ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, July 26, 2010

26July,10//ြ မန်မာလူငယ်များပညာချွန်နိုင်ကြပါစေ

> အနောက်နိုင်ငံများအနေနှင့် ၁၅ နှစ်တာကာလအတွင်း မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများကို ပိုမို ထိရောက်မှုရှိစေရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ရာ၌ တိုင်းပြည်အပေါ် ဗိုလ်ကျချယ်လှယ်နေသူများ၏ အကျိုးစီးပွားကို ပိုမိုထိခိုက်စေရန်နှင့် သာမန်ပြည်သူများအပေါ် သက်ရောက်မှု နည်းနိုင်သမျှနည်းစေရန် ရည်ရွယ်၍ ဆောင်ရွက် ကြခြင်း ဖြစ်သည်။

သို့ရာတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော အဖြစ်အပျက် ၂ ခုက ဒဏ်ခတ်အရေးယူမှု၏ ထိရောက်မှုနှင့် ပတ်သက်၍ မေးခွန်း ထုတ်ဖွယ် ဖြစ်လာခဲ့သည်။

သြစတြေးလျနိုင်ငံ ဖက်ဒရယ်တရားရုံးက ဗိုလ်မှူးချုပ် ဇင်ယော်၏ သမီးဖြစ်သူ မဇင်မွန်အေး (အသက်၂၅ နှစ်)အား ပြီးခဲ့သည့် လ၌ ပညာသင်ကြားနေမှုမှ ရပ်ဆိုင်းပြီး ပြည်နှင်ဒဏ်ပေးခဲ့သည်။ စစ်အစိုးရအဖွဲ့ဝင်များနှင့် မိသားစုဝင်များကို သြစတြေးလျနိုင်ငံက နိုင်ငံတွင်းဝင်ရောက်ခွင့် ပိတ်ပင် ထား သဖြင့် ယင်းသို့ ပြစ်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် မေလတုန်းကလည်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏သားဖြစ်သူ ပြည့်ဖြိုးတေဇ က ဥရောပ သမဂ္ဂမှ ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများ ပယ်ဖျက်ပေးရန် ဦးတိုက်လျှောက်ထားမှုကို ဥရောပ တရားရုံးတခုက ပယ်ချ ခဲ့ သည်။ စင်္ကာပူနိုင်ငံတွင် သာမန်ဘွဲ့ရပြီးပါက ဗြိတိန် သို့မဟုတ် ဥရောပ နိုင်ငံတခုခုတွင် ပညာဆက်လက်သင်ကြားနိုင်ရန် အတွက် ၎င်းအနေနှင့် ယင်းသို့ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်ရသည်။

စစ်အစိုးရ အပါအ၀င် ၎င်းတို့နှင့်နီးစပ်သောအသိုင်းအ၀ိုင်းက အနောက်နိုင်ငံများနှင့်ပတ်သက်၍ ဆန့်ကျင်ရေးစကား တသွင်သွင် ပြောနေကြ သော်ငြား သားသမီးများကိုမူ အနောက်နိုင်ငံများတွင် ပညာသင်ကြားစေလိုသည်မှာ လူတိုင်းအသိပင် ဖြစ်သည်။ ၎င်းတို့ သည် အကောင်းတကာ့ အကောင်းဆုံးကို လိုတရနေသူများ ဖြစ်သည့်အတွက် ဤသို့ စဉ်းစားသည်မှာ အထူး အံ့အား သင့်ဖွယ် မဟုတ်ပေ။ ရုရှ၊ တရုတ်နှင့် စင်္ကာပူနိုင်ငံများရှိ တက္ကသိုလ်များသည် စစ်ဗျူရိုကရေစီ ယန္တရား လည်ပတ်ရန် လိုအပ်သည့် နည်း ပညာနှင့် အုပ်ချုပ်မှုဆိုင်ရာ အတတ်ပညာများကို ဆည်းပူးရန် ကောင်းမွန်သည့် နေရာများ ဖြစ်သော်လည်း အတော်ဆုံးနှင့် အထက်မြက်ဆုံး လူတန်းစားတွင် ပါဝင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယူဆထားသော ၎င်းတို့၏ သားသမီးများအား အဆင့်အမြင့်ဆုံး ပညာရေးကို ဖြည့်စွမ်းပေးနိုင်သည့် နေရာများ မဟုတ်ကြချေ။

