ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘရာဇီးနှင့် နယ်သာလန်တို့ပွဲတွင် ကွင်းလယ်ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်အချို့ကို မိမိ နားမလည်ကြောင်း အံ့သြစရာကောင်းကြောင်း မိမိမခံစားနိုင်အောင်ဖြစ်ရကြောင်း ဘရာဇီးနည်းပြ ဒွန်ဂါက ပြောကြားသည်။ (အင်တာနက်)
** သင်ခန်းစာတစ်ရပ်ဖြစ်ကြောင်း စပိန်နည်းပြ ပြောကြား **
ဘရာဇီးအသင်းကို နယ်သာလန်တို့က အနိုင်ကစားသွားသည့်ဖြစ်ရပ်မှာ မိမိလုံးဝမမျှော်လင့်ထားသည့် ကိစ္စဖြစ်ကြောင်း၊ သင်ခန်းစာအဖြစ် မှတ်ယူရမည့်ပွဲဖြစ်ကြောင်း စပိန်နည်းပြ ဘော့စကွီးက ဇူလိုင်လ ၃-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
** နှစ် ၄၀-အတွင်း မှတ်တမ်းသစ်တင်နိုင်ဟုဆို **
ဥရုဂွေးအသင်းသည် ဂါနာကို အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်းမှာ နှစ် ၄၀-အတွင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခြင်ဖြစ်ကြောင်း ဥရုဂွေးတိုက်စစ်မှူး ဖော်လန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဇူလိုင်လ ၃-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
** မမျှော်လင့်သော ဖြစ်ရပ်ဟု ဂါနာတိုက်စစ်မှူး ပြောကြား **
ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဥရုဂွေးနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲ၌ ပယ်နယ်တီလွဲချော်ရမှုမှာ မမျှော်လင့်သော ကြုံတွေ့မှုဖြစ်ပြီး ပြင်ဆင်မှု အသင့်ဖြစ်မနေခဲ့ကြောင်း ဂါနာတိုက်စစ်မှူး ဂျီယန်က ဇူလိုင်လ ၃-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** အကြိုဗိုလ်လုပွဲ၌ အာဖရိကမီဒီယာသမား ၅၀၀ ကြည့်ရှုမည် **
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲ အကြိုဗိုလ်လုပွဲတွင် အာဖရိကမှ မီဒီယာသမား ၅၀၀ ကိုကြည့်ရှုနိုင်ရန် အမ်တီအင်မီဒီယာအုပ်စု စပွန်ဆာပေးထားကြောင်း အာဖရိကဘောလုံးအဖွဲ့ချုပ်က ဇူလိုင်လ ၃-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** အာဖရိကအသင်းများ အကြိုဗိုလ်လုပွဲရောက်သင့် **
အာဖရိကတိုက်၌ ကျင်းပသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အာဖရိကအသင်းများ အနည်းဆုံးအကြိုဗိုလ်လုပွဲတက်ရောက်သင့်ကြောင်း အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒရော့ဘာက ဇူလိုင်လ ၃-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ဂါနာအနိုင်ရခဲ့သည်ဟု ခံစားမိကြောင်း နည်းပြပြောကြား **
မိမိတို့အသင်း ပယ်နယ်တီအဆုံးအဖြတ်ယူခဲ့ရပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသော်လည်း မိမိတို့ အနိုင်ရရှိခဲ့သည်ဟု စိတ်ထဲခံစားမိကြောင်း ဂါနာနည်းပြ ရာဂျီဗက်က ဇူလိုင်လ ၃-ရက်နေ့တွင် သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာဟိန်း **
** အံ့သြစရာကောင်းသည့် ဆုံးဖြတ်ချက်များ ဒိုင်လူကြီးများ ပြုလုပ်ဟုဆို **

No comments:
Post a Comment