တစ်ခါတုန်းက ဘတ်(စ်)ကား ဒရိုင်ဘာတစ်ဦးနှင့် ဓမ္မဆရာတစ်ဦးတို့သည် တချိန်တည်း၊ တပြိုင်တည်း ကွယ်လွန်သွားခဲ့ရာ ဘတ်(စ်)ကား ဒရိုင်ဘာမှာ ကောင်းကင်ဘုံ(နိဗ္ဗာန်)သို့ ရောက်သွားပြီး၊ ဓမ္မဆရာမှာမူ ငရဲပြည်သို့ ရောက်သွားရလေသည်။ ဤတွင် ဓမ္မဆရာက မကျေမနပ် ဖြစ်ခါ ဘုရားသခင်ထံသို့ အဘယ်ကြောင့် ဤသို့ ဖြစ်ရသည်ကို မေးမြန်းလျှောက်ထားလေသည်။
(ဘုရားသခင်) `ဒါက ရှင်းပါတယ်ကွာ၊ မင်းတရားဟောတဲ့အခါမှာ လူတွေအားလုံးက အိပ်ပျော်သွားကြတယ်။ အဲ… ကားဒရိုင်ဘာကျတော့ သူကားမောင်းတိုင်းမှာ ကားစီးကြသူတွေအားလုံးက ဘုရားတနေကြရတယ်လေ…´
မှတ်ချက်။ ။ နိုင်ငံတကာ ဟာသများမှ (မြင့်ဆွေဦး) ဘာသာပြန်သည်။
*** (ဟာဒယနှလုံး- တခဏပြုံး) ***

No comments:
Post a Comment