အစားထိုးသည်ဟု ကြေငြာခဲံ့ခြင်းမှာ တလခွဲခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မလေးရှားနိုင်ငံရှိ မြန်မာအခွန်ရုံးတွင် မည်သည့်ထူးခြားမှုမှမရှိခဲ့သေးပေ။ (တခြားနိုင်ငံရှိ မြန်မာအခွန်ရုံးများ၌ မည်သို့ရှိမည်ကို မသိပါ)
ယမန်နေ့က မလေးရှားရှိ မြန်မာအခွန်ရုံးတွင် ပတ်စပို့သက်တမ်းတိုးခဲ့သူတဦး ပြောပြသည်မှာ..........
အခွန်ရုံးသို့သက်တမ်းတိုးရန်သွားခဲ့ကြောင်း၊ ပတ်စပို့လဲရန်လိုပါသလားဟုမေးရာ ပတ်စပို့အသစ်ပြုလုပ်သည့်စက်မှာ ယခုအချိန်ထိမရောက်လာသေးသဖြင့် လဲရန်မလိုအပ်သေးဟုဆိုကာ ပတ်စပို့စာအုပ်အဟောင်းကိုပင် သက်တမ်းသုံးနှစ် ထပ်တိုးပေးလိုက်ကြောင်း၊
သက်တမ်းတိုးခ တနှစ်ကုန်ကျငွေကိုမေးရာ အခွန်ရုံးတာဝန်ရှိသူမှ ကွန်ပြူတာနှင့်တွက်ချက်ပြီး ရင်းဂစ် ၁၀၀၀-ကျော်ကျမည်ဟုပြောကြောင်း၊
သက်တမ်းတိုးသူမှ ယခင်နှစ်ကသက်တမ်းတိုးသည်မှာ ရင်းဂစ် ၆၀၀-သာကျသည်ဟုပြောပြီး မနှစ်ကရသည့် ချလန်စာရွက်ကိုထုတ်ပြလိုက်မှ အဆိုပါတာဝန်ရှိသူက ကွန်ပြူတာက မန်မိုရီ ကြောင်နေတာဖြစ်မည်ဟုပြောကာ မနှစ်ကချလန်အတိုင်း ၆၀၀-သာယူလိုက်ကြေင်း သိရှိရပါသည်။
(ဟုတ်ကဲ့.............. ကျနော့်တို့ဆီက အခွန်ရုံးမှာတော့ ဒီလိုပဲရှိပါတယ်ခင်ဗျာ)
**မောင်ပါလ **
မိမိနိုင်ငံသားများအား လက်ရေးစနစ်သုံးမှ နိုင်ငံတကာ ဘားကုတ် စနစ်သုံး Smart Card ပတ်စ်ပို့များဖြင့် အစားထိုး လဲလှယ်ပေးရန် နိုင်ငံတကာ မြို့ပြလေကြောင်း ပျံသန်းမှုဆိုင်ရာ အဖွဲ့အစည်း (International Civil Aviation Organization) က မြန်မာစစ်အစိုးရကို တောင်းဆိုထားသောကြောင့်လည်းကောင်း၊ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အတုများ ပြန့်နှံ့နေသည်ကို တိုက်ဖျက်ရန်အတွက်လည်းကောင်း စက်ဖြင့် စစ်ဆေးနိုင်သော ပတ်စ်ပို့များ အစားထိုးမှုကို စစ်အစိုးရက မတ်လ-၂၉ရက်၊ ၂၀၁၀ တွင်စတင်လိုက်ကြောင်း သတင်းများအရသိရသည်။
အစားထိုးသည်ဟု ကြေငြာခဲံ့ခြင်းမှာ တလခွဲခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မလေးရှားနိုင်ငံရှိ မြန်မာအခွန်ရုံးတွင် မည်သည့်ထူးခြားမှုမှမရှိခဲ့သေးပေ။ (တခြားနိုင်ငံရှိ မြန်မာအခွန်ရုံးများ၌ မည်သို့ရှိမည်ကို မသိပါ)
ယမန်နေ့က မလေးရှားရှိ မြန်မာအခွန်ရုံးတွင် ပတ်စပို့သက်တမ်းတိုးခဲ့သူတဦး ပြောပြသည်မှာ..........
အခွန်ရုံးသို့သက်တမ်းတိုးရန်သွားခဲ့ကြောင်း၊ ပတ်စပို့လဲရန်လိုပါသလားဟုမေးရာ ပတ်စပို့အသစ်ပြုလုပ်သည့်စက်မှာ ယခုအချိန်ထိမရောက်လာသေးသဖြင့် လဲရန်မလိုအပ်သေးဟုဆိုကာ ပတ်စပို့စာအုပ်အဟောင်းကိုပင် သက်တမ်းသုံးနှစ် ထပ်တိုးပေးလိုက်ကြောင်း၊
သက်တမ်းတိုးခ တနှစ်ကုန်ကျငွေကိုမေးရာ အခွန်ရုံးတာဝန်ရှိသူမှ ကွန်ပြူတာနှင့်တွက်ချက်ပြီး ရင်းဂစ် ၁၀၀၀-ကျော်ကျမည်ဟုပြောကြောင်း၊
သက်တမ်းတိုးသူမှ ယခင်နှစ်ကသက်တမ်းတိုးသည်မှာ ရင်းဂစ် ၆၀၀-သာကျသည်ဟုပြောပြီး မနှစ်ကရသည့် ချလန်စာရွက်ကိုထုတ်ပြလိုက်မှ အဆိုပါတာဝန်ရှိသူက ကွန်ပြူတာက မန်မိုရီ ကြောင်နေတာဖြစ်မည်ဟုပြောကာ မနှစ်ကချလန်အတိုင်း ၆၀၀-သာယူလိုက်ကြေင်း သိရှိရပါသည်။
(ဟုတ်ကဲ့.............. ကျနော့်တို့ဆီက အခွန်ရုံးမှာတော့ ဒီလိုပဲရှိပါတယ်ခင်ဗျာ)
**မောင်ပါလ **
No comments:
Post a Comment