သို့ရာတွင် သာမန်ပြည်သူ အများစုအတွက်မူ အမှန်တကယ် ပညာသင်ကြားခွင့်ရရေးမှာ အိပ်မက်ပမာ ရှိလှသည်။ လန်ဒန် အခြေ စိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု (International Institute for Strategic Studies) က ၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာနိုင်ငံ၌ တနိုင်ငံလုံးဘတ်ဂျက်၏ ၀.၅ ရာခိုင်နှုန်းကို ပညာရေး ကဏ္ဍ၊ ၀.၄ ရာခိုင်နှုန်း ကို ကျန်းမာရေးကဏ္ဍ တို့တွင် အသုံးပြုသည်ဟု သိရသည်။

ဤပမာဏကို စစ်တပ်အတွက် သုံးစွဲသည့် ၄၀-၆၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက စစ်အစိုးရအနေနှင့် မည်သည့်နေရာများတွင် ဦးစားပေးဆောင်ရွက်နေသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်မည် ဖြစ်သည်။ နိုင်ငံတော်က ထောက်ပံ့ထားသော ပညာရေး စနစ် အတွင်း ၎င်းတို့၏ သားသမီးများ ဆက်လက် ပညာသင်ကြားခွင့်ရရေးအတွက် သက်ဆိုင်ရာကျောင်းများက ကျောင်းသားမိဘများ အား ဖိအားပေး၍ အလှူငွေ မကြာခဏ ထည့်ခိုင်းသည့်အပေါ် စစ်အစိုးရက အခါအားလျော်စွာ ထုတ်ဖော် ပြစ်တင်ကြိမ်းမောင်းလေ့ ရှိသော်လည်း ကလေးသူငယ်များ ပညာသင်ကြားခွင့်ဆုံးရှုံးနေရသည်မှာ စစ်အစိုးရကြောင့်ပင်ဖြစ်သည်ဟု ဆိုပါက မှားအံ့မထင်။

ထို့ကြောင့်ပင် ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့နှင့် နီးစပ်သူများ၏ အခွင့်ထူးခံ သားသမီးများ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များတွင် ပညာ သင်ကြားခွင့် ငြင်းပယ်ခံရသောအခါများ၌ မည်သူမျှ ထူးကဲသည့် သနားညှာတာမှုမျိုး မခံစားရခြင်းဖြစ်သည်။ အမှန်စင်စစ် ဤသို့ ငြင်းပယ်ခံရသည့် အခါမျိုးတွင် ယင်းအခွင့်ထူးခံ သားသမီးများအနေနှင့် မြန်မာပြည်တွင်းရှိ ပညာသင်ကြားခွင့်ပင်မရသည့် သာမန် ကျောင်းသားကျောင်းသူအများစု၏ ဒုက္ခကို အနည်းငယ် မျှဝေခံစား နားလည်သင့်သည်။

မြန်မာနိုင်ငံတွင် အလားအလာရှိသော လူငယ်များ အလျှံအပယ်ရှိနေသော်ငြား ပညာရေး အခွင့်အလမ်းများ ကင်းမဲ့နေသဖြင့် အနာဂတ် ပျောက်နေကြရသည်။ မည်သည့်အတွက်ကြောင့် ကြေးရတတ်အသိုင်းအ၀ိုင်းနှင့် သာမန်ပြည်သူလူထုမှ ပေါက်ဖွား လာသော သားသမီးများအကြား ပညာသင်ကြားခွင့် အခွင့်အလမ်း မတူညီ ဖြစ်နေသင့်သနည်း။

