(မေလ ၆-ရက် ၂၀၁၀)) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံ၌ သူနာပြုအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် ပိုမိုစိတ်ဝင်စားလာစေ ရန်အတွက် သူနာပြုသင်တန်းများမှ ဘွဲ့များ၊ ဒီပလိုမာများပေးအပ်ရန် စီစဉ်လျက်ရှိသည်။ လက်ရှိအချိန်တွင် လူ ၃၄၀-တွင် သူနာပြုတစ်ဦးနှုန်းရှိရာမှ ၂၀၁၅-ခုနှစ်၌ လူ ၂၀၀-လျှင် တစ်ဦးနှုန်းရှိမည်ဟု မျှော်မှန်းထား သည်။ (အင်တာနက်)
ဖြစ်ရပ်-၂။ ။ လက်ရှိ ဖြစ်နေတဲ့ အကျပ်အတည်းအပေါ်မှာထိုင်း တပ်မတော်က ဘယ်လိုရပ်မလဲ ဆိုတာ ပိုင်းဖြတ်ဖို့ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အနုဖုံပေါင် ချင်ဒါဟာ သောကြာနေ့နေ့လည်က ထိပ်တန်းဗိုလ်ချုပ်ကြီးတွေနဲ့ အထူးစည်းဝေးပွဲတခု ကျင်းပခဲ့ပါတယ်။ ၀န်ကြီးချုပ်ခေါ်ဆိုတဲ့ အရေးပေါ်အစည်းအဝေးကြောင့် အစည်းအဝေးအစီအစဉ် ပျက်သွားချိန်ကစလို့ ထိပ်တန်း စစ်ခေါင်းဆောင်တွေ ရဲ့ အစည်းအဝေးကို တနင်္လာနေ့ကနေ ရွှေ့ဆိုင်းလိုက်တာပါ။ ဧပြီလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမတိုင်ခင်မှာ လူ အုပ်ကြီးကို ထိန်းချုပ်ရာမှာ တပ်မတော်က ဘယ်လိုပါဝင်မလဲဆိုတာအပေါ် အနေအထားတခုချမှတ်ဖို့ အနုဖုံက စီစဉ်ထားပါတယ်။ အ စည်းဝေးကနေ ရတ်ခ်ျဖရာဆွန်လမ်းဆုံက ရှပ်နီတွေနဲ့ ပတ်သက်ပြီး သတိပေးတဲ့ နောက်ထပ်လှုပ်ရှားမှုတခုကို မျှော်လင့်ရပါတယ်။ (နေ့သစ်)
(မေလ ၅-ရက် ၂၀၁၀) နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် လက်မခံသည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နအဖစစ်အစိုးရက စစ်ရေးနည်းဖြင့် အရေးမယူသေးဘဲ အခြားနည်းလမ်းများဖြင့် စည်းရုံးလျက်ရှိသည်။သတ်မှတ်ရက် နောက်ဆုံးနေ့ဖြစ်သည့် ပြီးခဲ့သည့်ဧပြီ (၂၈) ရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန်ခဲ့သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နအဖတပ်များက အင်အားပြခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုတဖန် ပြန်လည်စည်းရုံးနေသည်ဟု ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ တပ်မှူးတဦးက ပြောသည်။(ခေတ်ပြိုင်)
(မေလ ၄-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကို အကြီးအကျယ် ထိခိုက်စေခဲ့တဲ့ ဆန္ဒပြပွဲတွေ အဆုံးသတ်ဖို့ ရည်ရွယ်ပြီး ကမ်းလှမ်းခဲ့တဲ့ အစိုးရရဲ့ အစီအစဉ်ကို အစိုးရ ဆန့်ကျင်ရေး ရှပ်နီ ဆန္ဒပြ ခေါင်းဆောင်တွေက အပြုသဘော တုံ့ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ၂ လနီးပါးကြာ ဆန္ဒပြပွဲတွေကို ရပ်ဆိုင်းပစ်လိုက်ဖို့ကိုတော့ ဆန္ဒပြ အောက်ခြေလူထုက တွန့်ဆုတ်နေကြတယ်လို့ပြောပါတယ်။ ဘန်ကောက်မြို့တော်က ကုန်တိုက်ကြီးတွေနဲ့ စည်ကားလှတဲ့ ရာဂျာပရာဆောင် (Rajaprasong) အရပ်ကနေ ရှပ်နီ ဆန္ဒပြသူတွေ ထွက်သွားဖို့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလမှာ ကျင်းပပေးပ့ါမယ်ဆိုတာ အပါအ၀င် တခြားအချက်တွေကို ၀န်ကြီးချုပ် အဘီဆစ် ၀တ်ချာချီဝ (Abhisit Vejjajiva) က ကမ်းလှမ်းခဲ့ပါတယ်။(VOA)
