**(မေ ၈။၂၀၁၀)**
ယမန်နေ့ နံနက်ပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့ အနီး စမူပါကန်၊ခေါင်တန်နယ်မြေ ပါနန်းနှင့် ခေါင်တန်အကြားကားလမ်းမပေါ်တွင်ရေခဲထုတ်ပိုသည့်မြန်မာအလုပ်သမား၂ဦးပါကားအား၁၈ဘီးတပ်ကား
ကြီးက၀င်တိုက်မိသဖြင့်မြန်မာအလုပ်သမား၂ဦးသေဆုံးပြီးလုပ်ငန်းရှင်သားမှာဦးဏှောက်ကိုခွဲစိတ် ကုသခံနေရကြောင်းသိရှိရသည်။မွန်ပြည်နယ်၊အပေါင်မြို့ နယ်၊အလယ်ရွာမှ ဦးထွန်းတင်နှင့်ဒေါ်မေ၀င်းတို့ သား
အသက် ၃၄ နှစ်အရွယ် ကိုထွန်းသန်း မှာပွဲချင်းပြီးသေဆုံးခဲ့သည်။
ကရင်ပြည်နယ်၊ကြာအင်ဆိပ်ကြီးမြို့ နယ်၊အလယ်တံခွန်တိုင်ရွာမှဦးဝင်းစိန်နှင့် ဒေါ်ကျင်သောင်းတို့ ၏သား အသက်၃၀နှစ်အရွယ်၊မကိုအောင်ကျော်လွင်(ခ)အကျော်မှာခေါင်တန်ဆေးရုံကြီးအရောက်တွင်သေဆုံးခဲ့ရသည်။
ကိုထွန်းသန်း၏ ယောက္ခမတော်စပ်သည့် ကိုသားငယ်က“မနက် ၆နာရီကျော်လောက်မှာဖြစ်တာပါ၊ရေခဲကား
ကလမ်းကိုကွေ့ တာ ၁၈ဘီးကားက မျက်နှာချင်းဆိုင်ဝင်တိုက်မိတာလို့ ပြောတယ်။ ကျနော့်ယောက္ခမတို့ ကတော့ပွဲချင်းပြီးသေတယ်။ သူဌေးသားကတော့ ခုသတိပြန်ရပြီလို့ ကြားတယ်၊ ဦးဏှေက်ကိုခွဲစိတ်ကုသရတယ်ပြောတယ်။အလောင်းတွေကို ခေါင်တန် ၀တ်ဟုန်ဘုန်းကြီးကျောင်းမှာ ထားပါတယ်၊တနင်္ဂနွေနေ့ ဆိုရင်သင်္ဂြိုဟ်ပါမယ်”ဟုပြောသည်။
ကိုထွန်းသန်း တွင်ဇနီး မမြအေးခိုင်(ခ)ငုံးငုံး နှင့်အသက်၎နှစ်အရွယ်၊သမီးမကော်ကော့ဝါ(ခ)မအိအိသွယ်
တို့စမူပါကန်တွင်ကျန်ရစ်နေခဲ့သည်။မငုံးငုံးက“ကျမအမျိုးသားတစ်ကိုယ်လုံးကြေသွားတာ၊မကြည့်၇က်စရာပဲ၊
ကျမလည်းကလေးငယ်နဲ့ အမှုကိစ္စတွေပြီးသွားရင် ရွာပြန်ပြီး အလှူလုပ်ပေးမယ်။ ကျမလည်းအလုပ်မလုပ်ချင်တော့ဘူး။ဘာလုပ်လို့လုပ်ရမယ်လည်းမသိတော့ဘူ့း။အမှုလုပ်ဖို့ တရားစွဲဖို့ ဆိုတာလည်းငွေကုန်အုံးမယ်ထင်တယ်။ ကျမ မတ်တော်စပ်တဲ့လူတွေ စီစဉ်ကြပါလိမ့်မယ်ရှင်”ဟုပြောသည်။
ယခုကားတိုက်မှုအတွက် မိသားစုများကဒေသဆိုင်ရာအင်ဂျီအိုများအားအသက်လျှော်ကြေးရရှိရေးအတွက်
မိသားစုများကဆက်သွယ်ဆောင်ရွက်မည်ဖြစ်ကြောင်းမိသားစုဝင် ကိုအောင်အောင်ကပြောသည်။
ယဉ်တိုက်မှုဖြစ်သည့် ၁၈ဘီးကားမှာထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။ အလောင်းသဂြိင်္ုဟ်ရေးကိစ္စ
ရပ်များအတွက်ကုန်ကျငွေများကို မငုံးငုံးကကုန်ကျခံထားသည်။လုပ်ငန်းရှင်သူဌေးမက ကုန်ကျငွေအချို့ ကို
ကူညီမည်ဖြစ်ကြောင်းပြောဆိုထားကြောင်းသိရသည်။
သတင်း- ကိုကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment