လေသန့် နေသန့်တဲ့ အရပ်မှာ
မြင့်မြတ်တဲ့ ကဗျာဆရာကြီး နေတယ်။
**လိမ္မော်နံ့သင်းသင်း ချင်းနံ့မွှေးမွှေး
မြေစေးနီတဲ့ အရပ်မှာ
မြင့်မြတ်တဲ့ ကဗျာဆရာကြီး နေတယ်။
**ဓနု ပလောင် တောင်ရိုး အင်းသား
စကားသံ ၀ဲဝဲ
နှင်းမှုန်ဖွဲဖွဲကျတဲ့ အရပ်မှာ
မြင့်မြတ်တဲ့ ကဗျာဆရာကြီး နေတယ်။
**ကဗျာဘုရားဖူးပြီး
စိတ်ကူးဥာဏ် ကြွယ်ကြွယ်နဲ့
လူငယ် လူလတ်အပေါင်း
ကဗျာအကြောင်း စာအကြောင်း ပြောမဝ
မွှေးမြမြ လက်ဖက်ခြောက်နဲ့
လက်ဖက်ရည်ကြမ်း သောက်ရင်း
ကောက်ညှင်းပေါင်း ရှမ်းတို့ဟူး
ကြည်နူးစွာ မြည်းစမ်း
ရှမ်းပြည်ရနံ့ သင်းတဲ့အရပ်မှာ
မြင့်မြတ်တဲ့ ကဗျာဆရာကြီး နေတယ်။
အောင်ပန်း-တဲ့၊ သာမိုင်းခမ်း-တဲ့
**တောင်တန်းတွေ ပတ်လည်ဝိုင်း
တောင်လှိုင်းတွေ အထပ်ထပ်
ချယ်ရီပွင့် တဝေေ၀
ရှမ်းတို့မြေ မောဒေသ
မောင်နှမ ညီအစ်ကိုတို့
သာချိုတဲ့ အပြုံးပန်း
ပွင့်လန်းရာ အရပ်မှာ
မြင့်မြတ်တဲ့ ကဗျာဆရာကြီး နေတယ်။
**မြင့်မြတ်မှုကို
ဂုဏ်ပြုပူဇော် ဖူးမြော်ကြဖို့
ဒေသစုံ နယ်စုံက
ပန်းကြာငုံတွေ ဦးခိုက်
အထူးသိုက်မြို့်တဲ့ ပွဲသဘင်မှာ
ပြုံးရွင်ရယ်မော
ကဗျာဆရာကြီးရဲ့ မနောမှာ
အဟောဝတ ကောင်းလေစွလို့
တဖွဖွ ဥဒါန်းကျူးပေမယ်။
**နောင်မျိုးဆက် လက်ဆင့်ကမ်းဖို့
ပန်းစည်းတွေ ကိုင်ကာစောင့်ပေမယ်။
**ပန်းမျိုးတွေ ဆင့်ပွား
ပန်းများရာထောင် ပွင့်စေသတည်း…။ ။
*** တင်မိုး ***
(၁၅ မေလ၊ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)
**ထင်းရှုးရိပ် ထင်းရှုးနံ့
လေသန့် နေသန့်တဲ့ အရပ်မှာ
မြင့်မြတ်တဲ့ ကဗျာဆရာကြီး နေတယ်။
**လိမ္မော်နံ့သင်းသင်း ချင်းနံ့မွှေးမွှေး
မြေစေးနီတဲ့ အရပ်မှာ
မြင့်မြတ်တဲ့ ကဗျာဆရာကြီး နေတယ်။
**ဓနု ပလောင် တောင်ရိုး အင်းသား
စကားသံ ၀ဲဝဲ
နှင်းမှုန်ဖွဲဖွဲကျတဲ့ အရပ်မှာ
မြင့်မြတ်တဲ့ ကဗျာဆရာကြီး နေတယ်။
**ကဗျာဘုရားဖူးပြီး
စိတ်ကူးဥာဏ် ကြွယ်ကြွယ်နဲ့
လူငယ် လူလတ်အပေါင်း
ကဗျာအကြောင်း စာအကြောင်း ပြောမဝ
မွှေးမြမြ လက်ဖက်ခြောက်နဲ့
လက်ဖက်ရည်ကြမ်း သောက်ရင်း
ကောက်ညှင်းပေါင်း ရှမ်းတို့ဟူး
ကြည်နူးစွာ မြည်းစမ်း
ရှမ်းပြည်ရနံ့ သင်းတဲ့အရပ်မှာ
မြင့်မြတ်တဲ့ ကဗျာဆရာကြီး နေတယ်။
အောင်ပန်း-တဲ့၊ သာမိုင်းခမ်း-တဲ့
**တောင်တန်းတွေ ပတ်လည်ဝိုင်း
တောင်လှိုင်းတွေ အထပ်ထပ်
ချယ်ရီပွင့် တဝေေ၀
ရှမ်းတို့မြေ မောဒေသ
မောင်နှမ ညီအစ်ကိုတို့
သာချိုတဲ့ အပြုံးပန်း
ပွင့်လန်းရာ အရပ်မှာ
မြင့်မြတ်တဲ့ ကဗျာဆရာကြီး နေတယ်။
**မြင့်မြတ်မှုကို
ဂုဏ်ပြုပူဇော် ဖူးမြော်ကြဖို့
ဒေသစုံ နယ်စုံက
ပန်းကြာငုံတွေ ဦးခိုက်
အထူးသိုက်မြို့်တဲ့ ပွဲသဘင်မှာ
ပြုံးရွင်ရယ်မော
ကဗျာဆရာကြီးရဲ့ မနောမှာ
အဟောဝတ ကောင်းလေစွလို့
တဖွဖွ ဥဒါန်းကျူးပေမယ်။
**နောင်မျိုးဆက် လက်ဆင့်ကမ်းဖို့
ပန်းစည်းတွေ ကိုင်ကာစောင့်ပေမယ်။
**ပန်းမျိုးတွေ ဆင့်ပွား
ပန်းများရာထောင် ပွင့်စေသတည်း…။ ။
*** တင်မိုး ***
(၁၅ မေလ၊ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)


No comments:
Post a Comment