*** ရင်သားကင်ဆာကုသနိုင်မည့် မျိုးဗီဇငါးမျိုးလေ့လာတွေ့ရှိ ***
(လန်ဒန်၊ မေလ ၁၀-ရက်)
အမျိုးသမီးအချို့တွင် ဖြစ်ပွားတတ်သော ရင်သားကင်ဆာ ဗီဇငါးမျိုးကို ဗြိတိသျှ သုတေသနသိပ္ပံပညာရှင်များက စမ်းသပ်လေ့လာတွေ့ရှိပြီဖြစ်ကြောင်း ၄င်းတို့က ပြောကြားသည်။ ယင်းကင်ဆာမျိုးဗီဇများကို ကင်းဘရစ်တက္ကသိုလ်မှ ဦးဆောင်သော သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၄င်းလေ့လာတွေ့ရှိချက်ကြောင့် အမျိုးသမီးအချို့တွင် ဖြစ်ပွားတတ်သော ရင်သားကင်ဆာဖြစ်ပွားမှုကို စောစီးစွာ စမ်းသပ် စစ်ဆေးကုသနိုင်လိမ့်မည်ဖြစ်ကြောင်း ယင်းသုတေသနအဖွဲ့က
ပြောကြားသည်။ ဗြိတိန်နိုင်ငံ၌ နှစ်စဉ် ရင်သားကင်ဆာဖြစ်ပွားမှုမှာ အမျိုးသမီး ၄၅၅၀၀-ဖြစ်ပွားမည့်လဏ္ခာများရှိရာ ဗီဇကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရင်သားကင်ဆာဖြစ်ပွားမှုကို စောစီးစွာသိရှိပြီး အချိန်မီကာကွယ်ကုသနိုင်မည်ဟု ဆိုသည်။ (အင်တာနက်)
*** ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး ကလေးများအတွက် ထိရောက်မှုနည်း ***
(နယူးယောက်၊ မေလ ၁၀-ရက်)
ဦးနှောက်အမြှေးရောင်ကာကွယ်ဆေးထိုးနှံထားသော ကလေးငယ်သုံးပုံလေးပုံမှာ ရောဂါကို ကာကွယ်ပေးနိုင်စွမ်းမရှိကြောင်း သုတေသနသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က လေ့လာတင်ပြထားသည်။ ယင်းအချက်ကို အောက်စဖို့ဒ်တက္ကသိုလ်မှ သုတေသနပညာရှင်များက လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အသက် ၆-နှစ်မှ ၁၂-နှစ်အတွင်းရှိ ကလေး ၂၅၀-ကို သုတေသနပြုလေ့လာခဲ့ရာတွင် လေးပုံသုံးပုံမှာ ဦးနှောက်အမြှေးရောင်ရောဂါကို ကာကွယ်နိုင်စွမ်းမရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်။ အဆိုပါအဖွဲ့က ဦးနှောက်မြှေးရောင်ရောဂါကာကွယ်ဆေး စီထိုးဆေးများကို စမ်းသပ်ခဲ့ရာ ဆေးများ၏ အာနိသင်လျော့ကျနေမှုရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- ကောင်းမြတ်သူ ***
*** Public Health ***

No comments:
Post a Comment