ဘန်ကောက် အနီး မဟာချိုင်မြို့ ရှိ ဘုန်းတော်ကြီးကျောင်း၃ကျောင်းတွင် မြန်မာအလုပ်သမားများစုပေါင်းပြီး
ဒုလ္လဘရဟန်းခံ၊ရှင်ပြု၊သီလရှင်နှင့် ယောဂီများအဖြစ် အသွင်ကူးပြောင်း ပြီး သင်္ကြန်တွင်း တရားစခန်းဖွင့် အလှူပွဲကြီးကိုကျင်းပခဲ့ကြကြောင်းသိရသည်။
သက်တော်၈၀ ကျော် ထိုင်းဘုန်းတော်ကြီးနှင့် ရွှေတွံတေးဆရာတော်တို့ ကဦးစီးပြီး
မဟာချိုင်မြို့ စွယ်စစ်စောင်(၁၂)လမ်းရှိ ၀တ်ခေါင်မရိယ ဘုန်းတော်ကြီးကျောင်းတွင် ဒုလ္လဘရဟန်းအပါး
၁၀၀၊သီလရှင် ၄၇ပါးနှင့် ယောဂီ ပုဂ္ဂိုလ်(ကျားမ)အပါး၃၀၀ တို့ လူဝတ်ကြောင်လဲလှယ်ကြသည်။
ဒုတိယ ဆေးပေါင်းကျောင်းတွင် ဒုလ္လဘ ရဟန်း ၅၃ပါး၊၊ကိုရင် ၇ပါးနှုင့် သီလရှင် ၅၁ပါး တို့ လူဝတ်ကြောင်
လဲကြသည်။မြန်မာများဆုတောင်းပြည့်စေတီတည်ထားကိုးကွယ်ထားသည့်ဝ ပ်ဲဟုန်ဘုန်းတော်ကြီးကျောင်း
တွင် ဒုလ္လဘ ရဟန်း ၅၇ပါး ရဟန်းဝတ်ကြသည်။
ပွဲဖြစ်မြောက်အောင်စီစဉ်သူများဖြစ်သည့် ကိုအောင်ကျော်၊ ကိုကျော်လှစိုး၊ကိုစောမောင်နှင့် ကိုနိုင်တို့ က
“မြန်မာလူမျိုးတွေဟာ ဗုဒ္ဓဘာသာအပေါ်မှာ ဘယ်လောက်ထိ အလေးအမြတ်ထားတယ်၊ရိုးရာယဉ်ကျေးမှု
တွေကို ဘယ်လောက်အထိ ထိန်းသိမ်းစောင့်ေ၇ှာက်တယ်၊ ဆိုတာတွေကို အခြားလူမျိုးတွေသိစေချင်တာက
တပိုင်း၊ မိရိုးဖလာအစ ဉ် အလာကောင်းတွေကို ဘယ်လောက်တန်ဘိုးထားတယ်ဆိုတာတွေကိုပြချင်တဲ့သ
ဘောပါ၊ ပြီးတော့မိမိတို့ ရဲ့ ခန္ဓာသိတရားအရ ကောင်းမှုကုသိုလ် ပြုကြတာလဲပါတာပေါ့လေ”ဟုပြောဆိုကြ
သည်။
အလှူပွဲကြီးဖြစ်မြောက်စေရန် ရန်ပုံငွေဟူ၍သီးခြားစုဆောင်းထားခြင်းမရှိပဲ သင်္ကြန်ကာလနီးခါမှ မြန်မာအလုပ်
သမားများ၏စုပေါင်းထည့်ဝင်ငွေများဖြင့် ပြုလုပ်ကြကြောင်းသိရှိရသည်။ ယခင်နှစ်များက ဆေးပေါင်းကျောင်း
တစ်ခုတည်းတွင်သာ ကျင်းပခဲ့သော်ယခုနှစ်တွင် လူအရေအတွက်များသဖြင့် ၃ နေရာခွဲ ကျင်းပခဲ့၇ကြောင်း
တရားခန်းနှင့်အလှူပွဲစီစ ဉ်ဆောင်ရွက်သူများကပြောသည်။မဟာချိုင်ဒေသတွင်မြန်မာအလုပ်သမားသိန်းချီရှိ
ကြောင်းသိရှိရသည်။
**ကိုကျော်သောင်း (ဘန်ကောက်)**
**(ဧပြီ ၁၃။၂၀၁၀)**

No comments:
Post a Comment