မဲခေါင်မြစ်ရေခမ်းခြောက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီ:မှုများကြောင့် ဒေသတွင်းပြည်သူများ အခက်
အခဲကြုံတွေ့ နေခြင်းများကိုသိရှိစေရန်နှင့်မဲခေါင်မြစ်အထက်အပိုင်းတွင် ရေကာတာကြီးတွေတည်ဆောက်
ထားသောတရုတ်အစိုးရအား ကန့် ကွက်စာတစ်စောင် အားမဲခေါင်သဘာဝထိမ်းသိမ်းရေးလှုပ်ရှားမှုအဖွဲ့ က
ဘန်ကောက်မြို့ ရှိ တရုတ်သံမ:ှုထံသို့ ပေးအပ်ခဲ့သည်။
ယနေ့ စောစောပိုင်းက ဘန်ကောက်မြို့ ၊တရုတ်သံရုံးရှေ့ တွင် ဆန္ဒပြပွဲတ၇ပ် ကျင်းပခဲ့ကြပြီး ကန့် ကွက်စာအား သံရုံးတာဝန်ခံမှတစ်ဆင့် တရုတ်အစိုးရထံသို့ ပေးပို့ ခဲ့ခြင်းဖြစ်သည်။
ထိုင်းလာအိုနိုင်ငံတို့ မှ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလှုပ်ရှားသူများ ယမန် နေ့ ကဘန်ကောက်မြို့ တွင်
စည်းဝေးပွဲတခုကျင်းပခဲ့ပြီးယနေ့ ဆန္ဒပြပွဲကို အ ကောင်အထည်ဖေါ်ခြင်းဖြစ်သည်။
အနှစ်၄၀ အတွင်းမဲခေါင်မြစ်ရေမျက်နှာပြင်အနိမ့်ဆုံးဖြစ်လာကြောင်းလှုပ်ရှားသူများကဆိုသည်။။ရေစီးနုန်း
အထူးနှေးကွေးလာသဖြင့် မြစ်ရေများကောလာပြီး၊မြေနုကျွန်းများ၊သန္တာကျောက်တန်းများမှာ မြေပေါ်တွင်ပေါ်နေပြီးဖြစ်သည်။
ရေအောက်နေသည့် ငါးပုစွန်များနေစရာမရှိသဖြင့်ငါးများအထူးရှားပါးသဖြင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက် မွေး
ဝမ်းကျောင်းပြုသော တံငါသည်များမှာ ရပ်တည်ရေးအထူးခက်ခဲလာသည်ဟုဆိုသည်။
မြစ်ေ၇မှာအထူးနည်းပါးသဖြင့် မိုးခေါင်ခြင်းများကြောင့်မြစ်ပတ်ဝန်းကျင်များ ပျက်စီးလာပြီး စိုက်ပျိုးမရဖြစ်
လာကြောင်းပြောသည်။
မဲခေါင်မြစ်အထက်ပိုင်းမှာနေထိုင်သောတရုတ်နိုင်ငံက ဆည်ကြီးများတည်ဆောက်ထားသောကြောင့် မြစ်အောက်ပိုင်းမှာနေသောထိုင်းနဲ့ လာအိုနိုင်ငံက လယ်သမားများ တံငါသည်တွေ ဘ၀ရပ်တည်ရေး ခက်ခဲကျပ်တည်းလာလာကြောင်းလှုပ်ရှားသူတွေကပြောသည်။
ထိုင်းလယ်သမားတစ်ဦးက“ ကျနော်တို့ စိုက်ခင်းကို မိုးရောနွေပါေ၇မရောက်တော့ဘူး၊ ဟို..မြစ်အောက်ပိုင်းက
ရေကို အဝေးကနေတင်ရတော့ စက်မောင်းဆီ့ မတတ်နိုင်တော့ဘူး၊ဒီအတိုင်းဆိုရင် ကျနော်တို့ 
အကုန်ဒုက္ခရောက်လာမယ်” ဟုပြောသည်။
ထို့အပြင် ရှားပါးအပင်များ၊သားငါးမျိုးစိပ်များ၊ အမျိုးပါပျောက်ကွယ်သွားပြီး သဘာဝများပြောင်းလဲကုန်
ကြောင်းပြောသည်။
ဆန္ဒပြခေါင်းဆောင်နှင့်တရုတ်သံရုံးတာဝန်ခံတို့  ဘာသာပြန်မှ တဆင့် အပြန်အလှန်ပြောဆိုကြပြီး ဆန္ဒပြ
သူများပေးသောပေးစာကို တရုတ်အစိုးရထံသို့ အမြန်ဆုံးပေးပို့ မည်ဟုကတိပြုသည်။
ယနေ့ ဆန္ဒပြသူများကအလိုအလျှောက်သေသွားသည့်ဝါးမြစ်များကို ပိတ်စများနှုင့်ပါတ်ပြီး တရုတ်သံရုံးရှေ့ တွင် ၀ိုင်းဖွဲ့ တီးခတ် ကခုန်ကြသည်။နဂါးခေါင်းတံဆိပ် ရိုက်ထားသော တီရှပ်အဖြူများ
ကိုဝတ်ဆင်ထားကြပြီး မိုးပြာရောင်အလံငယ်များကိုယ်စီကိုင်ဆောင်ပြီး ဆောင်းဘောက်များဖွင့်ကာ ကခုန်
ဆန္ဒပြကြသည်။
မဲခေါင်မြစ်ဝှန်းတွင် မြန်မာ၊လာအို၊ကမ္ဘောဒီယား။ထိုင်းနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံတို့ မှီတင်းနေထိုင်ကြသည်။
တရုတ်နိုင်ငံသည် ၁၉၉၆ ခုနှစ်မှကစပြီး၂၀၀၈ အထိ မဲခေါင်မြစ်အထက်ပိုင်းတွင် ရေကာတာ ၄လုံးတည်
ဆောက်ပြီးဖြစ်ကြောင်း ယနေ့ ပေးပို့ သောစာတွင်ရေးသားထားးသည်။ နောက်ထပ်လည်းရေကာတွေတည်ဆောက်ရန်ပြင်ဆင်နေခြင်းများအားရပ်တန့် ရန်တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူ တစ်ရာဝန်းကျင်ခန့် ရှိပြီး ဆန္ဒပြပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။
သတင်း.Ko Kyaw Thaung(BKK)
(ဧပြီ ၃။၂၀၁၀)

No comments:
Post a Comment