အဆုံးသို့ ရောက်ပြီ…။
ဂူထဲမှာ လဲလျောင်း
မူလရပ်ဌာန်သို့
ပြန်မလာတော့ပြီ….။
**ချိုမြိန်သော သတိရခြင်းနှင့်
တသသ မြင်ယောင်နေရုံမှ အပ
သူ့ဘ၀ ရှင်သန်လာခြင်း မရှိ
ဇာတိ ဒီမှာ ဇာတ်ဆုံးပြီ….။
**ငယ်စဉ်က သူငယ်ချင်းများ
ယုံကြည်ချက်တူ ရဲဘော်များ
ဆွေမျိုးသားချင်းများ
လုပ်ဖော်ကိုင်ဖက်များ
သူ့ဇနီးနှင့် သားသမီးများ
စည်ကားစွာ လိုက်ပို့
သူ့ဘ၀၏ နောက်ဆုံးခရီးသို့…။
**ယပ်တောင်ကလေး ကမ်း
နှုတ်မဆက်တမ်း ထွက်ခွာသွား
အနားယူ အိပ်စက်ခြင်းပဲလား
ဘ၀သစ်တစ်ခု ကူးပြောင်းခြင်းပဲလား
ကျန်ရစ်သူများမှာတော့ ရင်ဟာပြီး
ဘ၀င်နာသလိုလို
ငိုချင်ရက်နဲ့ အငိုဖုံး
အပြုံးကလေး လျော့တိလျော့ရဲနဲ့
ခွဲခွာခြင်းကို ခံစားနေရပြီ…။
**သူဆိုးခဲ့ တေခဲ့သမျှ
သတိရစရာအဖြစ် ပြောင်းလဲ
သူ ရဲရင့်ခဲ့သမျှ
အမှတ်တရ ကျောက်တိုင်သဖွယ်
သူ ကွယ်လွန်ခါမှ
သူ့ရုပ်ပုံက ပီသလာ
ဘယ်မှာ ပျောက်ဆုံးလို့လဲကွယ်…။
**လူတစ်ယောက် သေပြီးနောက်
ပျောက်ကွယ်သွားတာက ရုပ်ခန္ဓာပဲ
သူ့ခြေရာ လက်ရာ
အလုပ်နဲ့ ဂုဏ်သိက္ခာ ကတော့
ထာဝစဉ် ရှင်သန်လျက်ပါပဲကွယ်….။ ။
*** တင်မိုး ***
(၁၂၊ ဇွန်လ၊ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)
**လူတစ်ယောက်၏ ဘ၀နိဂုံး
အဆုံးသို့ ရောက်ပြီ…။
ဂူထဲမှာ လဲလျောင်း
မူလရပ်ဌာန်သို့
ပြန်မလာတော့ပြီ….။
**ချိုမြိန်သော သတိရခြင်းနှင့်
တသသ မြင်ယောင်နေရုံမှ အပ
သူ့ဘ၀ ရှင်သန်လာခြင်း မရှိ
ဇာတိ ဒီမှာ ဇာတ်ဆုံးပြီ….။
**ငယ်စဉ်က သူငယ်ချင်းများ
ယုံကြည်ချက်တူ ရဲဘော်များ
ဆွေမျိုးသားချင်းများ
လုပ်ဖော်ကိုင်ဖက်များ
သူ့ဇနီးနှင့် သားသမီးများ
စည်ကားစွာ လိုက်ပို့
သူ့ဘ၀၏ နောက်ဆုံးခရီးသို့…။
**ယပ်တောင်ကလေး ကမ်း
နှုတ်မဆက်တမ်း ထွက်ခွာသွား
အနားယူ အိပ်စက်ခြင်းပဲလား
ဘ၀သစ်တစ်ခု ကူးပြောင်းခြင်းပဲလား
ကျန်ရစ်သူများမှာတော့ ရင်ဟာပြီး
ဘ၀င်နာသလိုလို
ငိုချင်ရက်နဲ့ အငိုဖုံး
အပြုံးကလေး လျော့တိလျော့ရဲနဲ့
ခွဲခွာခြင်းကို ခံစားနေရပြီ…။
**သူဆိုးခဲ့ တေခဲ့သမျှ
သတိရစရာအဖြစ် ပြောင်းလဲ
သူ ရဲရင့်ခဲ့သမျှ
အမှတ်တရ ကျောက်တိုင်သဖွယ်
သူ ကွယ်လွန်ခါမှ
သူ့ရုပ်ပုံက ပီသလာ
ဘယ်မှာ ပျောက်ဆုံးလို့လဲကွယ်…။
**လူတစ်ယောက် သေပြီးနောက်
ပျောက်ကွယ်သွားတာက ရုပ်ခန္ဓာပဲ
သူ့ခြေရာ လက်ရာ
အလုပ်နဲ့ ဂုဏ်သိက္ခာ ကတော့
ထာဝစဉ် ရှင်သန်လျက်ပါပဲကွယ်….။ ။
*** တင်မိုး ***
(၁၂၊ ဇွန်လ၊ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)


No comments:
Post a Comment