ကွေ့ပတ်စီးဆင်းနေတဲ့ ကသွယ်ချောင်း
အရှိန်ကောင်းကောင်း စီးဆင်း
ရေစီးအား ပြင်းခဲ့ရင်
ခင်းထားတဲ့ လမ်းမကြီးပျက်
မြေပြိုပြီး အက်မှာမို့
အုတ်တံတိုင်း တက်ပြီး ဆီးလို့ကာ
ဧရာမ ခံကတုတ်ကြီးပါလား။
**ကျေးဇူးတင်ပါတယ် စည်ပင်ဆရာတို့
ပြည်တခွင်မှာ တကယ်ပဲတည်ဆောက်
လက်ရာမြောက် ကြိုးစားတာမို့
သာဓု သာဓု ခေါ်မိပါတယ်။
**ခင်ဗျားတို့ ကြည့်ရတာ
စေတနာ အလွန်ပါတယ်
ဘယ်အခါမှ မငြိုငြင်
ပြုံးရွှင်နေတဲ့ မျက်နှာနဲ့
မင်္ဂလာရှိလိုက်တဲ့ အလုပ်သမားတွေ။
**မိုးထဲ လေထဲမှာ
အုတ်ခဲတွေ သဲတွေကြားက
ကြိုးစားနေတဲ့ အမူအရာ
ခင်ဗျားတို့ မျက်နှာဟာ
မာယာ ကင်းလေတော့
သာယာခြင်းအတိ အားရှိစရာပေါ့ဗျာ။
**ခင်ဗျားတို့ရဲ့ သီချင်းသံက
နိုင်ငံရဲ့ အမြတ်ဆုံးတေးသံပါ။
တစ်နေ့ လုပ်ခ
တစ်ရာကျော် နှစ်ရာမျှ
ရလင့်ကစား
သနပ်ခါး တဖွေးဖွေး
သီချင်း တအေးအေးနဲ့
ချွေးစက်နဲ့ မိုးစက်
ရောယှက်ပြီး ကြည်နူး
ရွှံ့ကိုခူး မဆလာကိုင်
ဘယ်သူပြိုင်လို့ လှပါတော့နိုင်။
**ပြည်သူတွေရဲ့ အသဲနှလုံးထဲမှာ
ခင်ဗျားတို့ရဲ့ စေတနာအပြုံးတွေကို
လုံးလုံး မမေ့နိုင်။
ထိုးလိုက်ပါရဲ့ မော်ကွန်းကျောက်စာတိုင်…။ ။
*** တင်မိုး ***
(၁၉၊ ဇွန်လ၊ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)
**ငါ့အိမ်ရှေ့မှာ
ကွေ့ပတ်စီးဆင်းနေတဲ့ ကသွယ်ချောင်း
အရှိန်ကောင်းကောင်း စီးဆင်း
ရေစီးအား ပြင်းခဲ့ရင်
ခင်းထားတဲ့ လမ်းမကြီးပျက်
မြေပြိုပြီး အက်မှာမို့
အုတ်တံတိုင်း တက်ပြီး ဆီးလို့ကာ
ဧရာမ ခံကတုတ်ကြီးပါလား။
**ကျေးဇူးတင်ပါတယ် စည်ပင်ဆရာတို့
ပြည်တခွင်မှာ တကယ်ပဲတည်ဆောက်
လက်ရာမြောက် ကြိုးစားတာမို့
သာဓု သာဓု ခေါ်မိပါတယ်။
**ခင်ဗျားတို့ ကြည့်ရတာ
စေတနာ အလွန်ပါတယ်
ဘယ်အခါမှ မငြိုငြင်
ပြုံးရွှင်နေတဲ့ မျက်နှာနဲ့
မင်္ဂလာရှိလိုက်တဲ့ အလုပ်သမားတွေ။
**မိုးထဲ လေထဲမှာ
အုတ်ခဲတွေ သဲတွေကြားက
ကြိုးစားနေတဲ့ အမူအရာ
ခင်ဗျားတို့ မျက်နှာဟာ
မာယာ ကင်းလေတော့
သာယာခြင်းအတိ အားရှိစရာပေါ့ဗျာ။
**ခင်ဗျားတို့ရဲ့ သီချင်းသံက
နိုင်ငံရဲ့ အမြတ်ဆုံးတေးသံပါ။
တစ်နေ့ လုပ်ခ
တစ်ရာကျော် နှစ်ရာမျှ
ရလင့်ကစား
သနပ်ခါး တဖွေးဖွေး
သီချင်း တအေးအေးနဲ့
ချွေးစက်နဲ့ မိုးစက်
ရောယှက်ပြီး ကြည်နူး
ရွှံ့ကိုခူး မဆလာကိုင်
ဘယ်သူပြိုင်လို့ လှပါတော့နိုင်။
**ပြည်သူတွေရဲ့ အသဲနှလုံးထဲမှာ
ခင်ဗျားတို့ရဲ့ စေတနာအပြုံးတွေကို
လုံးလုံး မမေ့နိုင်။
ထိုးလိုက်ပါရဲ့ မော်ကွန်းကျောက်စာတိုင်…။ ။
*** တင်မိုး ***
(၁၉၊ ဇွန်လ၊ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)


No comments:
Post a Comment