ဤသို့ အခွင့်အလမ်း သာတူညီမျှမရှိခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ်ဟု ယူဆလင့်ကစား သင့်တင့်လျောက်ပတ်သော ပညာ သင် ကြားခွင့် မရခြင်းသည် တိုင်းပြည်အတွက် မည်မျှ အကျိုးသက်ရောက်မှုရှိသည်ကိုမူ စဉ်းစားဆင်ခြင်သင့်သည်။ နိုင်ငံရပ်ခြား၌ ပညာ သင်ကြားခြင်းသည် တရားမ၀င် နည်းလမ်းဖြင့် ရရှိထားသည့် စည်းစိမ်များဖြင့် ဇိမ်ခံသည့် ဘ၀နှင့် အတူတူဖြစ်သည်၊ ဤအရာ သည် ၎င်းတို့၏ မွေးရာပါ အခွင့်အရေးဖြစ်သည်ဟု အထက်တန်းလွှာ သားသမီးများက ယူဆထားပါက မှားယွင်းမည်ဖြစ်သည်။

အကောင်းဆုံးပညာရေးဆိုသည်မှာ ကျောင်းသားကျောင်းသူများ၏ စဉ်းစားနိုင်စွမ်းကို ပြုပြင်ပြောင်းလဲနိုင်ယုံမျှ သာမကဘဲ ၎င်းတို့၏ လူ့အဖွဲ့အစည်းအတွင်း အမှန်တကယ်အပြောင်းအလဲ ဖြစ်လာစေရန် နည်းလမ်းများ စဉ်းစားရာတွင်လည်း များစွာ အထောက်အကူ ပြုသည့်အရာ ဖြစ်သည်။ အကယ်၍ ဗိုလ်ချုပ်ကြီးတဦး၏ သား သို့မဟုတ် သမီးသည် အနောက်နိုင်ငံတခုခု၌ ပညာသင်ကြား၍ ဒီမိုကရေစီတန်ဖိုးများကို နက်နက်ရှိုင်းရှိုင်းသိမြင်လာပါက ဤအရာသည် ကောင်းမွန်သည့်အရာပင် ဖြစ်သည်။ အကယ်၍ ယင်း အသိအမြင် ဗဟုသုတများကို ၎င်းတို့၏ မိတ်ဆွေများနှင့် မိဘများထံ လက်ဆင့်ကမ်းနိုင်ပါက ပို၍ပင်ကောင်းသည်ဟု ဆိုရပေလိမ့်မည်။

တချိန်တည်းမှာပင် မိဘများ၏ အပြစ်အတွက် သားသမီးများကို အပြစ်ပေးခြင်းသည် တရားမျှတမှု ရှိ မရှိ မေးခွန်းထုတ်သင့်သည်။

မဇင်မွန်အေး အမှု၌ သူ့ရှေ့နေက ၎င်း၏အမှုသည် သည် “အပြစ်မရှိသောကိစ္စအတွက် အပြစ်ပေးခံရခြင်းဖြစ်သည်” ဟု စောဒက တက်ခဲ့သည်။ “လူမဆန်သည့် မြန်မာစစ်အစိုးရနှင့် ဖခင် ပတ်သက်မှုရှိသောကြောင့် မဇင်မွန်အေး သည် မိဘများနှင့် ခပ်ခွာခွာ နေထိုင်ခဲ့သည့်အပြင် မိဘများကို ငွေရေးကြေးရေးအရ မှီခိုနေသူလည်း မဟုတ်ပါ”ဟုပင် ရှေ့နေက အခိုင်အမာ ထုချေလွှာ တင်ခဲ့ သေးသည်။

