ယဉ်ကျေးမှုရဲ့ အမွှေအနှစ်
ကဗျာပဲ ဖြစ်သတဲ့။
**ကျစ်လစ်သိပ်သည်းတဲ့ စကားလုံး
သီကုံးထားတဲ့ သံစဥင်္
အဆင်အယင်ကလဲ လှတာမို့
အလင်္ကာရလို့ ခေါ်ကြသတဲ့။
**အစဉ်အလာကလဲ လှနေတဲ့
အလင်္ကာရ တေးကဗျာကို
အတွေးအရာမှာ အင်အားနည်းတယ်လို့
စကားလုံးက မွဲမွဲ
အသုံးအနှုန်းက ရဲရဲ
လှေကွဲစီး ၀ါကျပျက်တွေနဲ့
လက်ဖွာဖွာ ရှက်စရာဖွဲ့နေရင်
ကာရန်မဲ့ ရုံသာမက
ကဗျာဥာဏ်ပါမဲ့ သွားလိမ့်မယ်။
**ကဗျာဖြစ်မှတော့
ကျစ်လျစ်မှု ကြွယ်ဝမှုတော့ ရှိရဦးမှာပေါ့။ ။
** တင်မိုး ** (၄၊ ဇူလိုင်၊ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)
**လူမျိုးတစ်မျိုးရဲ့ ၀ိညာဉ်
ယဉ်ကျေးမှုရဲ့ အမွှေအနှစ်
ကဗျာပဲ ဖြစ်သတဲ့။
**ကျစ်လစ်သိပ်သည်းတဲ့ စကားလုံး
သီကုံးထားတဲ့ သံစဥင်္
အဆင်အယင်ကလဲ လှတာမို့
အလင်္ကာရလို့ ခေါ်ကြသတဲ့။
**အစဉ်အလာကလဲ လှနေတဲ့
အလင်္ကာရ တေးကဗျာကို
အတွေးအရာမှာ အင်အားနည်းတယ်လို့
စကားလုံးက မွဲမွဲ
အသုံးအနှုန်းက ရဲရဲ
လှေကွဲစီး ၀ါကျပျက်တွေနဲ့
လက်ဖွာဖွာ ရှက်စရာဖွဲ့နေရင်
ကာရန်မဲ့ ရုံသာမက
ကဗျာဥာဏ်ပါမဲ့ သွားလိမ့်မယ်။
**ကဗျာဖြစ်မှတော့
ကျစ်လျစ်မှု ကြွယ်ဝမှုတော့ ရှိရဦးမှာပေါ့။ ။
** တင်မိုး ** (၄၊ ဇူလိုင်၊ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)
No comments:
Post a Comment