ရတနာပုံနေပြည်တော်တွင် မပျော်မွေ့သော ကိုရင်ပဏ္ဍိတသည် လူဝတ်လဲကာ မိမိဇာတိမြေ ကွမ်းညှပ်စင်ရွာသို့ ပြန်ခဲ့စဉ်က ဖြစ်သည်။
လူပျိုပေါက်မောင်ဖြူဝင်းသည် သူငယ်ချင်းမိတ်ဆွေများနှင့် လည်ပတ်စဉ် ညောင်ပင်ကြီးတစ်ပင်အနီးသို့ ရောက်သည်။ ထိုညောင်ပင်ကြီးအောက်၌ မိန်းမပျိုတစ်စုလည်း စုရုံးရောက်ရှိနေကြသည်။ ထိုစဉ် မမင်းမှိန် ဆိုသူ မိန်းမပျိုတစ်ဦးက အမှတ်မထင် လေလည်လိုက်မိသည်။ ဤတွင် မောင်ဖြူဝင်းက ကောက်ကာ ငင်ကာနှင့်-

ရွှေညောင်ပင်သာသည့်ကုန်း
စုရုံး၍ နေကြရာ။
မမင်းမှိန်အပျိုကြီးရယ်
အီးညှစ်လို့ပါ….။
ဟူ၍ စာချိုးလိုက်လေသည်။
မမင်းမှိန်အပျိုကြီးရယ်
အီးညှစ်လို့ပါ….။
ဟူ၍ စာချိုးလိုက်လေသည်။
မောင်ဖြူဝင်း၏ စာချိုးမှာ အလွန်ထိမိသည်။ ထို့ကြောင့် တ၀ါးဝါးပွဲကျသွားသည်။ မမင်းမှိန်မှာလည်း ခေါင်းမဖော်နိုင်အောင် အရှက်ရတော့သည်။
ရတနာပုံနေပြည်တော်ပြန် ကိုရင်လူထွက် စာတတ် မောင်ဖြူဝင်းကို `ငစွန်´သည် နကိုကတည်းက ကြည့်၍မရ။ ငစွန်သည် မမင်းမှိန်၏မောင်ဖြစ်သည်။ ယခုနှမဖြစ်သူကို မောင်ဖြူဝင်းက စာချိုးပြီး အရှက်ခွဲသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် ဒေါသထွက်ကာ ဆဲသည်။ ဤသည်ကိုပင် မောင်ဖြူဝင်းက ဆက်၍ စာစပ်လိုက်ပြန်သည်။
**မလိမ္မာ
ဗာလာနမိုက်ခဲ။
သူ့အမ စအိုတွန်လို့
မောင်ငစွန်မျက်မာန်ရှတယ်
ဒေါသနဲ့ဆဲ…။
ဝါးခနဲ ရယ်လိုက်ကြသည်။
စာချိုးကလည်း ထိမိလွန်းသည်။ ရှက်ဒေါသထွက်နေသော ငစွန်ပင် ရှက်ရယ်ရယ်မိတော့သည်။ မမင်းမှိန်မှာလည်း တစ်ရှက်ပေါ် နှစ်ရှက်ဆင့်ဒေါသလည်း မပွင့်ရဲ။ မျက်နှာနီရဲရဲကလေးနှင့် အိမ်သို့ သုတ်ခြေတင်ရတော့သည်။
ဗန်းမော် ဆရာတော်ဖြစ်လာမည့် မောင်ဖြူဝင်းကား တောက်မည့်မီးခဲ တရဲရဲ…..။
*** နေဘုန်းဝေ ***
မှတ်ချက်။ ။ စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များမှ ကူးယူဖော်ပြသည်။
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များမှ)

No comments:
Post a Comment