ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, June 15, 2010

ဇွန်လအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ

> (ဇွန်လ ၁၅-ရက် ၂၀၁၀) `ကမ္ဘာ့အင်ဂျင်နီယာ လုပ်ငန်း၊ သိပ္ပံနည်းပညာဆိုင်ရာ (၂၀၁၀)ကွန်ဂရက်´ကို မလေးရှားနိုင်ငံ ကွာလာမ်ပူမြို့တော်တွင် ဇွန်လ ၁၅-ရက်နေ့မှ ၁၇-ရက်နေ့အထိ လက်ခံကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းကွန်ဂရက်သို့ အင်ဂျင်နီယာနှင့် သိပ္ပံပညာရှင် (၁၄၀၀)ယောက်ခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
(ဇွန်လ ၁၄-ရက် ၂၀၁၀) ) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားထိန်းသိမ်းရေးစခန်း တစ်ခုအတွင်း ရေပြတ်လပ်မှုနှင့် အစားအစာ မသန့်ရှင်းမှု ကြောင့် ဆန္ဒပြမှုဖြစ်ပွားခဲ့သည်။ လင်းခေး (Lenggeng) ထိန်းသိမ်းရေးစခန်းအတွင်း ရေပြတ်လပ်မှုအပြင် စခန်းတာဝန်ရှိသူ များက အစာဟောင်း များကိုပြန်ကြွေးခြင်းကြောင့် ၀မ်းလျောဝမ်းပျက်ရောဂါဖြစ်ပွားခဲ့သည့်အတွက် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု အထိန်း သိမ်းခံထားရသူတစ်ဦးက ပြောသည်။(NMG)

ဖြစ်ရပ်-၂။ ။ထိုင်းနိုင်ငံတွင် လာရောက်ပညာသင်ကြားနေသော မြန်မာရဟန်းသံဃာတော်များနှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ အတတ်ပညာ၊ ဘာသာစကား၊ ဘာသာရေး၊ ယဉ်ကျေးမှု စသည်တို့ကို ဖြည့်ဆည်းပေးနိုင်ရန် သင်တန်းကျောင်းတခုကို ထိုင်းနိုင်ငံရောက် စာသင်သား မြန်မာရဟန်းတော်များအဖွဲ့က ဘန်ကောက်တွင် ဖွင့်လှစ်လိုက်သည်။
အဆိုပါသင်တန်းကျောင်းကို ဘန်ကောက်မြို့၊ ဖလန်ဆောင် (၆၃) လမ်းရှိ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ) က ဦးစီးဖွင့်လှစ်ပြီး ထိုင်းမြို့နယ် သံဃာမဟာနာယက လက်ထောက်ဆရာတော်က ကြွရောက်ကာ ယမန်နေ့တွင် ကျောင်းကို တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။(ခေတ်ပြိုင်)
(ဇွန်လ ၁၂-ရက် ၂၀၁၀)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရှပ်နီ ဆန္ဒပြပွဲ ဖြစ်ပွား ပြီးနောက် ဖမ်းဆီးရမိသူများ စာရင်း ထုတ်ပြန်ရာ မြန်မာနိုင်ငံသား အလုပ်သမား ၁၃ ဦး ပါဝင်ကြောင်း သိရှိရသည်။ ယင်း ဖမ်းဆီးခံရ သူများကို သက်ဆိုင်ရာ ထိန်းသိမ်းရေး စခန်းများ၊ ရဲစခန်းများနှင့် အကျဉ်းထောင်များတွင် ထားရှိကြောင်းနှင့် ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုကို ကွဲပြားစွာမသိရသေးကြောင်း ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်း လှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက ပြောသည်။(ဧရာဝတီ)

(ဇွန်လ ၁၁-ရက် ၂၀၁၀)
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများသည် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် နိုင်ငံသား စီစစ်ရေးဌာနတခု ထားရှိပေးမည့် ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ကြသည်။သို့သော် ထိုအစီအစဉ်သည် ပြဿနာ ဇစ်မြစ်ကို ဖြေရှင်းပေးနိုင်ခြင်းမျိုး မဟုတ်သေးကြောင်း သတိပေးပြောကြားခဲ့သည်။(မဇ္ဈိမ)

