တရားမျှတမှုက မီးပြတ်သလိုပြတ်
အဆိုးအမှား မကောင်းသူတွေရဲ့ နောက်ဆုံးနိဂုံးရောက်မှ
သုဘရာဇာလဲ ပထမဆုံး ပြုံးနိုင်လိမ့်မယ်.....။
**အရှက်မဲ့များက ဘောင်းဘီချွတ်ပြီး
အကာကွယ်မဲ့ ဘာမှပြန်မ၀တ်သေးတဲ့
မလွတ်မလပ် ၀တ်လစ်စလစ် အချိန်ကာလ
ရေရှားတဲ့အရပ်မှာ ရေတိမ်နစ်
စစ်ရမ္မက်တွေနဲ့
အဖြစ်အပျက်က အသစ်စက်စက် အပျက်များနေတယ် ။
**ငြိမ်းချမ်းရေး လရောင်ကင်းမဲ့
စစ် ညအမှောင်တွေက
သူ့ရဲ့နောက်ဆုံးပေါ် အတ္တလက်များနဲ့
ချို့တဲ့စဲ ဘ၀များကို
စစ်အင်္ကျီအပေါက်အပြဲ အိပ်ကပ်ထဲ
မလုံမခြုံ မွန်းကြပ်စွာ ထိုးထည့်နေတယ် ။
**သံသရာ ရထားမှာ
ကံကြမ္မာ လက်မှတ် ကျပျောက်ပြီး
အကြွေရှားပေမဲ့
အကြွေးက ပေါများတဲ့ ခေတ်
စားဝတ်နေရေး အပူမီးများနဲ့
ဒုစရိုက်မီးများ
ဈေးမီးလို နေရာတကာ တောက်လောင်နေတယ် ။
**အလွဲအမှားတွေနဲ့ တန်ဆာဆင်
မဲပြားများက ကာလာဖလင်လို
စစ် ပိတ်ကားပေါ်မှာ ပုံရိပ်ထင်
ဘ၀ လမ်းမများက ဆိုးဝါး
ခိုးစားသူတွေသာ တိုးပွားနေတယ် ။
**ဘ၀ သာယာချင်လို့ ချဲထိုးမဲ့အစား
အစ ကတည်းက အာဏာရှင်ကို ဆွဲထိုးခဲ့ရင်
ပွဲသိမ်းကောင်းခဲ့တာ ကြာပြီ.....။
**စာရိတ္တ ဆင်းရဲခြင်း သောင်ကမ်းခြေမှာ
စစ်မုန်တိုင်းက နောက်ဆက်တွဲ ၀င်မွှေတော့
အသက်သွေးနဲ့ရေးတဲ့ ဘ၀ အသည်းကွဲဇာတ်တွေ
ဝေဒနာကပ်ကာ ခြေရာထပ် လိုက်လာတယ် ။
**ညာသံပေးပြီး ကပ်လိုက်လာတဲ့ ဒုက္ခတွေ
ကာရန်နဲ့ ဝေးတဲ့ မသေမချာ ဘ၀မှာ
နာခံဖို့ အမှန်တရားကို လိုက်ရှာတော့
ဘောင်းဘီချွတ်ထားတဲ့ အပြစ်အနာ မုသာဝါဒများသာ ပိုတွေ့ရတယ် ။
**အောင်ခိုင်မြင့် **
**သစ္စာတရားကို ရေငတ်သလိုငတ်
တရားမျှတမှုက မီးပြတ်သလိုပြတ်
အဆိုးအမှား မကောင်းသူတွေရဲ့ နောက်ဆုံးနိဂုံးရောက်မှ
သုဘရာဇာလဲ ပထမဆုံး ပြုံးနိုင်လိမ့်မယ်.....။
**အရှက်မဲ့များက ဘောင်းဘီချွတ်ပြီး
အကာကွယ်မဲ့ ဘာမှပြန်မ၀တ်သေးတဲ့
မလွတ်မလပ် ၀တ်လစ်စလစ် အချိန်ကာလ
ရေရှားတဲ့အရပ်မှာ ရေတိမ်နစ်
စစ်ရမ္မက်တွေနဲ့
အဖြစ်အပျက်က အသစ်စက်စက် အပျက်များနေတယ် ။
**ငြိမ်းချမ်းရေး လရောင်ကင်းမဲ့
စစ် ညအမှောင်တွေက
သူ့ရဲ့နောက်ဆုံးပေါ် အတ္တလက်များနဲ့
ချို့တဲ့စဲ ဘ၀များကို
စစ်အင်္ကျီအပေါက်အပြဲ အိပ်ကပ်ထဲ
မလုံမခြုံ မွန်းကြပ်စွာ ထိုးထည့်နေတယ် ။
**သံသရာ ရထားမှာ
ကံကြမ္မာ လက်မှတ် ကျပျောက်ပြီး
အကြွေရှားပေမဲ့
အကြွေးက ပေါများတဲ့ ခေတ်
စားဝတ်နေရေး အပူမီးများနဲ့
ဒုစရိုက်မီးများ
ဈေးမီးလို နေရာတကာ တောက်လောင်နေတယ် ။
**အလွဲအမှားတွေနဲ့ တန်ဆာဆင်
မဲပြားများက ကာလာဖလင်လို
စစ် ပိတ်ကားပေါ်မှာ ပုံရိပ်ထင်
ဘ၀ လမ်းမများက ဆိုးဝါး
ခိုးစားသူတွေသာ တိုးပွားနေတယ် ။
**ဘ၀ သာယာချင်လို့ ချဲထိုးမဲ့အစား
အစ ကတည်းက အာဏာရှင်ကို ဆွဲထိုးခဲ့ရင်
ပွဲသိမ်းကောင်းခဲ့တာ ကြာပြီ.....။
**စာရိတ္တ ဆင်းရဲခြင်း သောင်ကမ်းခြေမှာ
စစ်မုန်တိုင်းက နောက်ဆက်တွဲ ၀င်မွှေတော့
အသက်သွေးနဲ့ရေးတဲ့ ဘ၀ အသည်းကွဲဇာတ်တွေ
ဝေဒနာကပ်ကာ ခြေရာထပ် လိုက်လာတယ် ။
**ညာသံပေးပြီး ကပ်လိုက်လာတဲ့ ဒုက္ခတွေ
ကာရန်နဲ့ ဝေးတဲ့ မသေမချာ ဘ၀မှာ
နာခံဖို့ အမှန်တရားကို လိုက်ရှာတော့
ဘောင်းဘီချွတ်ထားတဲ့ အပြစ်အနာ မုသာဝါဒများသာ ပိုတွေ့ရတယ် ။
**အောင်ခိုင်မြင့် **


No comments:
Post a Comment