ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 2, 2010

အမြင်

> `လေစိမ်းတွေ တိုက်နေပြီ အိမ်ထဲဝင်တော့` ဆိုတဲ့ အသံတခုရဲ့ အဆုံးမှာ အိမ်ထဲပြေးဝင်သွားတဲ့ သုံးနှစ်အရွယ် ကလေးငယ်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။
`သမီးလေးအတွက် လေပူဖောင်း`ဆိုတဲ့ အသံတခုရဲ့ အဆုံးမှာ လက်ထဲ ရောက်လာတဲ့ လေပူဖောင်းလေး နိမ့်တုံမြင့်တုံ ဖြစ်နေတာကို ကြည့်ပြီးပျော်နေတဲ့ ငါးနှစ်အရွယ်ကလေးငယ်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။
ကျောက်သင်ပုန်းပေါ်က လေထုသိပ်သည်းဆနဲ့ လေဖိအားဆိုင်ရာ ဖော်မြူလာတွေကို လိုက်လံမှတ်သားနေတဲ့ အသက်ဆယ့်လေးနှစ်အရွယ် ကျောင်းသူတယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။
လေထုစွမ်းအင် ထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းခွင်ထဲက wind turbine တွေအနီးမှာ ရပ်နေတဲ့ အင်ဂျင်နီယာတယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။

