ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ အနီးသို့ ချဉ်ကပ်လာသည့် မြန်မာအမျိုးသမီး၄၆ဦးပါ လှေတစ်စီးအား ယမန်နေ့ နံနက်ပိုင်းကထိုင်းရေတပ်ကင်းလှည့်အမြန်ယာဉ်ဖြင့်ဖမ်းဆီးလိုက်သည်။ ဇွန်လ၂၇က်နေ့ နံနက် ၅နာ၇ီကျော်အချိန်တွင် နယ်မြေအမှတ် ၂၅ ဒုဗိုလ်ချုပ် တုန်ဘတ်တောင်အင်စ် ဦးဆောင်သည့်ကင်းလှည့်အဖွဲ့  ကရနောင်းရေပိုင်နက် ကော့စမီကျွန်းကော့ဒက်ကျွန်းအနီး အမြန်ယာဉ်ငယ်ဖြင့် ကင်းလှည့်နေစဉ် မြန်မာနိုင်ငံကော့သောင်းမြိုမှ၇နောင်းမြို့သို့ထွက်ခွာလာသည့်လှေအားမသင်္ကာသဖြင့်လိုက်လာခဲ့ရာမှဖမ်းဆီး
မိခြင်းဖြစ်ကြောင်းထိုင်းဘာသာဖြင့်ထုတ်ဝေသည့်ခေါင်စွတ်သတင်းစာတွင်ရေးသားဖေါ်ပြထား သည်။ ယောက်ျားကလေးများနှင့် အသက်အရွယ်ကြီးသူများမပါရှိပဲအသက်၂၀နှင့် ၂၅နှစ်အကြား ရှိသူများဖြစ်ပြီး။လှေမောင်းသူ နိုင်ဝင်းစိုးမိုး၊နိုင်အကတို့ မှာ အလုပ်သမားလက်မှတ် ကိုင်ဆောင် ထားသူများ ဖြစ်ကြသည်။ထိုသူများအားစစ်ဆေး၇ာတွင် လှေတစ်ခေါက် အောင်မြင်ပါက ဘတ်ငွေ ၅၀၀၀ ရကြောင်းထွက်ဆိုခဲ့သည်။
လှေမောင်းသူနှစ်ဦးအား လူကုန်ကူးမှုဖြင့် တရားစွဲဆိုအရေးယူမည်ဖြစ်သည်။ ရနောင်းမြို့ အချုပ်ကြီးနှင့်နီးစပ်သူတစ်ဦးအား မေးမြန်းကြည့်ရာ“ဟုတ်ကဲ့ဖမ်းပါတယ်။သူတို့ တွေက ရိုးရိုးအလုပ် လာလုပ်သူတွေမဟုတ်ဘူး။ရနောင်းမြို့ မှာရှိတဲ့ ပြည့်တန်ဆာအခန်းတွေက ဘတ်မရှိ။စာအုပ်မရှိတဲ့ မြန်မာလိင် အလုပ်သမလေးတွေပါ။ သူတို့ ကိုဖမ်းပြီးတ၇ားရုံးမှာ ဒဏ်ငွေ ၂၀၀၀ စီ ကျခံပြီးပြီး။ သူတို့ လုပ်ငန်းရှင်သူဌေး တွေကစိုက်ပေးတယ်။ ကော့သောင်းဖက်ကိုပြန်ပို့ ခံရသူတွေဖြစ်ပါတယ်။ သူတို့ ပြန်လာတုန်းထပ်မိတာပါ။ဒီနေ့  အချုပ်ကနေပြီးတော့ ကော့သောင်းကိုထပ်ပို့ မလို့ စီစဉ်နေပါတယ်”ဟုပြောသည်။ ယမန်နေ့ နံနက် ၁၀နာရီခန့် က ထိုင်းနိုင်ငံတောင်ပိုင်း ကျုံဖေါ်မြို့ နယ် အတွင်းရှိ ငါးပုဇွန်မွေးမြူရေးကန်များမှတရားမ၀င်နေထိုင် ၁၉ဦးကိုနယ်ခြားစောင့်၇ဲတပ်ဖွဲ့ အမှတ် ၄၁၄ နှင့်လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ တို့ ကဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးခြင်းကို