ကျွန်ုပ်ရဲ့ မြေးကလေး သြဂတ်စတင်းဟာ အသက်သုံးနှစ်ကျော်ကျော်မျှသာ ရှိပေမယ့် စကားအလွန်တတ်ပါတယ်။ တစ်ရက်မှာ သူဟာ ဘောလုံးတစ်လုံးနဲ့ လမ်းပေါ်ဆော့ကစားနေတယ်။ ကျနော်က အမြင်မတော်တာကြောင့်…
“ဟေ့ကောင်… မင်းကို ကားတိုက်သွားလို့ ဒုက္ခရောက်နေဦးမယ်၊ လာလာ ပြန်လာခဲ့” လို့ လှမ်းခေါ်လိုက်တယ်။
“ကားကိုများ ဘိုးဘိုးကြီးရာ ကြောက်နေစရာမလိုပါဘူး။ ကားထက်ကြီးတဲ့ လေယာဉ်ပျံကြီးတွေ သားရဲ့ ဦးခေါင်းပေါ်မှာ ဖြတ်ပျံသန်းနေတာတောင် သားဘာမှ မဖြစ်ပါဘူး”လို့ ပြန်ပြောလိုက်ပါတယ်။
** မြဟန်သိန်းမောင် **
(နိုင်ငံတကာ ရယ်စရာဟာသများမှ)
**(နိုင်ငံတကာ ရယ်စရာဟာသများ)**

No comments:
Post a Comment