ထိုင်းနိုင်ငံတောင်ပိုင်းဖန်င အခြေစိုက် အခြေခံလူထုအခြေပြုလူ့ အခွင့်အရေးပညာပေးဌာနအတွင်း ပညာရေး
ဆရာ/မတို့ အား၂၀၁၀ ပညာသင်နှစ်အတွက် လိုအပ်သည့်လမ်းညွှန်သင်ရိုးများနှီးနှောဖလှယ်ပွဲကိုယနေ့ တွင်
စတင်ကျင်းပကြသည်။
အဆိုပါအဖွဲ့ ၏ ပညာရေးဆိုင်ရာ အတိုင်အပင်ခံ ပညာရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဦးသိန်းနိုင်က“GHRE အဖွဲ့ 
ပညာရေးဌာနက ပညာရေးဝန်ထမ်းတွေနဲ့ ပြီးခဲ့တဲ ၂၀၀၉့ ပညာသင်က ကြုံခဲ့ရတဲ့အခက်အခဲတွေ၊လိုအပ်ချက်
တွေကို ခေါင်းစဉ် ၁၂ ခုခွဲပြီးတော့ ၃ ရက်တိုင်တိုင် အပြန်အလှန်ဆွေးနွေးကြမှာဖြစ်ပါတယ်။အလုပ်ရုံဆွေးနွေး
ချက်တွေအရ နောက်ဆုံးနေ့ မှာတော့လူငယ်သိပ္ပံသင်ရိုးညွှန်းတမ်းနဲ့ အနာဂတ် ရည်မှန်းချက် ဆိုတာတွေကို
ချမှတ်သွားမှာဖြစ်ပါတယ်”ဟုပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင်ပြည်တွင်းမှာရောက်ရှိနေကြသည့်မြန်မာအလုပ်သမားများ၏ကလေးငယ်များအား
သင်ကြားရန်ဖွင့်လှစ်ထားသည့် GHRE ပညာရေးကျောင်းတွင် အခြေအနေအရ မြန်မာနိုင်ငံသင်ရိုးညွှန်းတမ်း
ထိုင်းသင်ရိုးညွှန်းတမ်း တို့ အားလက်တွေ့ သင်ကြားနေသည့် ဆရာ/မ တို့ က တက်ရောက်သင်ကြားနေသည့်
မြန်မာအလုပ်သမားကလေးငယ်များ၏အနေအထားအပေါ်မူတည်၍ လက်တွေ့ အကျဆုံး အဆင်အပြေနိုင်ဆုံး
သင်၇ိုးညွှန်းတမ်းကို အတည်ပြုသတ်မှတ်ကြမည်ဖြစ်ကြောင်း၊ဆရာဦးသိန်းနိုင်ကပြောသည်။
“လူတိုင်း ဘွဲ့ ရပညာတတ်ဖြစ်မှမဟုတ်ပါဘူး၊ယှဉ်ပြိုင်မှုနဲ့ ရွေးချယ်မှုအရေးကြီးပါတယ်။ဒါပေမယ့် ကျနော်တို့ 
ဆီမှာစာသင်ခွင့်၇ရှိတဲ့ကလေးငယ်တစ်ယောက် ဟာဝေဖန်ပိုင်းခြားနိုင်တဲ့ အဆင့်၊ဆုံးဖြတ်ချက်ချ
နိုင်တဲ့အဆင့်။အမှားအမှန်ခွဲခြားနိုင်တဲ့အဆင့် စသဖြင့်ပေါ့လေ။ ကျနော်တို့ ကျောင်းပညာရေးကတစ်စုံတစ်
ရာအဆင့်အတန်းတော့မှီပါတယ်။ပညာရေးစနစ်ကို ကျနော်တို့ တိုင်းတာတဲ့အခါ ဘွဲ့ ရမှမဟုတ်ပါဘူး”ဟု
လက်လက်ရှင်းပြသည်။
ဒေသတွင်း မြန်မာအလုပ်သမားအတော်များများတို့ မှာ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ရာဘာခြံလုပ်ငန်း၊ပန်းရံလုပ်
ငန်းနှင့်အခြားအိမ်အလုပ်များတွင်လုပ်ကိုင်လေ့ရှိကြသည်။ မိမိ၏သားသမီးများအတွက် ပညာရေးကို ဂရုစိုက်
တိုက်တွန်းမှုအထူးနည်းပါးကြသည်။ GHRE တွင်ပညသင်ရင်း အင်္ဂလိပ်စကားနှင့်ထိုင်းဘာသာစကား အသင့်
အတင့်ကျွမ်းကျင်တတ်မြောက်သွားသည့် မိမိတို့ ၏သားသမီးများကို အဆင့်မြင့်ပညာ ကိုဆက်လက်သင်ကြား
နိုင်ရန် ရည်ရွယ်ချက်မရှိတော့ကြပေ။
ထိုင်းတောင်ပိုင်း ခရီသွားလုပ်ငန်းများတွင် ဘာသာပြန်နှင့်ဝင်ငွေကောင်းသည့်အလုပ်နေရာများတွင် အလုပ်
အလုပ်အကိုင်လုပ်ကိုင်နိုင်ရေးတို့ကိုသာအထူးအာရုံပြုကြတော့သည်။အရည်အချင်းရှိပြီး ပညာသင်ကြားလို
သေးသည့် ကလေးများရှိကြသော်လည်း နေထိုင်ရပ်တည်ရေးအတွက် ရုန်ကန်လှုပ်ရှားနေသည့် မိဘများကို
ကူညီရင်းဖြင့် အလုပ်သမားဘ၀တွင်ကျင်လည်နေသည်ကများကြကြောင်း GHREတွင် ပညာသင်ကြားနေ
သည့် ကျောင်းသားမိဘ တစ်ဦးကပြောပြသည်။
GHREတွင်ယခုပညာသင်နှစ်အတွက် ကျောင်းသား ခြောက်ရာကျော်စါရင်းပေးသွင်းထားပြီး ဆရာ/မ ၄၀
နီးပါးရှိကြောင်းသိရှိရသည်။
*** သတင်း- ကိုကျော်သောင်း (ဘန်ကောက်)***
(မေလ ၂၈။၂၀၁၀)

No comments:
Post a Comment