မျက်စိအထူးကု ဆရာဝန်ကြီးတစ်ဦးသည် လမ်း၌ စမ်းတ၀ါးဝါးဖြင့် လမ်းလျှောက်နေသည့် အမျိုးသမီးကြီးတစ်ဦးကိုတွေ့၍ မေးမြန်းလေသည်-
ဆရာဝန်ကြီး။ ။ အဒေါ့်မျက်လုံးတွေက မမြင်ရဘူးလား။
အမျိုးသမီးကြီး။ ။ ဟုတ်ကဲ့။
ဆရာဝန်ကြီး။ ။ ကျနော်က မျက်စိအထူးကုဆရာဝန်တစ်ဦးပါ။
အမျိုးသမီးကြီး။ ။ ဟုတ်ကဲ့။
ဆရာဝန်ကြီး။ ။ အဒေါ့်မျက်လုံးတွေ ပြန်မြင်ရအောင် ကုသပေးပါ့မယ်။
အမျိုးသမီးကြီး။ ။ ရှိပါစေတော့ကွယ်။
ဆရာဝန်ကြီး။ ။ ငွေကြေးမယူဘဲ အခမဲ့စေတနာနဲ့ ကုသပေးမှာပါ။
အမျိုးသမီးကြီး။ ။ ရှိပါစေကွယ်…။ ဒီအတိုင်းပဲကောင်းပါတယ်။
ဆရာဝန်ကြီး။ ။ ဘာဖြစ်လို့လဲ အဒေါ်။
အမျိုးသမီးကြီး။ ။ ဒီအတိုင်းက ငွေကြေးအလှူခံလို့ ပိုကောင်းလို့ပါ။
ဆရာဝန်ကြီး။ ။ `ဗျာ´
မှတ်ချက်။ ။ ဘ၀အမောပြေစာမျက်နှာမှ ကူးယူဖော်ပြသည်။
**(ဘ၀အမောပြေစာမျက်နှာ)**

No comments:
Post a Comment