ဧရာဝတီတိုင်းအိမ်မဲမြို့ နယ်၊ကြာလန်းအုပ်စုနှုင့် ၀အင်အုပ်စု ရယက ဥက္ကဌ တို့က လယ်သမားများ
အား စိုက်ပျိုးစရိတ်ချေးငွေရရှိရေးအတွက် တစ်ဧက ကိုကျပ်ငွေ ၅၀၀ စီပေးသွင်းရမည်ဖြစ်ကြောင်းတောင်း
ခံနေသဖြင့် လယ်သမားအခက်ကြုံနေကြကြောင်းဒေသခံလယ်သမားများကပြောသည်။
၃.၄.၂၀၁၀ နေ့ က ထခလုပ်ကျေးရွာဥက္ကဌ ဦးသန်းအေး၊ ကြာလမ်းအုပ်စုဥက္ကဌ ဦးအုန်းရွှေ နှင့်စါရေးဦးမြင့်ဆွေ
တို့ က ယခုနှစ်တွင်ဧကအလိုက်မဖြစ်မနေပေးသွင်းရန်အတင်းအဓ္ဓမကောက်ခံနေကြသည်။ နိုင်ငံတော်အစိုးရက လယ်သမားများထံမှမည်သိုသောငွေကြေးကိုမှဖြတ်တောက်ခြင်းတစ်စုံတစ်ရာမပြုလုပ်ရန်ညွှန်ကြားထားသော်
လည်း ကျေးရာအာဏာပိုင်များက အာဏာကိုအအလွဲသုံးစားပြုနေကြခြင်းဖြစ်ကြောင်းပြောကြသည်။
“ အယင်တုန်းက လယ်သမားတစ်ယောက်ဆီက ဘဏ်စာအုပ်လုပ်ခဆိုပြီးတော့ ကျပ်တစ်ထောင်ပဲပေးရတယ်။
ခု တစ်ဧကကို ကျပ်ငါးရာဆိုတော့ လယ်သမားတွေ တော်တော်အခက်တွေ့ နေရတာပေါ့။ ပြီးတော့ မယက
ဥက္ကဌက လယ်သမားတွေကို တစ်ဧက ဂုံလျှော် ၂ပြည်နုန်းစိုက်ပေးရမယ်ပြောတယ်။မစိုက်ရင်လယ်သိမ်း
မယ်ပြောတယ်။ အယင်တုန်းက အစိုးရညွှန်ကြားလို့ လယ်သမားတွေစိုက်ပျိုးခဲ့ပြီးပြီး၊ဖြစ်လည်းမဖြစ်ထွန်း
ဘူး၊လယ်သမားတွေအတွက် အချိန်ကုန်၊လူပင်ပန်းတာပဲအဖတ်တင်တယ်၊လယ်သမားတွေရဲ့ ပြကတိအ
နေအထားကို လုံးဝဂရုမစိုက်ကြ ဘူး၊ကျနော်တို့ လယ်သမားဘ၀ကတော့ နင်းပြားပါပဲ”ဟုပြောသည်။
အိမ်မဲမြို့ နယ်။မယက က လယ်သမားများအားလယ်တစ်ဧကအား ဂုံလျှော် ၂ပြည်ကျစီစိုက်ပျိုးပေးရမည်ဖြစ်ကြောင်း၊အကယ်၍စိုက်ပျိုးခြင်းမပြုပါ
က အဆိုပါလယ်မြေများအားသိမ်းယူပြီး စိုက်ပျိုးပေးမည့်အခြားလယ်သမားများအား လယ်မြေကိုပြောင်း
လဲပေးအပ်မည်ဖြစ်ကြောင်း မယကဥက္ကဌက ညွန်ကြားကြောင်းလယ်သမားကပြောသည်။
နိုင်ငံတော်အစိုးရက လယ်သမားများထံမှ မည်သို့ သောငွေကြေးကိုမှဖြတ်တောက်ခြင်းမပြုရကြောင်းပြောဆို
ထားသော်လည်း အောက်ခြေရယက ဥက္ကဌနှင့် အဖွဲ့ တို့ က မတရားငွေကြေးကောက်ခံနေကြကြောင်း၊အဆိုပါ
ကောက်ခံငွေများအား မပေးသွင်းပါက ဘဏ်ချေးငွေများကိုမရရှိနိုင်ကြောင်းအဆိုပါလယ်သမားကပြောသည်။
**သတင်း- ကိုကျော်သောင်း(ဘန်ကောက်)**
**(မေလ ၂၁။၂၀၁၀)**

No comments:
Post a Comment