ဂေါက်သီးစတား တိုက်ဂါးဝုဒ်နှင့်ဇနီးဖြစ်သူတို့ တရားရုံးတွင် တရားဝင်ကွာရှင်းကြရာ ကလေးငယ်အား တရားသူ ကြီးကမေးသည်။ `ကဲ… ဒီတော့သားက မေမေနဲ့လိုက်နေရတော့မှာပေါ့´
`ဟင့်အင်း… မနေချင်ပါဘူး။ မေမေက သားကိုအမြဲရိုက်တယ်။ သူက သားကိုနိုင်စားတယ်´
`ဟင် ဒါဆို ဖေဖေနဲ့ လိုက်နေမယ်ပေါ့´

`ဖေဖေလည်းအတူတူပဲ၊ သားကိုနိုင်တာပဲ´
`ကဲ ဒီတော့ သားကဘယ်သူနဲ့ နေချင်တာတုန်း´
ကလေးငယ်မှာ တွေဝေသွားဟန်ဖြင့် အတန်ကြာစဉ်းစားပြီးနောက်…
`ပို့စ်မောက်အသင်းက ကစားသမားတစ်ယောက်ယောက်နဲ့ နေမယ်။ သူတို့က ဘယ်သူ့ကိုမှမနိုင်ဘူးလေ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း) ဘာသာပြန်သည်။
*** (ဟာဒယနှလုံး-တခဏပြုံး)***

No comments:
Post a Comment