(ရီယိုဒီဂျနေးရိုး၊ မေလ ၂၈-ရက်)
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍမြှင့်တင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံကို လာမည့်နှစ်တွင် ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မေလ ၂၈-ရက်နေ့တွင် ဘရာဇီးကျန်းမာရေးဝန်ကြီး ဂျို့စ်ဂွန်းတမ်ပိုရိုက ထုတ်တော်ပြောကြားသည်။ (အင်တာနက်)
*** အီရတ်လေကြောင်းကုမ္ပဏီ ပြဿနာကြုံတွေ့ နိုင်ငံပိုင် လေကြောင်းလိုင်းများ ဖျက်သိမ်းရန် စီစဉ် ***
(ဘဂ္ဂဒက်၊ မေလ ၂၈-ရက်)
အီရတ်နိုင်ငံ၏ လေကြောင်းကုမ္ပဏီက ဒေ၀ါလီခံကြောင်း တရားဝင်ထုတ်ပြန်ကြေညာပြီးနောက် နိုင်ငံပိုင်လေကြောင်းကုမ္ပဏီကို ဖျက်သိမ်းပစ်မည်ဟု အီရတ်အစိုးရက မေလ ၂၈-ရက်နေ့၌ ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
*** ကနေဒါမြောက်ပိုင်း၌ တောမီးလောင်ကျွမ်း ***
ကနေဒါနိုင်ငံမြောက်ပိုင်း ကွီဘက်မြို့အနီးတွင် မေလ ၂၈-ရက်နေ့ နံနက်က တောမီးလောင်ကျွမ်းမှုဖြစ်ပွားရာ အနီးဝန်းကျင်၌နေထိုင်ကြသည့် ဒေသခံ ၁၃၀၀-အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ရဟတ်ယာဉ်အစင်း ၅၀-ခန့်ဖြင့် မီးငြှိမ်းသတ်နေကြောင်း ကနေဒါမီးသတ်တပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
*** ဗင်နွာတူအနောက်မြောက်ပိုင်း၌ အင်အားပြင်းငလျင်လှုပ် ***
ဗင်နွာတူနိုင်ငံအနောက်မြောက်ပိုင်းကမ်းလွန်၌ မေလ ၂၈-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၇ ဒသမ ၂-အင်အားရှိသော ငလျင်လှုပ်သွားခဲ့ကြောင်း၊ သို့သော် ဆူနာမီသတိပေးချက်ထုတ်ပြန်မှုမရှိကြောင်း ဗင်နွာတူအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** အိန္ဒိယအရှေ့ပိုင်း၌ ရထားနှစ်စင်း တိုက်မိ ***
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်ဂေါပြည်နယ်တွင် မေလ ၂၈-ရက်နေ့က ခရီးသည်တင် ရထားတစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ ၆၅-ဦးသေဆုံးပြီး ခရီးသည် ၂၀၀-ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယရထားပို့ဆောင်ရေးလုပ်ငန်း အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** နီဂါရာဂွါအနောက်ပိုင်း၌ ရေလွှမ်း ***
နီဂါရာဂွါအနောက်ပိုင်း ကွီဇာဂွါကျူမြို့၌ မေလ ၂၈-ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမှုဖြစ်ပွားရာ ထောင်ပေါင်းများစွာသော ပြည်သူများ ရေဘေးဒုက္ခကြုံတွေ့နေရကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း နီဂါရာဂွါအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံ ဘရာဇီးက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ***

No comments:
Post a Comment