အကယ်၍ ရှေ့နေလျှောက်လဲချက် မှန်ကန်ပါက မဇင်မွန်အေးအား သြစတြေးလျနိုင်ငံမှ ပြည်နှင်ဒဏ်ပေးလိုက်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးငြင်းခုံရန် ပို၍ပင် ခက်ခဲပေလိမ့်မည်။ သို့သော် အပြစ်ရှိ မရှိနှင့်ပတ်သက်၍ ကောက်ချက်မဆွဲမီ သိထားသင့် သည့် အရာများလည်း ရှိသေးသည်။ ယင်းတို့မှာ တရားရင်ဆိုင်ခွင့် အခွင့်အလမ်း ပေးခဲ့ခြင်းနှင့် မဇင်မွန်အေး အနေဖြင့် အားလုံး လက်ခံလာရန် မစည်းရုံး မဆောင်ရွက်နိုင်ခဲ့ခြင်းတို့ ဖြစ်သည်။

မြန်မာ့ လူ့အဖွဲ့အစည်း အထက်လွှာရှိ အခြားသော လူငယ်များအနေနှင့် ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ အကျိုးကျေးဇူးများအား ၎င်းတို့ ခံစားထိုက်ကြောင်းကို အများကလက်ခံလာစေရန် အတတ်နိုင်ဆုံး ကြိုးပမ်းသင့်သည်ဟု လေးလေး နက်နက် အားပေး တိုက်တွန်းလိုသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၌ ပညာတတ်များ များသည်ထက်များများ လိုအပ်နေသောကြောင့်ဖြစ် သည်။ ၎င်းတို့အနေနှင့် ကိုယ့်ထက် အခွင့်အလမ်းနည်းပါးသူများ နိုင်ငံရပ်ခြားပညာတော်သင်ဆုရရန် မည်သို့ ခက်ခက်ခဲခဲ ကြိုးပမ်း အားထုတ်ရသည်ကို သင်ခန်းစာယူ၍ လိုချင်သည့်အရာများ လက်ထဲရောက်လာလိမ့်မည်ဟု မျှော်လင့်နေမည့်အစား လိုချင်သည့် အရာကို ရရန် မည်သို့ကြိုးပမ်းယူရမည်ကို လေ့လာဆည်းပူးသင့်သည်။

အကယ်၍ ကြိုးပမ်းအားထုတ်မှုတွင် အောင်မြင်မှုမရှိဘဲ ရှုံးနိမ့်ခဲ့ရသော်ငြား ၎င်းတို့အနေနှင့် တန်ဖိုးရှိသည့် သင်ခန်းစာတရပ်ကို ထုတ်ယူနိုင်သေးသည်။ ယင်းမှာ ဤသို့ ရှုံးနိမ့်ရခြင်းသည် ၎င်းတို့ကို အိမ်ရှင်အဖြစ်လက်ခံမည့် နိုင်ငံများ၏ ဥပေဒများကြောင့် မဟုတ်ဘဲ စစ်အစိုးရ၏ နိုင်ငံနှင့် လူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှုများနှင့် ရက်စက်ကြမ်းကြုတ်သည့် မူဝါဒများကြောင့်သာ ဖြစ်သည် ဆိုသော အချက်ဖြစ်သည်။

(Are 'Smart' Sanctions Making Burmese Dumber? ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။)

**Silver Moon**

အနောက်နိုင်ငံများအနေနှင့် ၁၅ နှစ်တာကာလအတွင်း မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများကို ပိုမို ထိရောက်မှုရှိစေရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ရာ၌ တိုင်းပြည်အပေါ် ဗိုလ်ကျချယ်လှယ်နေသူများ၏ အကျိုးစီးပွားကို ပိုမိုထိခိုက်စေရန်နှင့် သာမန်ပြည်သူများအပေါ် သက်ရောက်မှု နည်းနိုင်သမျှနည်းစေရန် ရည်ရွယ်၍ ဆောင်ရွက် ကြခြင်း ဖြစ်သည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)