ အတိုက်အခံများအတွက်ပါ စိန်ခေါ်မှုများ စောင့်ကြိုနေလျက် ရှိတော့သည်။

***ဘီ.ကေ ဆန် (B.K.Sen)*** | သောကြာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၂၀ မိနစ်

မြန်မာနိုင်ငံတွင် ၁၉၉ဝ ခုနှစ်နောက်ပိုင်း အနှစ် ၂ဝ ကျော်အတွင်း စစ်အစိုးရမှ ပထမဆုံးအကြိမ် ကျင်းပပေးမည့် ၂ဝ၁ဝ ပါတီစုံ ရွေးကောက်ပွဲသည် မသေချာ မရောရာမှုများ ပြည့်နှက်နေသဖြင့် မြန်မာနိုင်ငံသည် ရှုပ်ထွေးနက်နဲသော အကျပ်အတည်းတွင် ကျရောက်နေသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)