“ငါ” ဟာ မ၀ံ့တ၀ံ့နဲ့
ဆွံ့နေမိပြီ။
**ငါ့ရဲ့ နေရာဟာလဲ
ဗျာကလေး တစ်ချပ်
အစုတ်အပြတ်ပေါ်မှာ
ငုတ်တုတ် ငတ်နေသလိုပါပဲ။
**ငါရဲ့ ကိုယ်ရောင်ကလဲ
မပြောင်မလက် ကြောင်တက်တက်နဲ့
အရှက်မလုံ တောင်လက်မစုံ
မြုံနေတဲ့ဘ၀ နုံအအ။
ငါ့ရွာကလေးအတွင်းမှာတော့
ကင်းစောင့် ဆူးကာ
မီးအိမ်ကလေး ကိုင်ကာ ကိုင်ကာနဲ့
တနေရာ ရနေတဲ့ပုံ။
**ရွာပြင် ထွက်မိတော့မှ
ငါနဲ့ ကစားဖော် ကစားဖက်တွေ
အသက်ဝင်လွတ်လပ်
ဦးခေါင်း မတ်မတ်ထားပြီး
လှုပ်ရှားကြ ကြံစည်ကြနဲ့
ဘ၀ရဲ့ အဓိပ္ပါယ်
အနက် ကျယ်ပုံတွေ့ရတော့
ဒီအကွေ့မှာ တနေကုန်နေတဲ့
ငါ့ဖြစ်ပုံကို ဆွေးမိတယ်။
**ငါ့အမြင်က ကျဉ်းကျဉ်း
ငါ့အလင်းက မှိတ်တုတ်မှတ်တုတ်
ငါ့တင်းကုတ်က ခနော်ခနဲ့
ပဲ့ရွဲ့နေတဲ့စိတ် အသိမ်အဖျင်း
အကျဉ်းကျနေတဲ့ ငမိုက်သားလို
ခါးသီးတဲ့အဖြစ်။
**သံသရာတကွေ့
ကံကြမ္မာလေပွေ မွှေ့သလို
တွေ့ရစမြဲပါလို့
တရားသံပါပါ စကားသံသာသာနဲ့
စိတ်ဖြေကာ နေတော့မှာလား။
**မြန်မာတို့ဇွဲဆိုတာ
ရောင့်ရဲခြင်း ပေလား
မတုံ့မပြန် ငုံ့ခံခြင်းပေလား။
**ဒီလိုနဲ့
ငါ့ရွာမှာနေ အကောင်းသား
ရွာစကားနဲ့ ရွာနားနဲ့ အဟုတ်သား
ရေခြား မြေခြား
တနယ် တမြေသွားမိမှ
ငါ့ပုံကား ငါပြန်မြင်
ငါ့အသွင် အမှန်သိတော့တယ်။
**ငါဟာ လူသားပါ
ကမ္ဘာထဲက လူသားပါ
လူသားရဲ့ ဂုဏ် မစုံအင်္ဂါနဲ့
မယုံချင်စရာ နိမ့်ကျနေတဲ့
ငါ့ဘ၀ ငါ့အခြေ
ငါ့မြေကို ငါခင်တွယ်ပေမယ့်
အမြင်မကျယ်တဲ့ ဘ၀ထဲမှာ
ရောင့်ရဲတင်းတိမ်
ခံတွင်း မြိန်နိုင်ပါ့မလားကွယ်။
ြ**ပဒါးလင်းဂူမှာ အောင်းတဲ့
ရှေးခေတ်ဟောင်း ငါလူသား
ရာစုများ နေရော့သလားကွယ်…။ ။
**(ချစ်ဝင်းမောင်သို့)**
*** တင်မိုး ***
(၃၁၊ မေလ၊ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)
**နေရာတကာမှာ
“ငါ” ဟာ မ၀ံ့တ၀ံ့နဲ့
ဆွံ့နေမိပြီ။
**ငါ့ရဲ့ နေရာဟာလဲ
ဗျာကလေး တစ်ချပ်
အစုတ်အပြတ်ပေါ်မှာ
ငုတ်တုတ် ငတ်နေသလိုပါပဲ။
**ငါရဲ့ ကိုယ်ရောင်ကလဲ
မပြောင်မလက် ကြောင်တက်တက်နဲ့
အရှက်မလုံ တောင်လက်မစုံ
မြုံနေတဲ့ဘ၀ နုံအအ။
ငါ့ရွာကလေးအတွင်းမှာတော့
ကင်းစောင့် ဆူးကာ
မီးအိမ်ကလေး ကိုင်ကာ ကိုင်ကာနဲ့
တနေရာ ရနေတဲ့ပုံ။
**ရွာပြင် ထွက်မိတော့မှ
ငါနဲ့ ကစားဖော် ကစားဖက်တွေ
အသက်ဝင်လွတ်လပ်
ဦးခေါင်း မတ်မတ်ထားပြီး
လှုပ်ရှားကြ ကြံစည်ကြနဲ့
ဘ၀ရဲ့ အဓိပ္ပါယ်
အနက် ကျယ်ပုံတွေ့ရတော့
ဒီအကွေ့မှာ တနေကုန်နေတဲ့
ငါ့ဖြစ်ပုံကို ဆွေးမိတယ်။
**ငါ့အမြင်က ကျဉ်းကျဉ်း
ငါ့အလင်းက မှိတ်တုတ်မှတ်တုတ်
ငါ့တင်းကုတ်က ခနော်ခနဲ့
ပဲ့ရွဲ့နေတဲ့စိတ် အသိမ်အဖျင်း
အကျဉ်းကျနေတဲ့ ငမိုက်သားလို
ခါးသီးတဲ့အဖြစ်။
**သံသရာတကွေ့
ကံကြမ္မာလေပွေ မွှေ့သလို
တွေ့ရစမြဲပါလို့
တရားသံပါပါ စကားသံသာသာနဲ့
စိတ်ဖြေကာ နေတော့မှာလား။
**မြန်မာတို့ဇွဲဆိုတာ
ရောင့်ရဲခြင်း ပေလား
မတုံ့မပြန် ငုံ့ခံခြင်းပေလား။
**ဒီလိုနဲ့
ငါ့ရွာမှာနေ အကောင်းသား
ရွာစကားနဲ့ ရွာနားနဲ့ အဟုတ်သား
ရေခြား မြေခြား
တနယ် တမြေသွားမိမှ
ငါ့ပုံကား ငါပြန်မြင်
ငါ့အသွင် အမှန်သိတော့တယ်။
**ငါဟာ လူသားပါ
ကမ္ဘာထဲက လူသားပါ
လူသားရဲ့ ဂုဏ် မစုံအင်္ဂါနဲ့
မယုံချင်စရာ နိမ့်ကျနေတဲ့
ငါ့ဘ၀ ငါ့အခြေ
ငါ့မြေကို ငါခင်တွယ်ပေမယ့်
အမြင်မကျယ်တဲ့ ဘ၀ထဲမှာ
ရောင့်ရဲတင်းတိမ်
ခံတွင်း မြိန်နိုင်ပါ့မလားကွယ်။
ြ**ပဒါးလင်းဂူမှာ အောင်းတဲ့
ရှေးခေတ်ဟောင်း ငါလူသား
ရာစုများ နေရော့သလားကွယ်…။ ။
**(ချစ်ဝင်းမောင်သို့)**
*** တင်မိုး ***
(၃၁၊ မေလ၊ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)


No comments:
Post a Comment