ကြာပန်းတစ်ထောင် ခြံရံလျက်
မဟာဗောဓိ ရွှေဥာဏ်သည်
အလျှံညီးညီး တန်ဆောင်မီးကဲ့သို့
အမှောင်ကြီးထဲမှာ ထွန်းလင်းတော်မူခဲ့ပြီ…။
**ဤယနေ့ကား
ဗောဓိဥာဏ်ရှင် မြတ်သခင်၏
သန့်စင်မွေးဖွားတော်မူသော နေ့ပေတည်း…။
**လုမနီသာမော၊ အင်ကြင်းတော၌
အဂေါဟ သ္မိလောကေ
ရဲရင့်စွာ နှုတ်ခွန်းချွေ၍
ဤမြေပေါ်၌ ရပ်တည်လိုက်ပြီ။
**အမိုက်တရားများ ဝေးရာရှားကြလော့
ဘုရားဗုဒ လာချေပြီ...။
**ဥတ္တမပုရိသ၊ မြတ်ဗုဒကား
လောက၏ အမှောင်တိုက်တွင်
ကျွတ်ထိုက်သူများ ဗိုလ်လူတို့အား
နိဗူတာလမ်း မြတ်စခန်းသို့
ကျွတ်တမ်းဝင်စေပြီးနောက်...။
**သက်တော်ရှစ်ဆယ်၊ အရွယ်တော် တိုင်အောင်
အင်ကြင်းမြိုင် အင်ကြင်ဥယျာဉ်
မလ္လာမင်းတို့၏ မြေသန့်စင်၌
ပရိနိဗာန် ၀င်သည်အထိ
ဒေသနာစဉ် မပြတ်မစဲ
တရားပွဲ ဆင်တော်မူခဲ့ချေသည်...။
**ကျွတ်တမ်းဝင်သူတွေ အနန္တ
သံသရာဝဲမြစ်၌
လက်ပစ်ကူး ကျန်ခဲ့သူတွေအနန္တ
တရားဓမ္မ ချစ်သူတွေအနန္တ
အဓမ္မချစ်သူတွေ အနန္တ
အနန္တ များစွာထဲက
ထူးကဲလှစွာ သီလပညာ
သမာဓိ ရှိသတို့သာ
မြင်သိနိုင်ရာသော တရားမြတ်ကို
အပ္ပမာဒေန သမ္ပာဒေထ
မမေ့မလျော့ မပေါ့မဆ
သတိလက်ကိုင် မြဲကြဖို့
သြ၀ါဒကထာ နောက်ဆုံး မှာခဲ့သည်...။
**အင်ကြင်းမြိုင် အစ
အင်ကြင်းမြိုင် အဆုံး
အင်ကြင်းပန်းတွေ ဝေနေတုန်း
တရားပန်းနံ့ သင်းပျံ့တုန်း
လောကအလုံးကလဲ
မောဟဖုံးနေဆဲပင်...။ ။
*** တင်မိုး ***
(၂၉၊ ဧပြီလ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
**ဤလူ့ဘောင်သို့
ကြာပန်းတစ်ထောင် ခြံရံလျက်
မဟာဗောဓိ ရွှေဥာဏ်သည်
အလျှံညီးညီး တန်ဆောင်မီးကဲ့သို့
အမှောင်ကြီးထဲမှာ ထွန်းလင်းတော်မူခဲ့ပြီ…။
**ဤယနေ့ကား
ဗောဓိဥာဏ်ရှင် မြတ်သခင်၏
သန့်စင်မွေးဖွားတော်မူသော နေ့ပေတည်း…။
**လုမနီသာမော၊ အင်ကြင်းတော၌
အဂေါဟ သ္မိလောကေ
ရဲရင့်စွာ နှုတ်ခွန်းချွေ၍
ဤမြေပေါ်၌ ရပ်တည်လိုက်ပြီ။
**အမိုက်တရားများ ဝေးရာရှားကြလော့
ဘုရားဗုဒ လာချေပြီ...။
**ဥတ္တမပုရိသ၊ မြတ်ဗုဒကား
လောက၏ အမှောင်တိုက်တွင်
ကျွတ်ထိုက်သူများ ဗိုလ်လူတို့အား
နိဗူတာလမ်း မြတ်စခန်းသို့
ကျွတ်တမ်းဝင်စေပြီးနောက်...။
**သက်တော်ရှစ်ဆယ်၊ အရွယ်တော် တိုင်အောင်
အင်ကြင်းမြိုင် အင်ကြင်ဥယျာဉ်
မလ္လာမင်းတို့၏ မြေသန့်စင်၌
ပရိနိဗာန် ၀င်သည်အထိ
ဒေသနာစဉ် မပြတ်မစဲ
တရားပွဲ ဆင်တော်မူခဲ့ချေသည်...။
**ကျွတ်တမ်းဝင်သူတွေ အနန္တ
သံသရာဝဲမြစ်၌
လက်ပစ်ကူး ကျန်ခဲ့သူတွေအနန္တ
တရားဓမ္မ ချစ်သူတွေအနန္တ
အဓမ္မချစ်သူတွေ အနန္တ
အနန္တ များစွာထဲက
ထူးကဲလှစွာ သီလပညာ
သမာဓိ ရှိသတို့သာ
မြင်သိနိုင်ရာသော တရားမြတ်ကို
အပ္ပမာဒေန သမ္ပာဒေထ
မမေ့မလျော့ မပေါ့မဆ
သတိလက်ကိုင် မြဲကြဖို့
သြ၀ါဒကထာ နောက်ဆုံး မှာခဲ့သည်...။
**အင်ကြင်းမြိုင် အစ
အင်ကြင်းမြိုင် အဆုံး
အင်ကြင်းပန်းတွေ ဝေနေတုန်း
တရားပန်းနံ့ သင်းပျံ့တုန်း
လောကအလုံးကလဲ
မောဟဖုံးနေဆဲပင်...။ ။
*** တင်မိုး ***
(၂၉၊ ဧပြီလ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
No comments:
Post a Comment