ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် နယူးယောက်မြို့ရှိ ကုသမဂ္ဂရုံး၌ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ဇူလိုင်လ ၇-ရက်နေ့က တွေ့ဆုံကာ အရှေ့အလယ်ပိုင်းကိစ္စများ၊ ဂါဇာကမ်းမြောင်ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးကြောင်း ဇူလိုင်လ ၈-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ရုရှားအတွက် လူလျှိုလုပ်ပေးသူ ၁၁-ဦးအား ဖမ်းဆီး **
အမေရိကန်၌ ရုရှားနိုင်ငံအတွက် သူလျှိုလုပ်ပေးသူဟု သံသယရှိသူ ၁၁-ဦးအားဖမ်းဆီးခဲ့ကြောင်း နယူးယောက်မြို့ ရဲတပ်ဖွဲ့က ဇူလိုင်လ ၈-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** အိန္ဒိယအရှေ့မြောက်ပိုင်း၌ ရတားဗုံးပေါက်ကွဲ **
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ဇူလိုင်လ ၈-ရက်နေ့နံနက်က ခရီးသည် တင်ရထားတစ်စင်းအား လက်နက်ကိုင်အုပ်စုတစ်ခုက ဗုံးခွဲတိုက်ခိုက်မှုကြောင့် ခရီးသည် ၈-ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရသူများတွင် ရထားမောင်းသူလည်း ပါဝင်ကြောင်း အိန္ဒိယရဲအရာရှိတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
** နီပေါအပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးဆောင်ရွက် **
နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူရှိ တီရီဘူဗန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးအတွက် နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခတ္တမန္ဒူပို့စ် သတင်းစာ၌ ဇူလိုင်လ ၈-ရက်နေ့က ဖော်ပြသည်။ (အင်တာနက်)
** တရုတ်နိုင်ငံအလယ်ပိုင်း၌ ကျောက်မီးသွေးတွင်း ပေါက်ကွဲ **
တရုတ်နိုင်ငံအလယ်ပိုင်း ကျန်ဟီခရိုင်အတွင်းရှိ ကျောက်မီးသွေးတွင်း တစ်တွင်း ဇူလိုင်လ ၈-ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားရာ မိုင်းလုပ်သမားလေးဦး သေဆုံးပြီး ၃၄-ဦးဒဏ်ရာရရှိခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** လော့စ်အိန်ဂျလိစ်မြို့၌ ငလျင်လှုပ် **
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလ်စ်မြို့တွင် ဇူလိုင်လ ၇-ရက်နေ့ ညပိုင်းက ရစ်ခ်ျတာစကေး ၅ ဒသမ ၉ ရှိ ငလျင်လှုပ်ခဲ့ရာ အဆောက်အအုံများ ယိမ်းထိုးလှုပ်ခါခဲ့ကြောင်း ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း အမေရိကန် ဘူမိဗေဒအရာရှိများက ဇူလိုင်လ ၈-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်း အနည်းငယ်မြင့်တက် **
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိရာ တရုတ်နိုင်ငံဟောင်ကောင်ဈေးကွက်၌ ဇူလိုင်လ ၈-ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၀၅ ဒသမ ၂၅ ဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** နာဆာက ဆိုင်ကလုန်း သုတေသနယာဉ်လွှတ်တင်မည် **
အမေရိကန်နိုင်ငံ ဟာရီကိန်းအခြေစိုက်ဌာန၏ ပထမဆုံးဆောင်ရွက်မှုအဖြစ် နာဆာက တာဝန်ယူစေလွှတ်မည့် ဆိုင်ကလုန်း သုတေသနယာဥင်္ သုံးစင်းကို လာမည့် သြရုတ်လ ၁၅-ရက်နေ့တွင် ဝေဟင်သို့လွှတ်တင်မည်ဖြစ်ကြောင်း နာဆာက ဇူလိုင်လ ၈-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ပြန်လည်သုံးသပ် ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ရန် နိုင်ဂျီးရီးယားနိုင်ငံ အုပ်ချုပ်မှုကောင်စီက အမိန့်ထုတ်**
နိုင်ဂျီးရီးယားနိုင်ငံသည် မိတ်ဖက်နိုင်ငံများနှင့် သဘောတူညီမှုများ ရရှိခဲ့ရာ ယင်းသဘောတူညီမှုအားလုံးကို အကောင်အထည်ဖော်ရေး ပြန်လည်သုံးသပ် ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ရန် နိုင်ဂျီးရီးယားနိုင်ငံ အုပ်ချုပ်မှုကောင်စီက ဇူလိုင်လ ၈-ရက်နေ့၌ အမိန့်ထုတ်လိုက်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ကုလအတွင်းရေးမှူးချုပ်နှင့် အစ္စရေးဝန်ကြီးချုပ် ဆွေးနွေး **

No comments:
Post a Comment