ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်မြို့ကို ရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားအလွှာပေါင်းစုံ (စက်ရုံအလုပ်ရုံ- စိုက်ပျိုးရေး- ဆောက်လုပ်ရေး) တို့ရဲ့ စုပေါင်းရဟန်းခံ ရှင်ပြုပွဲကို `ခွန်အားသစ် အလုပ်သမားများအဖွဲ့´က ကြီးမှူးပြီး ဘွေးကလာကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ယနေ့ (မြန်မာသင်္ကြန် အကြတ်နေ့၊ ထိုင်းသင်္ကြန်အတက်နေ့)မှာ ကျင်းပကြတာကို အခုလိုတွေ့မြင်ရပါတယ်။ ဒီစုပေါင်းအလှူပွဲဟာ `ဒုတိယအကြိမ်မြောက်´ကျင်းပတာဖြစ်ပြီး ဒီနှစ်မှာတော့ ဒုလ္လဘရဟန်း (၇၁)ပါး၊ သီလရှင် (၂၃)ပါး၊ သာမဏေ (၃၁)ပါးတို့ ပါဝင်ကြပါတယ်။ ကိုင်း- ကျနော်တို့ မြန်မာအလုပ်သမားအလွှာပေါင်းစုံနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ ဟောဒီအလှူပွဲကို ဘယ်လိုဘယ်ပုံပျော်ရွှင်စွာဆင်နွှဲကြသလဲဆိုတာကို တစ်ချက် ရှုစားလိုက်ပါဦး။
*** သတင်းမှတ်တမ်း- မြန်မာပြည်သား ***

No comments:
Post a Comment