*** ခန္ဓာကိုယ်အဆီကျဆေး သုံးစွဲမှုများလျှင် အသည်းနှင့်ကျောက်ကပ် ထိခိုက်နိုင် ***
ခန္ဓာကိုယ် အဆီကျဆေးများ အလွန်အကျွံ သုံးစွဲပါက ဘေးထွက်ဆိုးကျိုးများ ရရှိခံစားရဖွယ်ရှိကြောင်း သုတေသီများက သတိပေးပြောကြားလိုက်သည်။ ဆန်ခါတင် ကိုလက်စထရော အဆီကျဆေးများ အလွန်အကျွံ သုံးစွဲမိပါက အသည်းနှင့် ကျောက်ကပ်များ ထိခိုက်ပျက်စီးစေနိုင်ကြောင်း နော့တင်ဟမ်တက္ကသိုလ်မှ သုတေသနပညာရှင်များက သတိပေးထားခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် သန်းပေါင်းများစွာသော အရွယ်ရောက်ကြသူများသည် ကိုလက်စထရော အဆီကျဆေးများ သုံးစွဲလျက်ရှိသည်။
ထိုသို့ သုံးစွဲနေကြခြင်းမှာ ခန္ဓာကိုယ် အ၀လွန်မှု လျှော့ချရန်ဖြစ်သည်။ အထူးသဖြင့် ခန္ဓာကိုယ် အ၀လွန်မှုကြောင့် ဖြစ်ပွားလာမည့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကို လျှော့ချရန်အတွက် ရည်ရွယ်ပြီး သုံးစွဲနေကြခြင်းဖြစ်ကြောင်း ဗြိတိသျှသုတေသီများက ပြောကြားသည်။ ခန္ဓာကိုယ်အဆီကျဆေးများ သုံးစွဲမှုများပါက အသည်းနှင့် ကျောက်ကပ်ကြွက်သားများ အားနည်းလာပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်နိုင်သည်ဟု ဆိုသည်။ နော့တင်ဟမ်တက္ကသိုလ်မှ သုတေသီများသည် အင်္ဂလန်နှင့် ဝေလတို့မှ အသက် ၃၀-မှ ၈၀-ကြားရှိ ပြည်သူ နှစ်သန်းကျော်တို့အား ခြောက်နှစ်ကြာ သုတေသနပြုရာမှ အဆီကျဆေး အလွန်အကျွံသုံးစွဲသူများမှာ အသည်းနှင့် ကျောက်ပ်ရောဂါများ ခံစားနေကြရသည်ကို လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
*** ကလေးများသို့ အိတ်ခ်ျအိုင်ဗွီမကူးစက်ရေး မိခင်များဂရုပြုသင့် ***
(လန်ဒန်၊ မေလ ၂၁-ရက်)
သက္ကရာဇ် ၂၀၁၅-ခုနှစ်အရောက် ကလေးများ မွေးဖွားကြရာတွင် အိတ်ခ်ျအိုင်ဗွီပိုးရှိသော ကလေးများ ပို၍များပြားမလာရေး ကမ္ဘာ့ရန်ပုံငွေ အဖွဲ့ကြီးက တိုက်တွန်းထားသည်။ ယင်းရန်ပုံငွေအဖွဲ့ကြီးက လာမည့် သုံးနှစ်အတွင်း ကလေးများအား အိတ်ခ်ျအိုင်ဗွီ၊ တီဘီနှင့် ငှက်ဖျားရောဂါများ မကူးစက်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀-အကုန်အကျခံ၍ သုံးစွဲသွားရန် စီစဉ်လျက်ရှိသည်။ အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုးသည် ကလေးများသို့ မိခင်များထံမှ ကိုယ်ဝန်ဆောင်စဉ်သော် လည်းကောင်း၊ နို့တိုက်ရာတွင် လည်းကောင်း၊ ကလေးမွေးခန်းမှ လည်းကောင်း ပျံ့နှံ့ ကူးစက်ခံနေရသည်။ ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နှစ်စဉ်ကလေး ၄၃၀၀၀၀ အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခံနေကြရသည်။ ယင်းအတွက် သက်ဆိုင်ရာအစိုးရများက ရောဂါ ထိန်းချုပ်ရေး ကြိုးပမ်းသွားကြရန်လည်း ကမ္ဘာ့ရန်ပုံငွေအဖွဲ့က တိုက်တွန်းထားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ကောင်းမြတ်သူ ***
*** Public Health ***

No comments:
Post a Comment