*** သွေးကင်ဆာဖြစ်ပွားနေသူများ လေ့ကျင့်ခန်းပြုလုပ်ပေးလျှင် သက်သာစေနိုင် ***
(ကယ်ရိုလိုင်းနား၊ ဇွန် ၁၅-ရက်)
သွေးကင်ဆာရောဂါ ခံစားနေရသော ဝေဒနာရှင်များသည် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်ပေး ခြင်းဖြင့် ရောဂါမှ သက်သာရာရစေနိုင်ကြောင်း မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်မှ သုတေသီများက လေ့ လာတင်ပြထားသည်။ အဆိုပါ သုတေသီများက ဆေးရုံတွင် တက်ရောက်ကုသနေသော ရောဂါသက်သာ လာသည့် သွေးကင်ဆာရောဂါဝေဒနာရှင် ၁၀-ဦးအား လေ့လာခဲ့ရာ ယင်းရောဂါဝေဒနာရှင်များသည် ဆေးရုံတက် နေသည့် သီတင်းသုံးပတ်မှ ငါးပတ်ကာလအတွင်း အေရိုးဗစ်ကစားခြင်း၊ ကိုယ်ခံစွမ်းအား၊ ခုခံအားကောင်းစေသည့် လေ့ ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
၎င်းရောဂါဝေဒနာရှင်များသည် ဆေးရုံမှဆင်းပြီး နှစ်ပတ်ကြာအထိ လေ့ကျင့်ခန်းများ ဆက်လက်ပြုလုပ်ခဲ့ကြရာ သွေးကင်ဆာရောဂါခံစားမှု တိုး၍မလာကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ခနာကိုယ်အတွင်းရှိ နှလုံးနှင့် သွေးကြောများ အားကောင်းလာခြင်း၊ ကြွက်သားများ သန်မာလာခြင်းတို့ကြောင့် သွေးကင်ဆာဖြစ်ပွားမှုမှ သက်သာစေနိုင်ကြောင်း ၄င်းသုတေသီများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-ကောင်းမြတ်သူ **
** Public Health **

No comments:
Post a Comment