လေထုစွမ်းအင်နဲ့ သက်ဆိုင်တဲ့ ဘောဂဗေဒ လေ့လာဆန်းစစ်ချက်တွေကို တက္ကသိုလ်ရုံးခန်းထဲမှာ ငုတ်တုပ်ထိုင်လုပ်နေတဲ့ ပညာရှင်တယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။
အနုမြူစွမ်းအင်နဲ့ လေထုစွမ်းအင်ဆိုင်ရာ မူဝါဒပရိုပိုဆာတွေကိုင်ရင်း
ငြင်းခုန်ဆွေးနွေးနေကြတဲ့ ပါလီမန်ထဲက အမတ်မင်းတွေရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။
`ပူလိုက်တာကွာ လေအေးအေးလေးတိုက်ရင် ကောင်းမှာပဲ`ဆိုတဲ့ အပူပိုင်းဒေသက လူတယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။
`လေတွေကလဲ တိုက်လိုက်တာဟယ်။ သစ်ပင်တွေလဲရင်တော့ ဒုက္ခပါပဲ`ဆိုတဲ့ လေတိုက်နှုန်းမြင့်မားရာ ဒေသက လူတယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။
လေပေါက်မပါတဲ့ အလုံပိတ်ကားထဲမှာ ပိတ်မိနေတဲ့ လူတယောက်ရဲ့ `လေ`ဆိုတာကို မျှော်လင့်တောင့်တမှု။
လေမုန်တိုင်းဒဏ်ကို အလူးအလဲ ခံနေရတဲ့ လူတယောက်ရဲ့ `လေ`တိုက်နှုန်းတွေ လျော့နည်းစေလိုမှု။
တကယ်တော့ လူတိုင်း၊ လူတိုင်းမှာ အသက်အရွယ်အရ၊ ပညာအရည်အချင်းအရ၊ အတွေးအခေါ် အဆင့်အတန်းအရ၊ ရှုမြင်တဲ့ ရှုထောင့်မျိုးစုံအရ မတူညီတဲ့ အမြင်တွေ ဆိုတာ ရှိကြစမြဲပါ။
လောကကြီးဆိုတာ မတူညီတဲ့အမြင်၊ မတူညီတဲ့ အတွေးအခေါ်၊ မတူညီတဲ့ လိုအင်ဆန္ဒ၊ မတူညီတဲ့ အသက်အရွယ်၊ မတူညီတဲ့ ပညာအဆင့်အတန်း၊ မတူညီတဲ့ အသက်မွေးဝမ်းကျောင်း အစရှိတဲ့ မတူညီကွဲပြားမှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။
ဒီလို ကွဲပြားမှုတွေအကြားမှာ `ငါနဲ့မတူ၊ ငါ့ရန်သူ`ဆိုတဲ့ စကားပုံကို လက်စွဲပြီး ကိုယ်တွေးသလို မတွေးရင် တွေ့သမျှလူနဲ့ငြင်းခုန်၊ ကိုယ့်အမြင်နဲ့ ထပ်တူမကျသူတွေကို စွပ်စွဲရန်တွေ့၊ တဘက်လူတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို အပုပ်ချရင်း ဝေလေလေနဲ့ အချိန်မဖြုန်းသင့်ကြပါ။ ဆိုလိုရင်းနဲ့ စိတ်ထားအရင်းခံကို မမြင်ပဲ ငါထောက်ခံတဲ့ ကိစ္စကို သူမထောက်ခံတာနဲ့၊ ငါမထောက်ခံတဲ့ ကိစ္စကို သူထောက်ခံတာနဲ့ ပုဂ္ဂိုလ်ရေးအရ ဆဲဆို စွပ်စွဲပုတ်ခတ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေဟာ လူ့အဖွဲ့အစည်း ရှင်သန်ရပ်တည်မှုမှာ အဓိကကျတဲ့ `မတူညီမှုတွေအကြားမှာ အတူတကွ ယှဉ်တွဲနေထိုင်မှု` ကို ထိခိုက်စေပါတယ်။
လူ့အဖွဲ့အစည်းတခုရဲ့ မြင့်မားတိုးတက်မှုကို နှောင့်နှေးထိခိုက်စေတဲ့ နောက်ထပ် အတွေးအခေါ်တခုကတော့ လက်တွေ့လုပ်ငန်းတာဝန် ထမ်းဆောင်နေသူများရဲ့ သဘောတရားရေးရာ လေ့လာသူများကို အဆိုးမြင်အတွေးအခေါ်ပဲ ဖြစ်ပါတယ်။ သဘောတရားတွေ၊ သီအိုရီတွေဆိုတာကလဲ လေ့လာသူတွေက ထင်ရာမြင်ရာ တွေးပြီး ရေးချင်ရာ ရေးနေကြတာ မဟုတ်ပါ။ လေ့လာသုတေသနပြုပြီးမှ ရေးသားကြတာ ဖြစ်ပါတယ်။ အဲဒီမှာမှ အတွေးအခေါ်အရ၊ အမြင်အရ၊ ပြောင်းလဲမှုအခြေအနေတွေအရ မတူညီတဲ့ ရှုထောင့်တွေပေါ် မူတည်ပြီး ဖောက်ထွက်တွေးတောရင်း သဘောတရားအသစ်တွေပါ ထပ်မံ ပေါက်ဖွားလာတာတွေလဲ ရှိတတ်ပါတယ်။ ကမ္ဘာ့သမိုင်းသစ်ကို သွေးနဲ့ ရေးထားခဲ့တဲ့ အရင်းရှင်တော်လှန်ရေးကြီးရဲ့ အမြုတေဟာ လန်ဒန်မှာ စာတွေထိုင်ဖတ်၊ ထိုင်ရေးနေခဲ့တဲ့ Karl Marx ရဲ့ ကွန်မြူနစ်ကြေညာစာတမ်းနဲ့ အရင်းကျမ်းကြောင့်လို့ ဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီလိုပါပဲ။ လီနင်ဆိုတဲ့ တော်လှန်ရေးခေါင်းဆောင် ရှိရုံနဲ့လဲ တော်လှန်ရေး ကြီးဟာ ပြီးပြည့်စုံခဲ့တာ မဟုတ်ပါဘူး။ လူထုရဲ့ စိတ်နှလုံးကို နှိုးဆွပေးနိုင်မယ့် စာရေးဆရာ ဂေါ်ကီကလဲ သူ့နေရာနဲ့သူ တာဝန်ကျေခဲ့တာ ဖြစ်ပါတယ်။ Karl Marx တို့၊ ဂေါ်ကီတို့ကလဲ တော်လှန်ရေးခေါင်းဆောင်နေရာကို မတောင်းဆိုခဲ့သလို လီနင်ကလဲ မဆီမဆိုင် Karl Marx ကို လက်တွေ့မပါတဲ့ သဘောတရားရေးသမားကြီးလို့ ပြောနေခဲ့တာ မဟုတ်ပါဘူး။ သဘောတရားထဲက သူလိုအပ်မယ်ထင်တဲ့ လက်တွေ့လုပ်ငန်းစဉ်တွေကို သူ့ဘာသာသူ ရွေးချယ်ထုတ်နှုတ်ပြီး ချမှတ်သွားခဲ့ပါတယ်။ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ခဲ့ကြတာပါပဲ။
ဘယ်လိုပဲ ဖြစ်ဖြစ် သဘောတရားမပါတဲ့ လက်တွေ့နဲ့ လက်တွေ့မပါတဲ့ သဘောတရားနှစ်မျိုးစလုံးဟာ အောင်ပွဲနဲ့ လွဲတတ်တယ် ဆိုတာကတော့ အသေအချာပါပဲ။
ဒါကြောင့် သဘောတရားနဲ့ လက်တွေ့ကို စနစ်တကျ ပေါင်းစပ်ဖို့ လိုအပ်လှပါတယ်။ ဒီနေရာမှာလဲ သဘောတရားတိုင်းဟာ လက်တွေ့နဲ့ နီးစပ်ချင်မှ နီးစပ်မှာပါ။ အချိန်ကာလ၊ နေရာဒေသနဲ့ မကိုက်ညီတာတွေလဲ ရှိတတ်စမြဲပါ။ လက်တွေ့နဲ့ ကိုက်ညီမယ့် လုပ်နည်းလုပ်ဟန်တွေကို ရွေးချယ် ထုတ်နှုတ် အသုံးပြုတတ်ဖို့က လက်တွေ့သမားဆိုသူများအတွက် အလွန် အရေးကြီးပါတယ်။
ဒီလိုမဟုတ်ပဲ စာတွေ့၊ လက်တွေ့ဆိုပြီး ခွဲခြားဆက်ဆံနေကြလို့ကတော့ အချင်းချင်း အငြင်းပွားရင်း တစ်နဲ့ တစ်ပေါင်းပြီး နှစ်ဖြစ်ရမယ့်အစား တစ်နဲ့ တစ် ဆန့်ကျင်ဘက်တွေ့ပြီး သုညဖြစ်သွားတာပဲ အဖတ်တင်ကျန်ရစ်မှာ ဖြစ်ပါတယ်။
မတူညီကွဲပြားတဲ့ အမြင်တွေ၊ ခံယူချက်တွေကို တခုတည်းဖြစ်အောင် အတင်းအကြပ် လိုက်လံစည်းရုံးတာ၊ အုပ်စုဖွဲ့ပြီး သင်းကွဲကို လိုက်လံတိုက်ခိုက်တာတွေဟာ အရည်မရ၊ အဖတ်မရ အလုပ်တွေပဲ ဖြစ်ပါတယ်။ မတူညီမှုထဲကနေ ဘုံအကျိုးစီးပွားကို ရှာဖွေ ဖော်ထုတ်ခြင်း၊ အပေးအယူပြု ညှိနှိုင်းခြင်း၊ ကိုယ့်တာဝန် ကိုယ်ကျေပြွန်ခြင်း တို့နဲ့သာ တိုးတက်တဲ့ လူ့ဘောင်သစ်၊ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း။

**ခင်မမမျိုး** (၁၊ ၆၊ ၂၀၁၀)

`လေစိမ်းတွေ တိုက်နေပြီ အိမ်ထဲဝင်တော့` ဆိုတဲ့ အသံတခုရဲ့ အဆုံးမှာ အိမ်ထဲပြေးဝင်သွားတဲ့ သုံးနှစ်အရွယ် ကလေးငယ်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)