အင်္ဂလန်လက်ရွေးစင်ဟောင်း-ဘောလုံးလူဆိုးတစ်ဥ:ီဖြစ်သူ ဂတ်စ်ကွိုင်နီ အရက်ဆိုင်မှပြန်လာရာ လမ်းဘေး တွင် သူတောင်းစားတစ်ဦးနှင့် တွေ့သည်။ `တစ်ဒေါ်လာ လောက်စွန့်ကြဲခဲ့ပါလားခင်ဗျာ´
`ငါမင်းကို တစ်ဒေါ်လာပေးတာနဲ့ မင်းအရက်သွားသောက်မှာမဟုတ်လား သိတာပေါ့´
`မသောက်ရပါဘူးဗျာ´
`ဒါဆို ဒီတစ်ဒေါ်လာနဲ့ မင်းလောင်းကစားလုပ်မှာမလား၊ ဒါတော့အသေအချာပဲ´

`လောင်းကစားလည်းမလုပ်ပါဘူးဗျာ´
ဂတ်စ်ကွိုင်နီစဉ်းစားသွားသည်။ ခဏအကြာတွင် `အေး… ဒါဆိုလည်းပြီးရော မင်းကိုတစ်ဒေါ်လာပေးမယ်။ ငါနဲ့အတူ အိမ်ကိုလိုက်ခဲ့´
`ဘာလိုက်လုပ်ရမှာလဲ´
`အေး…. ငါ့မိန်းမကို ပြချင်လို့ မသောက်မစား လောင်းကစား မလုပ်တတ်တဲ့လူဆိုတာ ဘယ်လိုဖြစ်တတ်သလဲဆိုတာလေ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment