ရွရွပြေးလာတဲ့ လှိုင်းရေ။
ကမ်းစပ်မှာ စေတီဦးဆီသို့
ဖူးမျှော်ဖို့ လေ။
**ချောင်းသာမှာ ခေါင်းခါတတ်လေခဲ့
ကမ်းစပ်က အုန်းပင်တွေ
လေပြည်က ဆော့မြူး။
**အရောင်မလွင်
သောင်ပြင် ညိုပြာလဲ့
ငိုကာမဲ့ မိုးတိမ်မှိုင်းတို့
အုံ့ဆိုင်းကာ ကောင်းကင်လမ်းက
လွမ်းပန်းကို ခူး။
လွမ်းလှိုင်း လိမ့်လိမ့်လူး။
ပန်းရိုင်းသိမ့်သိမ့်ဖူး…။ ။
*** တင်မိုး ***
(၂၇၊ မေလ၊ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
**မိုးခြေသံ ဖွဖွကလေးနဲ့
ရွရွပြေးလာတဲ့ လှိုင်းရေ။
ကမ်းစပ်မှာ စေတီဦးဆီသို့
ဖူးမျှော်ဖို့ လေ။
**ချောင်းသာမှာ ခေါင်းခါတတ်လေခဲ့
ကမ်းစပ်က အုန်းပင်တွေ
လေပြည်က ဆော့မြူး။
**အရောင်မလွင်
သောင်ပြင် ညိုပြာလဲ့
ငိုကာမဲ့ မိုးတိမ်မှိုင်းတို့
အုံ့ဆိုင်းကာ ကောင်းကင်လမ်းက
လွမ်းပန်းကို ခူး။
လွမ်းလှိုင်း လိမ့်လိမ့်လူး။
ပန်းရိုင်းသိမ့်သိမ့်ဖူး…။ ။
*** တင်မိုး ***
(၂၇၊ မေလ၊ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)


No comments:
Post a Comment