အင်္ဂလန်လက်ရွေးစင်ဟောင်း ဂတ်စ်ကွိုင်နီ၏ သမီးဖြစ်သူမှာ သူ၏ ချစ်သူနှင့် လက်ထပ်တော့မည့်အကြောင်း မိဘများကို အသိပေးလာသည်။ တစ်ဦးတည်းသော သမီးဖြစ်၍ သမီးဖြစ်သူနှင့် လက်ဆက်မည့်သူအကြောင်း မိဘများကမေးမြန်းကြသည်။ ဂတ်စ်ကွိုင်နီက `ဟုတ်ပါပြီ… သမီးရယ်… သမီးရဲ့ချစ်သူက ဘယ်လိုလူမျိုးလဲ အဓိ က ကတော့
သူ့မှာလေးစားလောက်တဲ့အကျင့်စာရိတ္တနဲ့ ကိုယ့်ကျင့်တရားရောရှိရဲ့လား´ သမီးဖြစ်သူက `သိပ်ရှိတာပေါ့ အဖေရာ… သူကအသုံးအစွဲ အလွန်စေ့စပ်သေချာတဲ့သူဖြစ်တဲ့အပြင် အရက်လည်းမသောက်၊ ဆေးလိပ်လည်း မသောက်တတ်ဘူး။ ဒါ့အပြင်သဘောကောင်းတဲ့ မယားကြီးနဲ့ လိမ္မာတဲ့ကလေး ၃-ယောက်လည်းရှိသေးတယ်လေ…´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်ဆိုသည်။
*** (ရွှင်ပြုံးတခဏ-ဘောလုံးဟာသ) ***

No comments:
Post a Comment