ဖြစ်ရပ်-၂။ ။ တောင်တရုတ်ပင်လယ်အတွင်းရှိ ရေနံလုပ်ကွက်များနှင့် ပတ်သက်ပြီး မလေးရှားနှင့် ဘရူးနိုင်းနိုင်ငံတို့အကြား ဆွေးနွေးလျက်ရှိကြောင်း ဆင်ဟွာသတင်းတပုဒ်က မေလ ၃-ရက်နေ့က ဖော်ပြသည်။ (အင်တာနက်)
(မေလ ၃-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အသစ် ထုတ်ပေးတော့မည်မဟုတ်ဟု ထိုင်းအစိုးရဘက်မှ ပြောဆိုနေသော်လည်း ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ တရားမ၀င် ဝင်ရောက်နေဆဲဖြစ်ပြီး ယခုလ (၃) ရက်တွင် မြန်မာပြည်သား (၁၀၃) ဦးအား ထိုင်းဒေသဆိုင်ရာ စစ်တပ်နှင့်နယ်ခြားစောင့်တပ်တို့က ဖမ်းဆီးရမိသည်။မေလ (၃) ရက် ညနေ (၄) နာရီနှင့် (၇) နာရီအချိန်တွင် ဘုရားသုံးဆူနယ်စပ်မှ ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ဝင်ရောက်လာသော မြန်မာပြည်သား (၁၀၃) ဦးအား ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့နယ်အတွင်းရှိ ဘူရားသုံးဆူလမ်းခွဲအနီး ထိုင်းကရင်လူမျိုးများနေထိုင်ရာ စနီဖောင်းကျေးရွာအ၀င်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဖမ်းခံရသူများသည် အသက် (၁၅) နှစ်မှ (၄၅) နှစ်အရွယ် အလုပ်လုပ်ကိုင်နိုင်သော အရွယ်များဖြစ်ကြသည်။(ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ နိုင်ငံသားစိစစ်မှုပြုရေးလျှောက်လွှာ တင်သွင်းပြီးသော မြန်မာအလုပ်သမား အရေအတွက်မှာ ဧပြီ (၂၇) ရက်နေ့အထိ (၈၂၂,၀၉၃) ဦး ရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့် ရရှိထားသူ အရေအတွက်မှာ (၇၁,၃၉၀) ဦး ရှိပြီဖြစ်ကြောင်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) က ထုတ်ပြန်ပြောဆိုသည်။ဧပြီ (၃၀) ရက်တွင် ထုတ်ပြန်သည့် အဆိုပါထုတ်ပြန်ချက်တွင် အချက် (၈) ချက်ပါရှိပြီး အဓိကအချက်မှာ အလုပ်သမားတဦးလျှင် ဧဂျင့်များက ဘတ်ငွေ (၅,၀၀၀) ထက်ပို ကောက်ခံခွင့်မပြုကြောင်း၊ အကယ်၍ ပိုမိုကောက်ခံပါက မြန်မာအစိုးရထံသို့ အသိပေးအကြောင်းကြားပြီး ခွင့်ပြုချက်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ပါရှိသည်။(ခေတ်ပြိုင်)
(မေလ ၂-ရက် ၂၀၁၀) ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ပေါ်ပေါက်လျက်ရှိသော မငြိမ်သက်မှုများအတွက် တရားဥပဒေပြန်လည်စိုးမိုးရေးနှင့် နိုင်ငံတော် တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်ရန် ရဲတပ်ဖွဲ့အတွက် ဘတ် (၈)သန်း၊ အထူးစုံစမ်းစစ်ဆေးရေးဌာန အတွက် ဘတ်(၉)သန်းကို အထူးရံပုံငွေအဖြစ် ထိုင်းအစိုးရက လျာထားသတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။ (VOA)
(မေလ ၁-ရက် ၂၀၁၀) `၁၂၀-ကြိမ်မြောက် မေဒေးနေ့ အခမ်းအနား´များကို ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများက သက်ဆိုင်ရာ အန်ဂျီအိုများ၊ ဒေသခံထိုင်းအဖွဲ့အစည်းများနှင့် ကျင်းပလျက်ရှိရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မဲဆောက်မြို့၊ ဖန်ငဒေသ စသည်တို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တက်ရောက်စေသည့် အခမ်းအနားများ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)

No comments:
Post a Comment