မကျေနပ်သဖြင့် ငါးမွေးမြူရေးကန် ပိုင်ရှင်များနှင့် အလုပ်သမားအရေတွက် ငါးဆယ်ကျော်ခန့်  တို့ က ကျုံဖေါ်မြို့ နယ် ဟမ်းစယ်မြို့ ပါနန်း လမ်းကိုပိတ်ပြီးဆန္ဒပြခဲ့ကြသည်။ ငါးပုဇွန်မွေးမြူရေးကန်များစုပေါင်းပြီး တစ်လလျှင်ဘတ်၆၀၀၀ စီရဲစခန်းကိုပေးသွင်းထားသော်လည်း ယခုကဲ့သို့  ဖမ်းဆီးခံရခြင်းကို မကျေနပ်ကြသဖြင့်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။နယ်မြေ ရဲစခန်းမှ အလုပ်သမားတစ် ဦး ကို ဘတ်၃၀၀ စီပေးသွင်း၇န် ရဲစခန်းကတောင်းခံခဲ့သည်။ သို့ ရာတွင်အဆိုပါ မွေးမြူစခန်း ၅နေရာတွင်အလုပ် သမား၁၃၀ဦး ခန့် ရှိသဖြင့် ၃၀၀ ဘတ်နုန်းဖြင့် ၃၉၀၀၀ ဘတ် မပေးသွင်းနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုခဲ့သည်။ ထို သို့ ငွေအရနည်းသည်ကိုထိုင်းအာဏာပိုင်များက မကျေနပ်သဖြင့် ယခုကဲ့သို့  တရားမ၀င်နိုင်ငံခြားသားအလုပ်သမားများအားဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မြို့ နယ်အာဏာပိုင်များရောက်ရှိလာပြီး အကြောင်းစုံကို မေးမြန်းဖြေရှင်း ကြသဖြင့် ဖမ်းဆီးခံထားရသည့်မြန်မာအလုပ်သမား၁၉ ဦးမှာ လွတ်မြောက်လာခဲ့သည်။မည်သို့ မည်ပုံ နားလည် မှုဖြင့် ဖြေရှင်းလိုက်သည်ကို သတင်းထောက်များအနားကို ကပ်ခွင့်မရရှိသဖြင့် မသိရှိလိုက်ကြောင်း သတင်းစာတွင်ဆက်လက်ရေးသားသည်။
အလားတူယမန်နေ့ နေ့ လည် ၁၁နာရီခန့် ကထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်မြို့ နယ်အတွင်း တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်လုပ်ကိုင်ခြင်းအ ထူးနည်းပါးခြင်း၊ တရားမ၀င်မူးယစ်ဆေးဝါး သုံးစွဲ၊ ဖြန့် ချိ၊ သယ်ယူသူများနှင့် ရာဇ၀တ်မှုခင်းများအထူးများပြားသဖြင့်စီမံကိန်းချဖမ်းဆီးခြင်းဖြစ်ကြောင်း။ ချင်းဆယ်မြို့ ၊ချင်းခေါင်မြို့ နှင့်မယမ်းကင်န်မြို့ တို့ မှ လော၊ကိုးရီးယားနှင့်မြန်မာအလုပ်သမားများ၈၂ဦးတို့ ကို ဖမ်းဆီးခဲ့သည်။ ထိုအထဲတွင်မြန်မာ၃၀၊လော ၄၇ဦးနှင့်ကိုးရီးယား၅ဦးတို့အားဖမ်းဆီးခဲ့ကြောင်း ခေါင်စွတ်သတင်းစာတွင်ရေးသားဖေါ်ပြထားသည်။
**(ဇွန်၃ ၊ ကိုတီး- ရခိုင့်တံခွန်ဂျာနယ်)**

No comments:
Post a Comment