ခိုင်မာအောင် အုတ်မြစ်ချခဲ့တဲ့
အနိရုဒ္ဓ ပုဂံမင်းမြတ်ကို
ငါတို့ ဘယ်လို ကျေးဇူးဆပ်ရမလဲ။
**တန်ခိုးတော် မယုံစား
ကိုယ့်အား ကိုယ်ကိုး
ကိုယ့်အကျိုး ကိုယ်ဆောင်
ကိုယ်အောင်ဖို့ ကိုယ်တိုင်လုပ်ရတဲ့
ဗုဒ္ဓရဲ့ အမွေအနှစ်နဲ့
နိုင်ငံသစ် တည်ဆောက်ခဲ့တယ်။
**လမ်းမှန်ကို သိမြင်
လမ်းသစ်ကို ထွင်ခဲ့တဲ့
ပုဂံဘုရင်ရဲ့ သဒ္ဓါတရားကို
ငါတို့ ညွတ်တွားလျက်
ဘုရား၊ တရား၊ သံဃာ
ရတနာစစ် ရတနာမှန် သုံးရောင်နဲ့
ထွန်းပြောင်စေခဲ့တဲ့ ငါတို့မြေ
မြန်မာနိုင်ငံရဲ့ ကျက်သရေကို
ငါတို့တတွေ မထိန်းသိမ်းရင်
ပိန်းပိတ်တဲ့ အမှောင်တိုက်
ငါတို့လောက် မိုက်မဲသူ ရှိဦးမလား...။ ။
*** တင်မိုး ***
(၂၃၊ မေလ၊ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)
**ဗုဒ္ဓမြတ်စွာ သာသနာကို
ခိုင်မာအောင် အုတ်မြစ်ချခဲ့တဲ့
အနိရုဒ္ဓ ပုဂံမင်းမြတ်ကို
ငါတို့ ဘယ်လို ကျေးဇူးဆပ်ရမလဲ။
**တန်ခိုးတော် မယုံစား
ကိုယ့်အား ကိုယ်ကိုး
ကိုယ့်အကျိုး ကိုယ်ဆောင်
ကိုယ်အောင်ဖို့ ကိုယ်တိုင်လုပ်ရတဲ့
ဗုဒ္ဓရဲ့ အမွေအနှစ်နဲ့
နိုင်ငံသစ် တည်ဆောက်ခဲ့တယ်။
**လမ်းမှန်ကို သိမြင်
လမ်းသစ်ကို ထွင်ခဲ့တဲ့
ပုဂံဘုရင်ရဲ့ သဒ္ဓါတရားကို
ငါတို့ ညွတ်တွားလျက်
ဘုရား၊ တရား၊ သံဃာ
ရတနာစစ် ရတနာမှန် သုံးရောင်နဲ့
ထွန်းပြောင်စေခဲ့တဲ့ ငါတို့မြေ
မြန်မာနိုင်ငံရဲ့ ကျက်သရေကို
ငါတို့တတွေ မထိန်းသိမ်းရင်
ပိန်းပိတ်တဲ့ အမှောင်တိုက်
ငါတို့လောက် မိုက်မဲသူ ရှိဦးမလား...။ ။
*** တင်မိုး ***
(၂၃၊ မေလ၊ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)


No comments:
Post a Comment