အုပ်စု(ဃ) တွင် သြစတြေးလျအသင်းသည် ဂါနာနှင့် ရမှတ်လေးမှတ်တူသော်လည်း ဂိုးကွားခြားချက်ဖြင့် နောက် တစ်ဆင့်မတက်နိုင်ခြင်းမှာ မိမိပွဲပယ်ခံခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း သြစတြေးလျကစားသမား တင်ကာ ဟေးလ်က ပြောကြားသည်။ (အင်တာနက်)
** တောင်အာဖရိကအသင်းကို သမ္မတဇူးမားချီးကျူး **
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တောင်အာဖရိကအသင်း အုပ်စုမှထွက်ခဲ့ရသော်လည်း သုံးပွဲကစားပြီး တစ်ပွဲသာ ရှုံးခဲ့ခြင်းမှာ အရည်အချင်းရှိကြောင်း ပြသနိုင်သဖြင့် ချီးကျူးကြောင်း တောင်အာဖရိကသမ္မတ ဇူးမားက သတင်း ထောက်များအား ဇွန်လ ၂၄-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ဆားဗီးယားအသင်းနိုင်ပွဲကို မေ့မည်မဟုတ်ဟု ဗီဒစ်ပြောကြား **
အုပ်စု (ဃ)တွင် အုပ်စုပွဲစဉ်အဖြစ် ဂျာမနီနှင့်ကစားခဲ့သောပွဲတွင် မိမိတို့ ဆားဗီးယားအသင်း အနိုင်ရရှိခဲ့မှုကို ကမ္ဘာ့ဖလားပွဲတွင် အုပ်စုမှ မတက်ရောက်ခဲ့သော်လည်း မည်သည့်အခါမျှ မေ့မည်မဟုတ်ကြောင်း ဆားဗီးယားအသင်း ခေါင်းဆောင် ဗီဒစ်က ဇွန်လ ၂၄-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ဂျာမနီအား အနိုင်ယူနိုင်ဟု ကာပယ်လို ဖွင့်ဟ **
အင်္ဂလန်အသင်းအနေဖြင့် မဆုတ်မနစ်ဇွဲဖြင့် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်အောင် စွမ်းဆောင်နိုင်သည့် ခြေစွမ်းရှိသည့်အတွက် ရှုံးထွက်အဆင့်တွင် ယှဉ်ပြိုင်ရမည့် ပြိုက်ဘက်ဂျာမနီအသင်းအား အနိုင်ယူနိုင်သည့် ခြေစွမ်းရှိကြောင်း နည်းပြကာပယ်လိုက ဖွင့်ဟပြောကြားခဲ့သည်။ (အင်တာနက်)
** ပို့စ်အဲလီဇဘတ်မြို့တွင် အင်္ဂလန်ပရိသတ် ၂၀၀၀၀-ခန့်ရှိနေ **
၂၀၁၀ ကမ္ဘာ့ဖလားပွဲစဉ်များကို လာရောက်ကြည့်ရှုအားပေးသော အင်္ဂလန်ပရိသတ်များမှာ တောင်အာဖရိကနိုင်ငံ ပို့စ်အဲလီဇဘတ်မြို့တစ်မြို့တည်းတွင်ပင် ပရိသတ် ၂၀၀၀၀-ခန့် ရှိနေကြောင်း တောင်အာဖရိကအားကစားအရာရှိများက ဇွန်လ ၂၄-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** တောင်အာဖရိကပရိသတ်များ အင်္ဂလန်အသင်းကို အားပေး **
နယ်လ်ဆင်မင်ဒဲလားအားကစားကွင်းတွင် ဇွန်လ ၂၃-ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော ဆလိုဗေးနီးယားနှင့် အင်္ဂလန်တို့ပွဲတွင် တောင်အာဖရိကပရိသတ် ၁၅၀၀၀ ခန့် ၀င်ရောက်ကြည့်ရှုကာ အင်္ဂလန်အသင်းကို အားပေးခဲ့ကြကြောင်း တောင်အာဖရိက အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ဂျာမနီအတွက် အကောင်းဆုံးစွမ်းဆောင်ပေးမည့် ကလိုဆေး **
ဂျာမနီအသင်း အုပ်စုမှတက်ရောက်သွားပြီဖြစ်ရာ ပွဲပယ်ပြစ်ဒဏ် ကင်းလွတ်ပြီးပါက မိမိသည် ဂျာမနီအတွက် ဂိုးများသွင်းပြီး အကောင်းဆုံးစွမ်းဆောင်ပေးသွားမည်ဟု ကလိုဆေးက ပြောကြားသည်။ (အင်တာနက်)
** အင်္ဂလန် နောက်တစ်ဆင့် တက်သော်လည်း ဂျရတ် မပျော် **
အုပ်စု (ဂ) တွင် အင်္ဂလန်အသင်းနောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သော်လည်း မိမိဝမ်းမြောက်ဝမ်းသာမဖြစ်ကြောင်း၊ ပျော်ရွှင်မှုအပြည့်အ၀ မခံစားရကြောင်း ကွင်းလယ်ကစားသမား ဂျရတ်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာဟိန်း)
** သြစတြေးလျ အုပ်စုမတက်နိုင်ခြင်းမှာ မိမိကြောင့်ဟု တင်ကာဟေးလ် ပြောကြား **

No comments:
Post a Comment