(ဇွန်လ ၁၀-ရက် ၂၀၁၀) ထိုင်းနိုင်ငံတွင် `အမျိုးသားပြန်လည်သင့်မြတ်ရေး´အတွက် အများပြည်သူက ပြန်လည်ပူးပေါင်းဆေင်ရွက်ရန် ယနေ့ကျင်းပသော အထူးအစည်းအဝေး၌ ထိုင်းဝန်ကြီးချုပ် အဘိဆစ်က တိုက်တွန်းပြောကြားလိုက်သည်။ ထိုင်းအစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် Road Map အဆင့် (၅)ဆင့်ပါဝင်ပြီး အတိုက်အခံပါတီ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များစသဖြင့် ပါဝင်ဆွေးနွေးကြကြောင်း သိရသည်။ (BBC)
(ဇွန်လ ၈-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့တွင် ယမန်နေ့ည (၉)နာရီအချိန်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ ထိုအချိန်တွင် မိုးရွာနေချိန်ဖြစ်ပြီး ဂိုဒေါင်တစ်ခုအနီး၌ပင် ပေါက်ကွဲခြင်းဖြစ်သဖြင့် မည်သူမျှ အထိအခိုက်မရှိခဲ့ကြောင်း၊ ဤကိစ္စနှင့် ပတ်သက်ပြီး မြ၀တီခရိုင် အာဏာပိုင်များက မည်သူ့လက်ချက်ဖြစ်မှန်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။ (BBC)
့ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံတွင် အားကစားလုပ်ငန်းများမှ လောင်းကစားခြင်းများကို တရားဝင်ခွင့်ပြုမှုအပေါ်၌ အစ္စလာမ်ဘာသာရေးဂိုဏ်းအချို့က အစိုးရကို ကန့်ကွက်လျက်ရှိကြောင်း သိရသည်။ (RFA)
ဖြစ်ရပ်-၃။ ။ မလေးရှားနိုင်ငံတွင် လုံးဝမစားသုံးရန် သတိပေးထားသော ပင်လယ်ပြင်အစားအစာ ၂၃-မျိုးကို မလေးရှားနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (WWF)က မလေးရှားနိုင်ငံသားများအား နိုးဆော်လိုက်သည်။ RFA)
(ဇွန်လ ၇-ရက် ၂၀၁၀) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ UNHCR ရုံးရှေ့တွင် မလေးရှားနိုင်ငံရောက် ရခိုင်တိုင်းရင်းသားများက ၄င်းတို့ကို အခြားတိုင်းရင်းသားများနှင့် အတူပဲ ခွဲခြားဆက်ဆံခြင်းကြောင့် ဆိုတာ ယနေ့ဆန္ဒပြုကြကြောင်း သတင်းရရှိသည်။ မလေးရှားနိုင်ငံသို့ရောက်ရှိနေကြသော ရခိုင်တိုင်းရင်းသားဒုက္ခသည် အရေအတွက်မှာ ၁-သိန်း ၂-ထောင်ခန့်ရှိကြောင်း သိရသည်။ (RFA)
(ဇွန်လ ၆-ရက် ၂၀၁၀) မလေးရှားနိုင်ငံ တရင်ဂနူ ပြည်နယ်က နိုင်ငံခြားသား ထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်းခံနေရသူ မြန်မာနဲ့ ဗီယက်နမိုံင်ငံသား ၂ ရာလောက် စခန်းဖောက် ထွက်ပြေးဖို့ ကြိုးစားခဲု့ကရာမှာ မလေးရှားရဲတပ်ဖွဲ့က အခြေအနေကို ဝင်ရောက် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ (RFA)
(ဇွန်လ ၅-ရက် ၂၀၁၀) ထိုင်းနိုင်ငံရှိ လူကုန်ကူးခံရသူ အများဆုံးမှာ မြန်မာလုပ်သားများဖြစ်ပြီး ထိုင်းနိုင်ငံ၏ တနေ့တခြား ကြီးထွားကျယ်ပြန့်လာသော ငါးဖမ်းလုပ်ငန်းတွင် အလုပ်သမားများ ပြတ်လပ်နေခြင်းကလည်း လူကုန်ကူးမှု ပြဿနာကို ပိုမိုဆိုးရွားစေခဲ့သည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောဆိုကြသည်။ (မဇ္ဈိမ)
(ဇွန်လ ၄-ရက် ၂၀၁၀) `နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့´ အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ SAW-အထက်တန်းကျောင်းတွင် ယနေ့ကျင်းပကြသည်ကို တွေ့ရသည်။ (မြန်မာပြည်သား)
