ဂန္တ၀င်မြောက်စွာ
တာသင်္ကြန်ကို ဖွင့်လှစ်
စတိုင်အသစ်နှင့်
နွေကိုချစ်ကြောင်း သက်သေပြ
နွေသီချင်းအဟောင်းတွေ ပြန်မဆို
နွေပရိသတ်ကို လေးစားပုံက…။
**နွေအလှမှာ
ရွှေရောင်ပိတောက်တွေပါသလို
ငုဝါတွေလည်းပါဝင်
နွေသင်္ကြန်သရုပ်
သူတို့လှုပ်ရှားပါဝင်ပီပြင်လိုက်ပါဘိ….။
**တန်ခူးနဲ့ ပိတောက်
ပိတောက်နဲ့ ငုဝါ
ငုဝါနဲ့ သင်္ကြန်
အဲဒါ နွေအနုပညာ မဟာအင်အားစု
တင်ဆက်မှု ဇာတ်လမ်းတွဲများ…..။
**နွေရဲ့အလှ သင်္ကြန်ကျတိုင်း
မြန်မာ့ရိုးရာ ရေသဘင်ပွဲ
ခြိမ့်ခြိမ့်သဲသဲ
ကျနော်တို့လည်း ပါဝင်နွှဲ
မော်ဒယ်ဂဲလ်က ပိတောက်ဝါ
သူ့ညီမ ငုဝါလည်းပါ
မြန်မာတို့ရဲ့ သင်္ကြန်အလှ
စိတ်ဓာတ်ဖြူစင် ယဉ်ကျေးစွ….။ ။
*** မောင်နွယ်အောင် (မြေပြန့်) ***
( ဧပြီလ ၂၀၀၇-ခုနှစ် စုံထောက်မဂဇင်းမှ ကူးယူဖော်ပြသည်။)
**နွေပိတောက်နဲ့ နွေငုဝါ
ဂန္တ၀င်မြောက်စွာ
တာသင်္ကြန်ကို ဖွင့်လှစ်
စတိုင်အသစ်နှင့်
နွေကိုချစ်ကြောင်း သက်သေပြ
နွေသီချင်းအဟောင်းတွေ ပြန်မဆို
နွေပရိသတ်ကို လေးစားပုံက…။
**နွေအလှမှာ
ရွှေရောင်ပိတောက်တွေပါသလို
ငုဝါတွေလည်းပါဝင်
နွေသင်္ကြန်သရုပ်
သူတို့လှုပ်ရှားပါဝင်ပီပြင်လိုက်ပါဘိ….။
**တန်ခူးနဲ့ ပိတောက်
ပိတောက်နဲ့ ငုဝါ
ငုဝါနဲ့ သင်္ကြန်
အဲဒါ နွေအနုပညာ မဟာအင်အားစု
တင်ဆက်မှု ဇာတ်လမ်းတွဲများ…..။
**နွေရဲ့အလှ သင်္ကြန်ကျတိုင်း
မြန်မာ့ရိုးရာ ရေသဘင်ပွဲ
ခြိမ့်ခြိမ့်သဲသဲ
ကျနော်တို့လည်း ပါဝင်နွှဲ
မော်ဒယ်ဂဲလ်က ပိတောက်ဝါ
သူ့ညီမ ငုဝါလည်းပါ
မြန်မာတို့ရဲ့ သင်္ကြန်အလှ
စိတ်ဓာတ်ဖြူစင် ယဉ်ကျေးစွ….။ ။
*** မောင်နွယ်အောင် (မြေပြန့်) ***
( ဧပြီလ ၂၀၀၇-ခုနှစ် စုံထောက်မဂဇင်းမှ ကူးယူဖော်ပြသည်။)


No comments:
Post a Comment