(ဇွန်လ ၃-ရက် ၂၀၁၀) ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဗလီဝတ်ကျောင်းတစ်ခုအတွင်းတွင် တွေ့ရှိရသော အစ္စလာမ်ဘာသာဝင် အမျိုးသမီးအလောင်း (၆)လောင်းကို သေဆုံးစေခဲ့အောင် ပြုလုပ်သူမှာ မိမိတို့ ထိုင်းစစ်တပ်မဟုတ်ကြောင်း ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အနဖွန်ဖောင်ကျင်ဒါက ငြင်းဆိုလိုက်သည်။ မိမိတို့ထိုင်းစစ်တပ်သည် လက်ရှိအစိုးရနှင့် သဘောထားကွဲပြားကာ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြသော ရှပ်နီဂိုဏ်းသားများထဲမှ အမျိုးသမီးများနှင့် ကလေးများကိုပင် စာနာထောက်ထားမှုနှင့် ကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာယုံကြည်ကိုးကွယ်သူများ၏ ဘာသာတရားကိုလည်း အစဉ်လေးစားလျက်ရှိကြောင်း ၄င်းက ပြောဆိုသွားသည်။ (RFA)
(ဇွန်လ ၂-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ နှိမ်နင်းမှုတွေအကြောင်း ထိုင်းလွှတ်တော်အတွင်း အချေအတင် ပြောဆိုခဲ့ကြပြီး ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝပ် (Abhisit Vejjajiva) ကို အယုံအကြည်မရှိ အဆို တင်သွင်းခဲ့ကြပေမဲ့လည်း ၀န်ကြီးချုပ်ဘက်က အနိုင်ရခဲ့ပါတယ်။ (VOA)
ဖြစ်ရပ်-၂။ ။ထိုင်းနိုင်ငံမှာ ၂ လကျော်ကြာ ဖြစ်ခဲ့တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေကြောင့် နစ်နာဆုံးရှုံးကြရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေကို ထိုင်းအစိုးရက နစ်နာကြေးပေးဖို့ စီစဉ်ရာမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေလည်း အကျုံးဝင်ပါတယ်။ အလုပ်သမားတွေအတွက် နစ်နာကြေးအနေနဲ့ တလကို အနည်းဆုံး ဘတ် ၇,၀၀၀ ကျော် ၂ လစာ နစ်နာကြေးပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ (VOA)
(ဇွန်လ ၁-ရက် ၂၀၁၀) ဖြစ်ရပ်- ၁။ ။ ထိုင်းအစိုးရက အကြမ်းဖက် သမားအဖြစ် သတ်မှတ် လိုက်သော ပြည်ပရောက် ထိုင်းဝန်ကြီး ချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ဖမ်းဆီးပေးရန် နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) က ငြင်းဆန် လိုက်သည်။ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ အခြေစိုက် Interpol မှ အထွေထွေ အတွင်းရေးမှူး ရော်နယ် နိုဘယ်လ်က “လွတ်မြောက်နေတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို နိုင်ငံရေးမှုနဲ့ ဖမ်းဆီးမှာ မဟုတ်ပါဘူး”ဟု မေလ ၂၈ ရက်နေ့က ပြောဆို ထားသည်။ (ဧရာဝတီ)
ဖြစ်ရပ်-၂။ ။ ယနေ့နံနက် (၁၁) နာရီအချိန်တွင် ထိုင်းနိုင်ငံတောင်ပိုင်း တကွာပမြို့နယ် ဘန်နမ့်ခမ်းကျေးရွာ၌ ဆူနာမီ သဘာဝဘေးအန္တရယ် ကာကွယ်ရေး အစမ်းလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ ၂၀၀၄ ခုနှစ်အတွင်း ဖြစ်ပွားသော ဆူနာမီရေလှိုင်းဒဏ်ကြောင့် ထိုင်းနိုင်ငံတွင် အထိခိုက်ဆုံး ဖြစ်ခဲ့သည့် ဖန်ငခရိုင်၊ တကွာပမြို့နယ်၊ ဘန်နမ့်ခမ်း ကျေးရွာတွင် ကုန်းရေပူးတွဲ အစမ်းလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်လေ့ကျင့်ခဲ့သည်။ (ခေတ်ပြိုင်)

(ဇွန်လ ၁၅-ရက် ၂၀၁၀) `ကမ္ဘာ့အင်ဂျင်နီယာ လုပ်ငန်း၊ သိပ္ပံနည်းပညာဆိုင်ရာ (၂၀၁၀)ကွန်ဂရက်´ကို မလေးရှားနိုင်ငံ ကွာလာမ်ပူမြို့တော်တွင် ဇွန်လ ၁၅-ရက်နေ့မှ ၁၇-ရက်နေ့အထိ လက်ခံကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းကွန်ဂရက်သို့ အင်ဂျင်နီယာနှင့် သိပ္ပံပညာရှင် (၁၄၀၀)ယောက်ခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)